ရေဘေးဒဏ်ကို ခံခဲ့ရသည့် သာစည်ရွာသစ်တွင် လူဦးရေသုံးပုံတစ်ပုံ အရေပြားရောဂါ ခံစားနေကြရ

ရေဘေးဒဏ်ကို ခံခဲ့ရသည့် သာစည်ရွာသစ်တွင် လူဦးရေသုံးပုံတစ်ပုံ အရေပြားရောဂါ ခံစားနေကြရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အရက်သည်မ ကျေးရွာအုပ်စု သာစည်ရွာသစ်ကျေးရွာမှ ရွာသား ၄၅ ဦးမှာ အရေအပြား ရောဂါကို ဆိုးရွားစွာ ခံစားနေရကြောင်း သတင်းရရှိသည်။

IMG 36715384317587ထိုရောဂါ ခံစားနေရသူ အရေအတွက်မှာ ရွာ၏ သုံးပုံ တစ်ပုံ လူဦးရေ ဖြစ်ကြောင်း၊ ရေဘေးအတွင်း ရေမြုပ်ခဲ့သော ရေကန် မှ ရေချိုးပြီးနောက် ခန္ဓာကိုယ်တစ်လုံး အဖုအပိမ့်များထကာ အနာလုံးများ ပေါက်လာပြီး ယားယံမှု ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရကြရကြောင်း မြောက်ဦးမြို့နယ် ရေဘေးကူညီထောက်ပံ့ရေး အဖွဲ ့ပြန်ကြားရေးဌာန ကိုထွန်းထွန်းမှ နိရဥ္စရာသတင်းဌာသို့ ပြောသည်။

“အဲဒီရွာမှာ ဒီလို  အရေပြား ရောဂါဖြစ်နေတာ တစ်ပတ် လောက်ရှိပြီးလို ့ပြောတယ်။ ရွာက တာဝန်ရှိ သူတွေ မနေ့့က ရောက်ပြီးတော့ ဖြစ်နေတဲ့ ရောဂါရဲ့ ဓာတ်ပုံ၊ ရေနမှုနာတွေယူ လာပြီးတော့ ကျွန်တော်တို့ ရုံးကို လာပြတယ်။ ဒါတွေကို သက်ဆိုင်မြို့နယ် ဆရာဝန်တွေ တင်ပြထားပြီးပြီ။ အခုလာမယ့် အပတ်မှာ အဲဒီရွာကို ကွင်းဆင်းလေ့လာသွားမယ်။ အခုလောလောဆယ်တော့ အရေးပေါ် ရေသန့်ဆေးတွေ ပေးလိုက်တယ်”ဟု သူက ပြောသည်။

ယင်းရွာရှိ ရေကန်နှစ်ကန်မှာ ရေဘေးအတွင်းက မသန့်ရှင်းသော ရေများဖုံးလွှမ်းသွားပြီးနောက်  ရေကန် တစ်ကန်ကို သာ ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်ပြီး သန့်ရှင်းနိုင်ခဲ့သည်ဟု သိရသည်။

မသန့်ရှင်းသော ကျန်ရေကန်အား ရွာသားမျာ အသုံးပြုရာမှ ခန္ဓာကိုယ်တွင် ယားယံမှု များဖြစ်ပေါ်လာပြီး အနာလုံးများ၊ အဖုအအပိမ့် များဖြစ်ပေါ်လာပြီး ဦးရေ ၄၅ ဦးမှာ ယင်းရောဂါခံစားနေရကြရခြင်း ဖြစ်သည်။

မြောက်ဦးမြို့နယ် ဆရာဝန် ဒေါက်တာ ခွန်မောင်အိုးသို့ နိရဥ္စရာသတင်းဌာနမှ မေးမြန်းရာ ကူးစက်ရောဂါ ဟုတ်မဟုတ် စစ်ဆေးသွားမည်ဟု ဆိုသည်။

“မနေ့က အဲ့ဒီရွာကလူတွေလာပြီးတော့ ဓာတ်ပုံနဲ ့တကွ သတင်းလာပို့ပါတယ်။ ကျွန်တော်ဘက်က သေချာ စစ်ဆေးနေတုန်းပါပဲ။ ရွာကရေကြီး ထားတဲ့ ဒေသ ဖြစ်နေတဲ့အတွက်ကြောင့် ကူးစက် ရောဂါ များဖြစ်နေမလားဆိုတာ စစ်ဆေးမှုတွေ လုပ်ရမှာပေါ့လေ။ မနေ့ညက ရီပုတ်  တက်လာတယ်ဆိုတော့ ဒီတစ်ရက် နှစ်ရက် လောက်မှာပဲ အဲဒီရွာကို စစ်ဆေးဖို့ သွားရမှာပါဟု”ဒေါက်တာ ခွန်မောင်အိုးက ပြောသည်။

မြောက်ဦးမြို့နယ် အရက်သည်မ ကျေးရွာအုပ်စု သာစည်ကျေးရွာတွင် လူဦးရေ ၁၅၀ဦးရှိပြီး အိမ်ထောင်စု ၃၁ သာရှိကြောင်း သိရသည်။

ယခင်ကလည်း ရေဘေးသင့် ဒေသအချို့တွင် မသန့်ရှင်းသော ရေသုံးစွဲမှုနှင့် ဆက်စပ်သော အရေပြား ရောဂါများ၊ ဝမ်းရောဂါများ ဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...