ကျောက်တော်တွင် ဖားရှာထွက်သူ တစ်ဦးကို သေဆုံး၍ တွေ့ရှိ

ကျောက်တော်တွင် ဖားရှာထွက်သူ တစ်ဦးကို သေဆုံး၍ တွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှ ဖားရှာထွက်သူတစ်ဦး၏ အလောင်းကို အောက်တိုဘာ ၁၆ ရက်နေ့က သေဆုံး၍ တွေ့ ရှိခဲ့ရသည်ဟု မြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ပြောကြားသည်။

သေဆုံးသူသည်ကျောက်တော်မြိုရှမ်းရွာရပ်ကွက်မှ ကိုမောင်ဖြူ (၅၇)နှစ် ဖြစ်ပြီး သူသည် အောက်တိုဘာ ၁၀ ရက်နေ့၊ ညနေတွင် ဖားရှာထွက်သွားရာမှ ပျောက်ဆုံးသွားပြီးနောက် အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“လွန်ခဲ့နေ့၁ဝရက်နေ့ကတည်းကပျောက်သွားတာပါ။ သူက ဖားရှားစားနေတာတဲ့ လူတစ်ယောက်။ ၁၁ ရက်နေ့ကျတော့ ကျွန်တော်တို့ ရဲစခန်းကို လူပျောက်လာတိုင်တယ်။ ကျွန်တော်တို့ လူပျောက်ရှာဖွေ ရေးနဲ့ ဒီနေ့မှာပဲ ကုလားတန်မြစ်ဖြစ်တဲ့ ဂစ္ဆပနဒီမြစ်ပေါ့နော်။ အပေါက်ဝကျေးရွာရဲ့ အောက်နား လောက်မှာ အလောင်းကို တွေ့ပါတယ်။ အခုတော့ ဆေးရုံပို့ပြီးတော့ စစ်ဆေးနေတယ်။ ပြင်ပ လက္ခဏာတော့ ဒဏ်ရာ ရတာတော့ မတွေ့ရဘူးခင်ဗျ။ အတွင်းလက္ခဏတော့ ကျွန်တော်တို့ မသိရ သေးဘူး။ ဆရာဝန်တွေရဲ့ ဆေးစာ ထွက်လာတဲ့အခါမှာ စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်မှာ ပေါ့လေ”ဟု ကျောက်တော် ရဲစခန်းမှ စခန်းမှူး ဦးခင်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဒေသခံများကမူ အသတ်ခံရပုံရကြောင်း ဝေဖန် ပြောဆိုသည်။

“သူက ကျွန်တော်ရပ်ကွက် ဘေးနားအိမ်ကဗျ။ ပျောက်သွားတဲ့နေ့က နှစ်ယောက်သွားတာပါ။ တစ်ယောက်က ရှမ်းရွာဘက်နားက လယ်ကွင်းသွားတယ်။ သေဆုံးသွားတဲ့ ဦးမောင်ဖြူကတော့ ကုလားရွာနားကို ဖားရှာဖို့ သွားတယ်။ ၁ဝ ရက်နေ့ကတည်းက ပျောက်သွား အခုမှအလောင်းကို ရှာတွေ့တယ်။ အလောင်းက နည်းနည်းပွန်နေရုံလောက်ပဲရှိတယ်။ သတ်ပြီးတော့ ဖွတ်ထားပုံရတယ်။ တစ်ရက်နှစ်ရက်ကြာပြီးမှ မြစ်ထဲသို့ လွှင့်ပစ်ခဲပုံပါ။ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ယူဆတယ်”ဟု အလောင်းကို ဆယ်လာခဲ့သူ ကိုတင်အောင် မှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သေဆုံသူ ကိုမောင်ဖြူမှာ ရန်ငြိုးရန်စ မရှိကြောင်း၊ မူးယစ်သောက်စားမှု ကင်းပြီး အေးဆေးနေထိုင်သူ တစ်ဦးဖြစ်ကြောင်း၊ အလောင်းမတွေ့ခင်က သူနဲ့ပတ်သက်ပြီး ဘင်္ဂလီတွေရဲ့လှုပ်ရှားမှုတွေ မသင်္ကာဖွယ်ရာ မတွေ့ရကြောင်း မြို့နယ်မှူးမှ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယခုလို တစ်ဦး နှစ်ဦးစ သွားလာရာမှ အသတ်ခံရမှု အများအပြားရှိနေပြီး  သက်ဆိုင်ရာမှ လူမျိုးရေး၊ ဘာသာရေး မတည်ငြိမ်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် တရားခံ အမှန်များကို ဖော်ထုတ်အရေးယူမှု မရှိသလောက် နည်းပါးကြောင်းနေကြောင်း  နိရဥ္စရာက စုံစမ်း သိရှိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...