ရခိုင်ပြည်မှ နွားများကို အင်ဒိုနီးရှားသို့ တင်ပို့ရန် လေ့လာမှုပြုလုပ်

ရခိုင်ပြည်မှ နွားများကို အင်ဒိုနီးရှားသို့ တင်ပို့ရန် လေ့လာမှုပြုလုပ်
by -
နိရဥ္စရာ
တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ရခိုင်ပြည်နယ်မှ ပိုလျှံနေသော နွားများကို ဝယ်ယူပြီး အင်ဒိုနီးရှား နိုင်ငံသို့ တင်ပို့နိုင်ရန် JAFA Comfeed Myanmar Pte Ltd မှ ကုမ္ပဏီပညာရှင်များ အောက်တိုဘာ ၂၇ ရက်နေ့က ကျောက်ဖြူမြို့သို့ ရောက်ရှိလာပြီး  ပဏာမလေ့လာ စူးစမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးတို့၏ ဆွေးနွေးညှိုနှိုင်းချက်အရ JAFA Comfeed Myanmar Pte Ltd မှ ကုမ္ပဏီ ပညာရှင်များ လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

“ဒေသနွားတွေကိုဝယ်ယူပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို တင်သွင်းမယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စားသုံးသူကို ဖြန့်ပြီး အောင်မြင်မယ်ဆိုရင် ဒေသနွားတွေကို အသားတိုးမျိုးကောင်းမျိုးသန့်နဲ့ မျိုးမြှင့်တင်ရေးလုပ်ငန်းကို လုပ်ဆောင်သွားမယ်” ဟု ကုမ္ပဏီက ပြောဆိုဆွေးနွေးသွားကြောင်း ကျောက်ဖြူခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာ ဟာထန်းဘွေက ပြောသည်။

၎င်းလေ့လာစူးစမ်းမှုအား နိုင်ဝင်ဘာလ(၂)ရက်နေ့မှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အားတင်ပြ၍ ညွန်ကြားချက်အပေါ်မူတည်ပြီး ဆက်လက် အကောင်အထည်ဖော် သွားမည်ဟု ဒေါက်တာ ဟာထန်းဘွေက ပြောသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရဲ့ အကူအညီကို ရယူပြီး လုပ်ငန်းအကောင်အထည်ဖော်သွားမည်ဟု သိရသည်။

“ကျနော်တို့ဘက်က လုပ်ပေးရမှာက နွားအကောင် ဘယ်လောက်ရှိသလဲဆိုတဲ့ စာရင်းကို ကူညီ လိုက်တယ်။ တောင်သူတွေဘက်က လိုချင်တဲ့အနေအထားက ဘာလဲဆိုတာကို တိုက်ရိုက်ချိတ်ဆက် ပြီးပြီး ဆွေနွေးခိုင်းတယ်။ နွားများကို ကျန်းမာရေး စစ်ဆေးပေးရမယ်။ ရမ်းဗြဲမြို့နယ်မှာလည်း ဒီလိုကူညီပေးလိုက်တယ်” ဟု ဒေါက်တာ ဟာထန်းဘွေ ကပြောသည်။

နွားခြံကို ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအနီးတွင် မြေငှားရမ်း၍ နွားခြံဆောက်လုပ်သွား မည်ဖြစ်ပြီး နွားတင်ပို့ရန် ဓညဝတီရေတပ်စခန်းဌာနချုပ်ရဲ့ ဆိပ်ကမ်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

JAFA Comfeed Myanmar Pte Ltd မှ အင်ဒိုနီးရှားနိုင်ငံသို့ နွားတင်ပို့ရန် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း တို့မှ နွားများကိုဝယ်ယူရန် လေ့လာစူးစမ်းမှုပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...