ဘန်ကီမွန်းပုံနှင့် စစ်တွေတွင် တသီးပုဂ္ဂလအမတ်လောင်းတစ်ဦး မဲဆွယ်စည်းရုံး

ဘန်ကီမွန်းပုံနှင့် စစ်တွေတွင် တသီးပုဂ္ဂလအမတ်လောင်းတစ်ဦး မဲဆွယ်စည်းရုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးသည် သူ၏ မဲဆွယ် ပိုစတာတွင် ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း ပုံကိုထည့်သွင်းရေးဆွဲ ဖော်ပြပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

၎င်းလွှတ်တော်ကိုယ်စားလှယ်လောင်းမှာ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမှတ် (၂) နယ်မြေမှ ပါဝင် ယှဉ်ပြိုင်မည့် လက်ရှိ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော် ဖြစ်သည်။

“အဓိက ဘန်ကီမွန်း မြန်မာနိုင်ငံကို လာတဲ့အခါ ရခိုင်ပြည်နယ်က ဘင်္ဂလီလူမျိုးတွေကို ရိုဟင်ဂျာ အနေနဲ့ ဆက်လက်သုံးစွဲသွားမယ်လို့ ပြောဆိုခဲ့တယ်။ ဒီလို ပြောဆိုမှုဟာ ရခိုင်လူမျိုးအပေါ် စော်ကားမှုဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် လွှတ်တော်မှာ ကျွန်တော်က အရေးတကြီး အဆို တင်သွင်းပြီး အကြီးအကျယ် ကန့်ကွက်ခဲ့ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ ရခိုင်ပြည်သူတွေရဲ့ လိုလားချက်နဲ့ တစ်ထပ်တည်း ဖြစ်တဲ့ အတွက် ကျွန်တော်ဟာ ပြည်သူတွေရဲ့အရေးကို မားမားမတ်မတ် ရပ်တည်လုပ်ဆောင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်းကို ပြည်သူတွေကို ချပြလိုတဲ့ အတွက် ဘန်ကီမွန်းပုံကို ဖေါ်ပြ ခြင်းဖြစ်ပါတယ်”ဟု ဦးအောင်မြကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ထိုသို့ လွှတ်တော်တွင် အရေးတကြီး အဆိုတင်သွင်း ကန့်ကွက်ရာတွင် လွှတ်တော် အမတ်များ အားလုံးက တစ်ခဲနက် ထောက်ခံခဲ့ကြသည်ဟု သူက ဆိုသည်။

“ကျွန်တော် ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ အဆိုတင်သွင်းတာကို လွှတ်တော်အမတ်တွေက ကန့်ကွက်သူ မရှိ တခဲနက် ထောက်ခံခဲ့ကြပြီးတော့ ကျွန်တော့်အဆိုကို အတည်ပြုနိုင်ခဲ့ပါတယ်”ဟု ဦးအောင်မြကျော်က ဆက်လက် ပြောကြားသည်။

ဦးအောင်မြကျော်၏ ပိုစတာနှင့် ဗီနှိုင်းများပေါ်တွင်လည်း ဘင်္ဂလီများကို “ရိုဟင်ဂျာ” ခေါ်ဆိုခြင်းအား ဆက်လက်သုံးစွဲသွားမည်ဟု မစ္စတာဘန်ကီမွန်းက ပြောဆိုခြင်းအား လွှတ်တော်တွင် ပြင်းထန်စွာ ကန့်ကွက်ပြီး တားဆီးခဲ့သူ “ အမျိုးဂုဏ်ဖေါ် အောင်မြကျော်”  “ရခိုင်သွီးအစစ် မဲပီးလိုက်”ဟု စာတန်းကို ရေးသားဖေါ်ပြထားသည်ဟု သိရသည်။

ကုလသမဂ္ဂ ဘန်ကီမွန်း၏ ပြောစကားကို ရခိုင်ပြည်နယ်လွှတ်တော်ထဲတွင် သာမက ပြည်ထောင်စု လွှတ်တော်၌ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ကန့်ကွက်ခဲ့သည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...