စစ်တွေ-ရန်ကုန်ကားလမ်းပေါ်ရှိ ရခိုင်မှ စစ်ဆေးရေးဂိတ်များတွင် အနံ့ခံခွေးများဖြင့် ကားပေါ်တက်ရောက် ရှာဖွေမှုများရှိ

စစ်တွေ-ရန်ကုန်ကားလမ်းပေါ်ရှိ ရခိုင်မှ စစ်ဆေးရေးဂိတ်များတွင် အနံ့ခံခွေးများဖြင့် ကားပေါ်တက်ရောက် ရှာဖွေမှုများရှိ
by -
နိရဥ္စရာ
စစ်တွေ-ရန်ကုန်ကားလမ်း ရခိုင်ပြည်နယ် ဘက်အခြမ်းတွင် တပ်မတော်နှင့် ရဲပူးပေါင်းတပ်ဖွဲ့ဝင်များမှ  ကားများပေါ်တက်ပြီး အနံ့ခံခွေးများကို အသုံးပြုပြီး ရှာဖွေ စစ်ဆေးမှုများ ရှိနေကြောင်း သတင်း ရရှိသည်။

ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာလာသော ခရီးသည်ကားတစ်စီးပေါ်သို့ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်တွေ မြို့အဝင် ပါဒလိတ်ဂိတ် အရောက်တွင် တပ်မတော်မှ တပ်သားတစ်ဦးက အနံ့ခံခွေးဖြင့် ကားပေါ် တက်ရောက်ရှာဖွေခဲ့သည်ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ခရီးသည်တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ဒီလိုမျိုး ကားတွေပေါ်ထိ တက်ပြီး အနံ့ခံခွေးတွေကို အသုံးပြုပြီး တက်ရောက်ရှာဖွေမှုတွေကို အရင်က လုံးဝ မတွေ့ဖူးဘူး။ အခုတော့ တော်တော့ကို ထူးဆန်းတယ်။ လုံခြံုရေးအရ အရေးကြီးတဲ့ သဘောမျိုး ဖြစ်တယ်။ ခွေးနဲ့ လိုက်စစ်ဆေးတာက ထူးခြားတယ်” ဟု သူက ဆိုသည်။

ယခုကဲ့သို့ အနံ့ခံခွေးများကို အသုံးပြုပြီး စစ်ဆေးမှုများကို စစ်တွေမြို့ အဝင် ပါဒလိတ်ဂိတ်တွင် သာမက ရိုးအဆင်း အမ်းဂိတ်တွင်လည်း ရဲနှင့် တပ်မတော်တို့ ပူးတွဲဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

“လုံခြံုရေးအရ လိုအပ်လို့ရှာတာပါ။ လိုအပ်တဲ့နေရာတွေမှာ တပ်နဲ့ရဲက လုံခြံုရေးအတွက် ပူးတွဲပြီး လုပ်နေတာတွေရှိပါတယ်။ အမ်းတို့မှာလည်း တပ်နဲ့ရပ်နဲ့ ပေါင်းလုပ်တာတွေရှိတာပဲလေ”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက နိရဥ္စရာသတင်းဌာသို့ ပြောသည်။

ယခင်က အနံ့ခံခွေးများကို အသုံးပြုပြီး စစ်ဆေးမှုများ မရှိခဲ့သဖြင့် ယခုလို စစ်ဆေးခြင်းအပေါ် အများက စိုးရိမ်မှုများ ရှိနေသည်။

ယခု စစ်ဆေးမှုသည် ရှမ်းပြည်နယ် နေရာအချို့တွင် ဗုံးကွဲမှုများ ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာသဖြင့် လက်နက်ခဲယမ်းမီးကျောက်နှင့် ဗုံးများကို အဓိက ရှာဖွေခြင်း ဖြစ်နိုင်ကြောင်းအများက သုံးသပ် ပြောဆိုသည်။

ရွေးကောက်ပွဲနီးလာသဖြင့် ရခိုင်ပြည်နယ်တွင် ယခုအခါ လုံခြံုရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...