ရန်ကုန် ရခိုင်ပြည်နယ်နေ့ ကျင်ရွှေမောင်းတန်း ပထမဆု ရွှေအလေးချိန် တစ်ကျပ်သား ချီးမြှင့်မည်

ရန်ကုန် ရခိုင်ပြည်နယ်နေ့ ကျင်ရွှေမောင်းတန်း ပထမဆု ရွှေအလေးချိန် တစ်ကျပ်သား ချီးမြှင့်မည်
by -
နိရဥ္စရာ
ရန်ကုန်မြို့တွင် ကျင်းပမည့် (၄၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ရခိုင်ရိုးရာကျင်ပွဲတွင် ပထမ ရွှေမောင်းတန်း ဆုရသူကို ရွှေကျပ်ချိန် တစ်ကျပ်သား ချီးမြှင့်သွားမည်ဟု သတင်းရရှိသည်။

ရွှေမောင်တန်း ဒုတိယဆုကို ရွှေ ၁၂ ပဲသား၊ ငွေမောင်းတန်း ပထမဆုကို ရွှေ ၁၂ ပဲသား၊ ငွေမောင်းတန်း ဒုတိယဆုကို ရွှေ ၈ ပဲသား ချီးမြှင့်သွားမည် ဖြစ်ပြီး  ရွှေမောင်းတန်း၊ ငွေမောင် အထူးဆုများကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့၊ နေ့လည် ၂ နာရီက ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်သည့် ပွဲကျင်းပရေး ကော်မတီ၏ စာနယ်ဇင်းရှင်းလင်းပွဲတွင် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင်က ရခိုင်ကျင်ပွဲနှင့် ပတ်သက်ပြီး ထိုသို့ ရှင်းလင်းပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နေ့ အကြို ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို သာကေတမြို့နယ်၊ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ စနေနေ့ နံနက် ၈ နာရီမှ စတင်ကာ ကျင်းပသွားမည်ဟု ဦးအေးမောင်က ဆိုသည်။

ဖွင့်ပွဲအခမ်းအနားနှင့်အတူ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ခေါင်းအုံးသတ်ပွဲ၊ ရခိုင်ရိုးရာ အမှတ်တရ ပစ္စည်းများ နှင့် ရခိုင်ရိုးရာ အစားအစာများ ရောင်းချပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီမှ စတင်ကာ Lady’s heart မှ သရုပ်ဆောင် “မြပွင့်ဖြူ” ဦးဆောင်သည့် Dencer အဖွဲ့၏ ရခိုင် ခေတ်လေးခေတ် ဝတ်စားဆင်ယင်မှုတင်ဆက်မှုနှင့် အတူ ရခိုင် တေးသံရှင်များ ဖြစ်သည့် ကိုသန်းမောင်၊ ကိုညီအေး၊ ကိုသိန်းဇံ၊ မြတ်ခိုင်ကျော်၊ ဝင်းကိုခိုင်၊ ခိုင်မြတ်မင်း၊ ညီမင်းခိုင်၊ ဒိုးအ်ရီ၊ မင်းမင်း၊ ရဲရင့်၊ စိမ်းလဲ့လဲ့၊ ရတနာမိုင်၊ ခင်သက်စု၊ ဇင်မာထွန်း၊ မိချော၊ ရွှေစံမိုးမြင့်၊ ဇင်ချစ်၊ ဆုသျှားသဇင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။ ရခိုင်စတိတ်ရှိုးခုံ လက်မှတ် တစ်စောင်ကို ၅ဝဝဝ ကျပ် ဖြင့် ရောင်းချသွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒီဇင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ပြည်နယ်နေ့ အကြို ပျော်ပွဲရွှင်ပွဲတွေ လုပ်ရ တာဟာ အများပြည်သူ အလုပ်ပိတ်ရက် ဖြစ်သလို ရခိုင်ပြည်နယ်နေ့ကို စိတ်ဝင်စားတဲ့ တခြား တိုင်းရင်းသား တွေလည်း လာရောက်လေ့လာနိုင်အောင် အတွက် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် ဓမ္မာရုံမှာ စာတမ်းဖတ်ပွဲကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...