ရခိုင်ကို ကိုယ်စားပြုသည့် အသံတစ်သံ ရှိရန်လိုအပ်၍ ANP သည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ရန် လိုအပ်သည်ဟု ဝင်းကိုခိုင်ပြော

ရခိုင်ကို ကိုယ်စားပြုသည့် အသံတစ်သံ ရှိရန်လိုအပ်၍ ANP သည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ရန် လိုအပ်သည်ဟု ဝင်းကိုခိုင်ပြော
by -
နိရဥ္စရာ
ရခိုင်လူမျိုးကို ကိုယ်စားပြုသည့် အသံတစ်သံရှိရန် လိုအပ်၍ ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ရန် လိုအပ်သည်ဟု ရခိုင်အမျိုးသားပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တွင် ရခိုင်သီချင်များဖြင့် ဖျော်ဖြေနေသူ နာမည်ကြီးရခိုင်အဆိုတော် ဝင်းကိုခိုင်က ပြောသည်။

“ရခိုင်လူမျိုးကို ကိုယ်စားပြုတဲ့အသံတစ်သံရှိဖို့၊ ရခိုင်ပြည်နယ်အစိုးရတစ်ရပ်ကိုဖွဲ့နိုင်ဖို့၊ ရခိုင်လူမျိုး ဘက်က မားမားရပ်တည်ပေးဖို့အတွက် ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ဖို့ လိုအပ်ပါတယ်”ဟု ဝင်းကိုခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကိုဝင်းခိုင်သည် ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေးအတွက် ရန်ကုန်မြို့တွင် ဖျော်ဖြေပေးခဲ့သည့် အပြင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျိန ္တလီတို့တွင်လည်း ဖျော်ဖြေခဲ့ပြီး၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကမ်းထောင့်ကြီး၊ ၆ ရက်နေ့တွင် ငပလီတွင် နောက်ဆုံးဖျော်ဖြေမှု ပြုလုပ်မည်ဟု သိရသည်။

“ကျွန်တော့်ရဲ့ ဂီတဖန်တီးမှုနဲ့ ပတ်သက်ပြီး ရခိုင်လူမျိုးတွေအတွက် အသုံးဝင်မှုတွေ ရှိလာတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော် ဒီထက်မက ဖန်တီးချင်ပေမယ့် ငွေကြေးမပြည့်စုံတဲ့အတွက် အားမရပါ။ ဒါပေမယ့် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ခဝါမချသေးပါဘူး”ဟု ဝင်းကိုခိုင်ကပြောသည်။

ရခိုင်ရိုးရာဝတ်စုံကို သူများထက်ထူးကဲစွာဝတ်စားဆင်ယင်မှုသည် သူ၏ ဂန္ဓမြောက်သော ဖက်ရှင် ဖြစ်သည်ဟု ပြောသည်။

“ရခိုင်ရိုးရာဝတ်စုံကို ဒီလိုမျိုးအဆင့်မြင့်မြင့် ဝတ်စားဆင်ယင်ခြင်းဟာ ကျွန်တော့်ရဲ့ ဂန္ဓဝင်မြောက် ဖက်ရှင်ဖြစ်ပြီးတော့ ကျွန်တော့်ကို ဖမ်းစားထားပါတယ်။ အဲ့တာကြောင့် ကျွန်တော့်ဂီတကလည်း နောက်ပိုင်းမှာ Pop Classical ပြောင်းလာသလိုပဲ ဝတ်စားဆင်ယင်မှု ဖက်ရှင်ကိုလည်း ရွေးလာရပါ တယ်။ ကျွန်တော်တို့ လူမျိုးတွေမှာ အဲ့ဒီလို အထက်တန်းကျတဲ့ အမျိုးသားရေးလက္ခဏာတွေ ရှိနေတဲ့ အတွက် ဂုဏ်ယူပါတယ်။ အဲ့ဒါကြောင့် သီချင်းဆိုတဲ့အခါ ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်ရိုးရာအဝတ်အစားကို မူလထက်ကြည့်ကောင်းအောင်၊ ဖန်တီးပြီး ဝတ်ဆင်တာဖြစ်ပါတယ်”ဟု သူက ပြောသည်။

ယင်းသို့ရခိုင်ရိုးရာဝတ်စုံကို အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ရခြင်းမှာ ရခိုင်လူမျိုးတို့အတွက် ရုပ်ပိုင်း ဆိုင်ရာ ပုံသဏ္ဍာန် Image ပုံရိပ်ကောင်းတစ်ခု အလွန်အရေးကြီးသည့်အတွက် ဖြစ်သည်ဟု ပြောသည်။

ရခိုင်နာမည်ကြီးအဆိုတော် ဝင်းကိုခိုင်သည် မဟာနွယ်သီချင်းဖြင့် ရခိုင်ပြည်နယ်တွင်သာမက မြန်မာ တစ်နိုင်ငံလုံးတွင် နာမည်ကြီးနေသော ရခိုင်အဆိုတော်တစ်ဦးဖြစ်သည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...