ဒေါ်အောင်ဆန်းစုကြည် သံတွဲခရီးစဉ်အတွင်း ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံ

ဒေါ်အောင်ဆန်းစုကြည် သံတွဲခရီးစဉ်အတွင်း ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံ
by -
နိရဥ္စရာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲခရီးစဉ် အတွင်း ဆန္ဒပြရန် လူနှစ်ဦးက ခွင့်ပြုချက်တောင်းခံထားသည်ဟု သတင်းရရှိသည်။

“ဟုတ်ပါတယ်ဗျာ။ ဦးသိန်းရွှေနဲ့ ဦးစံတင်တို့က တင်ထားပါတယ်။ ခွင့်ပြုမယ်/ခွင့်မပြုဆိုတာကတော့ မသိရသေးပါဘူးခင်ဗျား။ သူတို့ကို အချက်အလက်တွေ မပြည့်စုံသေးတဲ့အတွက် ရုံးကို ခေါ်ထားပါတယ်”ဟု သံတွဲမြို့နယ်မှူးက ပြောကြားသည်။

ဆန္ဒပြရန် လျှောက်ထားရသည့် ရည်ရွယ်ချက်မှာ “ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အား ရခိုင်ပြည်သူများ ကန့်ကွက်ခြင်း”ဟုသာ ပါရှိသည်ဟု ဆိုသည်။

“သူတို့ ဆန္ဒပြဖို့ တင်ထားတာက ၁၈ ရက်နေ့ဆိုတော့ သတ်မှတ်ချက်နဲ့ မညီ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ကို ရဲစခန်းကို ခေါ်ထားပါတယ်”ဟု ဆက်လက် ပြောဆိုသည်။

သံတွဲဒေသခံများအကြားတွင် ယခု ဆန္ဒပြရန် ငြိမ်းစုစီ တင်သူနှစ်ဦးမှာ ဒေသခံများ မဟုတ်ကြသဖြင့် သံတွဲမြို့၏ ပုံရိပ်ကို ဖျက်လို၍ ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသဖြင့် သူတို့မှာ သံတွဲဒေသခံများ ဟုတ်မဟုတ်ကို ဆက်လက်မေးမြန်းရာ “တစ်ယောက် ကိုသိန်းရွှေက စစ်တွေကပါ။ နောက် ဦးစံတင်က ဂျိတ္တောကပါ”ဟု ပြောဆိုသည်။

“ဥပဒေမှာက နိုင်ငံသားတစ်ဦးဦးက ဖြစ်စေ၊  အဖွဲ့အစည်းတစ်ခုခုက ဖြစ်စေဆိုတာကတော့ ပါတယ်ခင်ဗျား။ ကျွန်တော်တို့က လက်ခံပြီးတော့ မြို့နယ် ထွေအုပ်တို့ဆီက ခွင့်ပြုချက်တွေတော့ ယူရသေးတယ်ဗျာ”ဟု ဆိုသည်။

ဆန္ဒပြရန် လျှောက်ထားသူ ဦးသိန်းရွှေနှင့် ဦးစံတင်အား ဆက်သွယ်ရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည် သံတွဲသို့ လာရောက်စဉ် ဆန္ဒပြပွဲဖြစ်ပွားပါက ယင်းကဆင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည်ကို သံတွဲဒေသခံများက စိုးရိမ်လျက် ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...