ကျောက်ဖြူမြို့တွင် အမည်မသိသူတစ်ဦးကို ကြိုးဆွဲချသေဆုံး၍ တွေ့ရှိ

ကျောက်ဖြူမြို့တွင် အမည်မသိသူတစ်ဦးကို ကြိုးဆွဲချသေဆုံး၍ တွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ချောင်းဝအုပ်စု၊ အူချေကျေးရွာအနီး ကားလမ်းမဘေးတွင် ဒီဇင်ဘာ ရ ရက်နေ့၊ နံနက် အမည်မသိသူ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

ကြိုးဆွဲချသူသည် ခဲရောင် အနွေးထည် အကျႌကို ကြိုးအဖြစ် အသုံးပြု၍ အူချေ ကျေးရွာအနီး အထက် ပျားတဲတောင်ရွာ အဝင် ကားလမ်းမဘေး ပေ (၁ဝဝ) ခန့်အကွာတွင် တည်ရှိသော သရက်ပင် အကိုင်းတွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေရွှေမောင်က ကြိုးဆွဲချ သေဆုံးနေသည်မှာ ဟုတ်မှန်ကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ဒီကနေ့ နံနက်စောစော ရ နာရီလောက်က ကျောင်းတက်ဖို့သွားတဲ့ ကောင်လေးတစ်ယောက် မြင်တော့ ရွာက လူတွေကို လာခေါ်တယ်။ အဲဒီအချိန်မှ ကျွန်တော်တို့ သိရတာ။ ကျွန်တော်တို့ ရွာကတော့ မဟုတ်ဘူး။ ဘယ်ဒေသကလူဆိုတာလည်း မသိဘူး။ တခြား ရွာက လူတွေ မေးကြည့် တော့လည်း ဘယ်ကမှန်း မသိကြဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။

၎င်းကြိုးဆွဲချ သေဆုံးနေသူသည် အသက်(၃၀)အရွယ်ခန့် ညာဘက်ပါးပြင်တွင် မှဲ့ရှိပြီး အရပ် ၅ပေ ၅လက်မခန့်ရှိ အမျိုးသားတစ်ဦးဖြစ်သည်ဟု ရဲက ပြောသည်။

အခင်းဖြစ်ပွားရာ အနီးရှိ မင်းပြင်ရဲစခန်းသို့ နိရဥ္စရာက ဆက်သွယ်ရာ စခန်းမှူးက အမည်မသိ သေဆုံးနေသူ အလောင်းကို စစ်ဆေးချက်အရ မိမိကိုယ်ကို မိမိ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်သည်ဟု ယူဆရကြောင်း ပြောဆိုသည်။

“ဘောင်ဘီ ခါးကြားမှာ ဂတ်စ်မီးခြစ်တစ်လုံး ညှပ်ထားတာကို တွေ့ရတယ်။ ဒဏ်ရာတွေလည်း မတွေ့ရဘူး။ ရဲရဲ့ အလုပ်ခန်း အတွေ့အကြုံအရတော့ မိမိကိုယ်ကိုယ်ကြိုးဆွဲချ သေဆုံးတယ်လို့ ယူဆရပါတယ်။ ပါးစပ်ကလည်း အရည်ကျနေတယ်။ သေးတွေ လည်း ထွက်နေတယ်။ လက်သီးလည်း ကုတ်နေတာ တွေ့ရတယ်“ဟု မင်းပြင် ရဲစခန်းမှူးက ပြောသည်။

အမည်မသိသူ၏ အလောင်းကို ထိုနေ့၊ နံနက် ၁၀ နာရီခန့်တွင်  ကျောက်ဖြူဆေးရုံသို့ ပို့ဆောင် လိုက်သည်ဟု သိရသည်။ ကျောက်ဖြူဒေသတွင် ကြံုရာကျပန်း အလုပ် လုပ်ကိုင်နေသူ အများအပြား ရှိနေပြီး ရခိုင်ပြည်နယ်အတွင်း သာမက ပြည်မမှပါ လာရောက်လုပ်ကိုင် နေသူများလည်း ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ဆင်ဘုတ်အုပ်စု၊ ငပုချွိန် ကျေးရွာမှ အသက်(၂၅)နှစ် အရွယ် မောင်လပြည့်အောင် ကြိုးဆွဲချ သေဆုံးခဲ့သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...