နိုင်ပွဲသေချာစေရန်အတွက် ရခိုင် ပရိဿတ်များ လာရောက်အားပေးကြစေလိုဟု ရခိုင်အသင်းဆို

နိုင်ပွဲသေချာစေရန်အတွက် ရခိုင် ပရိဿတ်များ လာရောက်အားပေးကြစေလိုဟု ရခိုင်အသင်းဆို
by -
နိရဥ္စရာ
တန်းဆင်းဇုန်အန္တရာယ်ရှိသည့် ရခိုင်ူယနိုက်တက် အသင်းအနေဖြင့် ဟံသာဝတီအသင်းနှင့် ကစားမည့် ပွဲစဉ်တွင် နိုင်ပွဲသေချာစေရန်အတွင် ရခိုင်ပရိဿတ်များ လာရောက်အားပေး ကြစေလိုကြောင်း ရခိုင်အသင်း၏ မီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက နိရဥ္စရာ ရခိုင်သတင်းဌာနသို့ ပြောသည်။

“ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ပွဲသေချာအောင်  ပရိဿတ်ရဲ့အားလည်း လိုအပ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ရခိုင်ပရိသတ်တွေကို အမျိုးသားရေး စိတ်ဓာတ်နဲ့ လာရောက်အားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်”ဟု ကိုသက်ထူးနိုင်ဦးက ဆိုသည်။

“ဒီပွဲစဉ်ကို လာရောက်အားပေးတဲ့ ပရိဿတ် အယောက် ၁၀၀ ဦးအတွက် လက်မှတ် အခမဲ့ ကြည့်ရှုခွင့်ပြုဖို့ စီစဉ်ထားပါတယ်။ နောက်ထပ်  အစီအစဉ်တွေ ရှိသေးသလို ရခိုင်စည်တီးခတ် အားပေးဖို့လည်း ရှိပါတယ်”ဟု ၎င်းက ဆက်ဆိုသည်။

ရခိုင်အသင်းနှင့် ဟံသာဝတီအသင်း၏ ပထမတွေ့ဆုံပွဲတွင် တစ်ဖက် တစ်ဂိုးစီ သရေကျထားသည်။

အောက်တိုဘာ ၁၈ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ရခိုင်အသင်းနှင့် ဟံသာဝတီအသင်း ပွဲစဉ်သည် တန်းဆင်းဇုန် အန္တရာယ်အတွက် အဓိက အကြိတ်အနယ် ကစားကြမည့် ပွဲတစ်ပွဲဖြစ်သည်။

မြန်မာနယ်ရှင်နယ်လိဂ်ပွဲစဉ် ၁၉ပွဲ ကစားပြီးချိန်တွင် ရခိုင်အသင်းက ရမှတ် ၁၈မှတ်၊ ဟံဟာဝတီအသင်းက ရမှတ် ၁၈မှတ် တူညီနေပြီး ယခု ပွဲစဉ်အား အနိုင်ရရှိသည့်အသင်းသည် တန်းမဆင်းရန် သေချာမည် ဖြစ်သည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...