ကျောက်ဖြူမြို့ သဲစုပ်ကန်တွင် လူတစ်ဦးသေဆုံး၍တွေ့ရှိ

ကျောက်ဖြူမြို့ သဲစုပ်ကန်တွင် လူတစ်ဦးသေဆုံး၍တွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်ရဲ့အောက်ဘက် မြစ်နားသဲသောင်ပြင် သဲစုပ်ကန်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၄ နာရီခန့်က လူတစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ စစ်တွေမြို့နယ်မှ ဦးမောင်လှိုင် အသက်(၄၀)ကျော် အရွယ်ဖြစ်ပြီး ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိုက်ရပ်ကွက်၊ ဆားပြင်ကွင်းတွင်နေထိုင်ကာ ငါးဖမ်းစက်လှေတွင် အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ဦးမောင်လှိုင်သည် ရခိုင်ပိုက်ဆိုက်ရပ်ကွက်၊ ဆားပြင်ကွင်းတွင် နေထိုင်တာ တစ်လခန့် ရှိပြီဟု သိရသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်း ကြည့်ရာ စက်လှေပေါ်က ပြုတ်ကျပြီးသေဆုံး သွားခြင်း ဖြစ်နိုင်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။

“သေဆုံးသူ စစ်တွေမြို့နယ်က ဖြစ်တယ်။ စက်လှေပေါ်မှာ ညအိမ်တယ်လို့ သိရတယ်။ စက်လှေက ပြုတ်လို့ သေဆုံးတာဖြစ်နိုင်တယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ငါးဖမ်းစက်လှေပိုင်ရှင် ဦးဇော်လင်း၏ စက်လှေတွင် ညအိပ်၍ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းငါးဖမ်း စက်လှေဘေးနားက သဲစုပ်ကန်အိုင်မှာ သေဆုံးနေကြောင်း ဒေသခံတွေက ပြောသည်။

လွန်ခဲ့သော လေးလခန့်ကလည်း သဲစုပ်ကန်တွင်းသို့ ပြုတ်ကျ ၍ နွားလှည်းမှ နွားတစ်ကောင် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

မြစ်နားသဲသောင်ပြင်တွင် သဲစုပ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျောက်ဖြူဒေသခံများ အကြားမှာ ဝေဖန်မှုများ တိုးပွားနေကြောင်း သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...