ကျောက်ဖြူတွင်ခွေများကို သုတ်သင်သော်လည်း တစ်နေ့တည်း လူ ၁၁ ဦး ခွေးရူး ကိုက်ခံရ

ကျောက်ဖြူတွင်ခွေများကို သုတ်သင်သော်လည်း တစ်နေ့တည်း လူ ၁၁ ဦး ခွေးရူး ကိုက်ခံရ
by -
နိရဥ္စရာ
ဩဂုတ်လ အတွင်းက ကျောက်ဖြူတွင် ခွေးများကို ယခုလို အဆိပ်ချ ရှင်းလင်းခဲ့သည်။

ကျောက်ဖြူမြို့တွင်ခွေးများကို အဆိပ်ချ သတ်ဖြတ်မှုများ ရှိသော်လည်း နိုဝင်ဘာလ ၄ရက်နေ့ တစ်နေ့ အတွင်း  လူပေါင်း ၁၁ဦး ခွေးရူးကိုက်ခံရ၍ ဆေးရုံတွင် တင်ထားရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၄ ရက် နေ့လည် ၁၂ နာရီခန့်မှ ညနေ ရ နာရီ အတွင်း လူပေါင်း (၁၁)ဦး ခွေးရူးကိုက်ခံရ၍ ဆေးကုသနေ ရကြောင်း ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးသန်းလွင်က ပြောသည်။

“ခွေးရူးကိုက်ခံရတဲ့ (၁၁)ယောက်မှာ (၉)ယောက် ဆေးရုံတက်ပြီးကုသတယ်။ ကျန်တဲ့(၂) ယောက် ကတော့ အပြင်ဆေခန်းမှာပဲ ကုသခဲ့တယ်။ ကာကွယ်ဆေးတော့ ထိုးထားပြီးပြီး။ ကုသဆေးကတော့ (၁၆)လုံးလိုတယ်။ ကျောက်ဖြူဆေးရုံမှာ (၈)လုံးပဲရှိတယ်။ နောက်ထပ်လိုတဲ့ (၈)လုံးကို ရန်ကုန်ကမှာ ထားတယ်။ ဒီနေ့ ရောက်ပါမယ်“ဟု သူက ပြောသည်။

လူ(၁၁)ဦး ခွေးရူးကိုက်ခံရတဲ့အထဲမှာ ကျား(၇)ဦး မ(၄)ဦးတွင် ကလေး ကျား(၄)ဦး မ(၁)ဦး ဖြစ်ကြောင်း သိရသည်။

ခွေးရူးကိုက်ခံရသူတွေကို ဆေးရုံမှာ ကာကွယ်ဆေးထိုးထားပြီး ကိုက်သွားတဲ့ ခွေးရူးကို ရှာ၍ မတွေ့သေးကြောင်း ခွေးကိုရှာပြီး သတ်ဖို့အတွက် စည်ပင်ကို အကြောင်းကြားထားကြောင်း ကိုသန်းလွှင်က ပြောဆိုသည်။

လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်း ကျောက်ဖြူမှ ဆေးကုသစရိတ်မတတ်နိုင်တဲ့ သူများ၏ စရိတ် အချို့ကို ကူညီပေးမည်ဖြစ်ပြီး ကျန်စရိတ်တစ်ချို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ တာဝန်ယူသွားမည်ဟု သိရသည်။

ကျောက်ဖြူတွင် ဩဂုတ်လ၂၈ရက်နေ့ကလည်း ကျောင်းသား ကလေးငယ် ၄ဦး အပါအဝင် စုစုပေါင်း လူ၁၁ ဦး ခွေးရူးကိုက်ခံခဲ့ရကြောင်း သိရသည်။

ကျောက်ဖြူတွင် ဩဂုတ်လက လူတွေ ခွေးရူးကိုက်ခံရသောကြောင့် စည်ပင်က အဆိပ်ချခဲ့ရာ ခွေးပေါင်း (၂ဝဝ)ခန့် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...