“ရဲစခန်းမှာ တရားစွဲဆိုတာ မှန်ကန်ပါတယ်။ ကျွန်တော်ကို ခေါ်စစ်တဲ့အတွက် သွားရောက်ရှင်းပြီးပြီ ဖြစ်ပါတယ်။ သူတို့က ရွေးကောက်ပွဲကော်မရှင်ကို အရင်တိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဘာမှ မလုပ်တော့ ရွေးကောက်ပွဲမှာ တကယ်ရှုံးတဲ့အခါ ရဲကို တိုင်ပါတယ်။ ရဲက ပုဒ်မ ၅၇ နဲ့ အမှုဖွင့် ထားပါတယ်”ဟု ဦးကျော်ရွှေက ပြောဆိုသည်။
ဖြစ်ပုံနှင့် ပတ်သက်ပြီးလည်း ဦးကျော်ရွှေက ယခုလို ပြောသည်။
“ရမ်းဗြဲမြို့နယ် ဇရပ်ပြင်အုပ်စုမှာ နိုဝင်ဘာ ၅ ရက် ရနာရီခွဲလောက် ကြိုတင်မဲကောက်ပါတယ်။ အဲဒီမှာ ကျေးရွာကော်မရှင် ၁၁ ယောက်ရှိတဲ့ အထဲမှာ လူ ၄ ယောက်ဘဲ ပါတယ်။ ကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင် စားရေးနဲ့ ဇရပ်ပြင် နှစ်ဦးပဲ ပါတယ်။ ကျန်တဲ့ လူတွေက မပါဘူး။ အဲဒါနဲ့ ကျွန်တော်က စိတ်မချတဲ့အတွက် နောက်က လိုက်ပါသွားခဲ့တယ်။ ကြိုတင်မဲ ကောက်တဲ့အခါ ကြိုတင်မဲထည့်ဖို့ ပုံးတွေ လုံးဝ မပါဘူး။ မဲပြားတွေကို စာအိတ်ထည့်ပြီး ချိတ်ပိတ်ပါတယ်။ ချိတ်ပိတ်တာကိုလည်း နားမလည်တော့ စာအိတ်က ပိတ်လိုက်၊ ကွာလိုက် ဖြစ်နေတော့ ကျွန်တော်က ကူပိတ်ပေးပါတယ်။ ချိတ်ပတ်တဲ့ စာအိတ်မှာလည်း ဘေးနာက ကျွန်တော် လက်မှတ်နဲ့ ဆီးလ်တံဆိပ်ကို ရိုက်နှိပ်ပါတယ်။ လူတွေ မဖွင့်နိုင်အောင်အတွက် လိုက်လုပ်ပေးတာပါ။ ဒါကို သူတို့က တရားစွဲဆိုတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။
တရားစွဲဆိုသူမှာ ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်က ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးကျော်ခင်၏ ကိုယ်စားလှယ် ဦးလှထွန်းဖြူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်မြင့်အား ဆက်သွယ်ရာ တရားစွဲဆိုခြင်းမှာ မှန်ကန်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခရိုင်ကော်မရှင်သို့ တင်ပြထားပြီး ထိုမှတဆင့် ပြည်နယ် ကော်မရှင်သို့ ဆက်လက် တင်ပြထားသည်ဟု သူက ပြောဆိုသည်။
လာမည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အမှုကို ကြားနာစစ်ဆေးမည်ဟု သိရသည်။







