ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ်မှု စွဲချက်ဖြင့် ထောင်(၃) နှစ်ချခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအတွက် ခရိုင်အဆင့် အယူခံဝင်မည်

ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ်မှု စွဲချက်ဖြင့် ထောင်(၃) နှစ်ချခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအတွက် ခရိုင်အဆင့် အယူခံဝင်မည်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ်ပတ်သက်မှု စွဲချက်ဖြင့်  အလုပ်နှင့် ထောင်သုံးနှစ်ချခံရသူ မင်းပြား မြို့နယ် လဟာကျယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အတွက် မြောက်ဦးခရိုင် တရားရုံးတွင် အယူခံ ဆက်လက်ဝင်သွားမည်ဟု သူ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်က ပြောသည်။

မင်းပြားမြို့နယ် တရားရုံးမှ စက်တင်ဘာလ ၂၈ ရက်နေ့က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ဦးဝင်းမောင်အား ထောင်သုံးနှစ်ချမှတ်ခဲ့သည်။

ထောင်သုံးနှစ်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အေးနုစိန်က “သူ့ကို လက်ရှိ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်နေတုန်း စရဖ အဖွဲ့က ဒီနှစ် ဧပြီ ၂၃ ကတည်းက ဖမ်းဆီးယူဆောင်သွားခဲ့ပါတယ်။  ၉ ရက်လောက် ဖမ်းဆီးချုပ်နှောင်ပြီးလို့ စစ်ကြောချက်တစ်စောင် ရရှိပြီး နောက်ပိုင်းမှာမှ  ရဲစခန်းကို ၃ ရက်၊ ၅လ ၂၀၁၅ မှာ ရဲစခန်းကို လွှဲပြောင်း ပေးအပ်ပါတယ်။ အဲဒီနေ့မှာပဲ မင်းပြားမြို့ ရဲစခန်းမှူး ဒုရဲမှူးဝင်းမောင်က တရားစွဲဆိုတာ ဖြစ်ပါတယ်။ အမှုဖွင့်ပြီး မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) အရ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထောင်ချလိုက်ပုံကိုလည်း သူမက ယခုလို ပြောသည်။

“အေအေ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်သူများကို အားပေးကူညီတယ်ဆိုပြီးတော့  ပုဒ်မ ၁၇(၁) နဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်ကြောချက် တစ်စောင်နဲ့အတူ စွဲချက်တင်ပြီး ၂၈-၉-၂၀၁၅ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

မြောက်ဦး ခရိုင်တရားရုံးမှာ ဆက်လက် အယူခံ တက်ရောက်မည့်အကြောင်းကို ဒေါ်အေးနုစိန်က ယခုလို ပြောဆိုသည်။

“ ကျွန်မ တို့ကတော့ ဒီအမှုဟာ အမှုမဖွင့်ခင် ၉ ရက်လောက်ကတည်းက တပ်မတော်က ဖမ်းဆီး ခေါ်ဆောင် သွားတဲ့  ၉ ရက်အတွင်းမှာ သူ့လက်မှတ်ထိုးပေးလိုက်ရတဲ့ စစ်ကြောချက် တစ်စောင်က လွဲရင် ကျန်တဲ့ အထောက်အထား တစ်စုံတစ်ရာမှ မရှိပါဘူး။ အဲဒီ စစ်ကြောချက်ကိုပဲ သက်သေခံ ဝင်တဲ့ အထောက်အထားဖြစ်တယ်ဆိုပြီးတော့ အမိန့်ချမှတ်တာကို မကျေနပ်တဲ့အတွက် ခရိုင်တရားရုံးကို အယူခံတက်ရောက်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...