ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ် မြို့နယ် ၁၃ ခုတွင် အနိုင်ရ

ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ် မြို့နယ် ၁၃ ခုတွင် အနိုင်ရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)သည် ရခိုင်ပြည်နယ် ၁၃ မြို့နယ်တွင် အနိုင်ရရှိခဲ့ သည်ဟု ရခိုင်အမျိုးသားပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

“မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေ အအပါအဝင် မြို့နယ် ၁၃ ခုမှာ အနိုင်ရရှိခဲ့ပါတယ်”ဟု သူက ဆိုသည်။

ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနှင့် ရမ်းဗြဲတို့တွင် လွှတ်တော် ၄ ရပ်လုံးတွင် တစ်ခဲနက် အနိုင်ရရှိခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် သုံးနေရာစီ အနိုင်ရရှိခဲ့သည်။

အနောက်ပိုင်းတိုင်း စစ်ဌာချုပ် တည်ရှိရာ ကြံ့ခိုင်ရေး ပါတီ ခံကတုတ်ဟု အများက သတ်မှတ်ထား သော အမ်းမြို့နယ်တွင်လည်း အမျိုးသားလွှတ်တော်နေရာတွင် ရခိုင်အမျိုးသားပါတီမှ ဒေါ်ထုမေနှင့် ပြည်နယ် အမှတ် (၂) နေရာတွင် ဦးခင်မောင်ဌေးတို့က အနိုင်ရရှိခဲ့သည်။

“ရခိုင်ပြည်သူတွေအနေနဲ့ရခိုင်အမျိုးသားရေး၊တိုင်းရင်းသားအရေး၊ ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တခဲနက်မဲပေးခဲ့ကြတယ်လို့ယုံကြည်ပါတယ်။ ရခိုင်အမျိုးသား ပါတီကို ယုံကြည်လို့မဲပေးခဲ့ကြတဲ့ ရခိုင်ပြည်သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲ အပြီး ရန်ကုန်သို့ ပြန်လာသူ ဦးအေးသာအောင်က ရန်ကုန် လေဆိပ်တွင် ထိုသို့ ပြောဆိုသည်။

၎င်းပြင် သူက “ဘူးသီးတောင်၊မောင်တော ဘက်တွေမှာ အနိုင်ရခဲ့သလို  တခြားနေရာ အတော်တော် များများမှာလည်း အနိုင်ရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် သံတွဲ၊တောင်ကုတ်၊ ဂွနဲ့ မာန်အောင်မှာ NLD က အနိုင်ရသွားတဲ့နေရာတွေ အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောမှလည်း သူယှဉ်ပြိုင်ခဲ့သော မြောက်ဦးမြို့ နယ်တွင် နေရာအားလုံးကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မာန်အောင် မြို့နယ်တို့တွင် လွှတ်တော် လေးရပ်စလုံးတွင် အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေး ပါတီမှာမူ အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ၊ အမ်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ပြည်နယ် လွှတ်တော် သုံးနေနရာ စုစုပေါင်း ၄ နေရာသာ အနိုင်ရရှိခဲ့သည်ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...