“မုဒိမ်းပြုကျင့်ခံခဲ့ရတာ မှန်ပါတယ်။ ပြုကျင့်သူက ခမရ (၃၅၄ )က တပ်သား နေဝင်းအောင် (ဘ) ဦးနေဝင်း(၂၉) နှစ် ဖြစ်ပါတယ်။ အခုတော့ သူ့ကို ရဲစခန်းအချုပ်မှာ ထိန်းသိမ်းထားပါတယ်”ဟု စစ်တွေ အမှတ် (၁)ရဲစခန်းသို့ နိရဥ္စရာက သွားရောက်မေးမြန်းစဉ် ရဲအုပ် အောင်မြင့်ဦးက ဖြေကြားပြောဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲအုပ် အောင်မြင့်ဦးက “ပြစ်မှုကျူးလွန်သူက အဲဒီအိမ်ကို အဝင်အထွက်ရှိ တယ်လို့ သိရပါတယ်။ အဲဒီကလေးမိသားစုနဲ့ ရင်းနှီးတော့ အဝင်အထွက်ရှိနေတော့ ဘယ်သူကမှ ဒီလို ဖြစ်မယ်လို့ မထင်ခဲ့ဘူး။ အဲဒီနေ့က ပြစ်မှုကျူးလွန်သူ နေဝင်းအောင်က အရက်မူးလာတယ်လို့ ပြောတယ်။ အဲဒီ ကျန်းမာရေး မကောင်းတဲ့ မိန်းခလေးနားမှာ အိပ်တော့ ညဉ့်ကျတော့ စိတ်ဖေါက် ပြန်ပြီး အဲဒီကလေးမလေးကို တက်ပြီး မုဒိမ်းကျင့်တာပေါ့။ ကလေးမလေးက အော်မယ်လုပ်တော့ ပါးစပ်ကို လက်နဲ့ ပိတ်ပြီး လုပ်တယ်လို့ ပြောတယ်။ အိမ်မှာ ရှိနေတဲ့ အဖေကလည်း ဒီလို ဖြစ်နေတာကို အရက်မူးပြီး အိပ်နေတော့ ဘာမှ မသိဘူး”ဟု ဆိုသည်။
မနက်လင်းမှ ၎င်းမိန်းခလေးငိုနေမှ ဖခင်ဖြစ်သူမှ သိရှိကြောင်း၊ နောက် အိမ်နားပတ််ဝန်းကျင်မှ သိရှိသွားပြီး မေးမြန်းရာ ၎င်းမိန်းခလေးမှ မိမိအား စစ်သား နေဝင်းအောင်မှ ညဉ့်က အဓမ္မပြုကျင့် သွားသည်ဟု ပြောဆိုကြောင်း၊ ယခု ယင်းနေရာက နာနေပြီး သွေးထွက်နေကြောင်း ပြောဆိုသဖြင့် ပတ်ဝန်းကျင်ကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ရဲကို အကြောင်းကြားကြောင်း၊ ရဲက လိုက်သွား ပြီးနောက် နေဝင်းအောင်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း အမျိုးသမီးငယ်မှာ ငယ်ရွယ်လွန်းသွားသဖြင့် ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပုံ မရခဲ့ကြောင်း၊ ကလေးမလေး၏ ဆေးစစ်ချက် ရဲစခန်းကို မရောက်သေးသဖြင့် အသေးစိတ် မသိရသေးကြောင်း သူက ပြောကြားသည်။
၎င်းအပြင် တပ်မတော်ဘက်ကလည်း စစ်စည်းကမ်းအရ အရေးယူရန် အမှုကို တည်ဆောက်နေ ကြောင်း၊ စစ်တပ်မှ တာဝန်ရှိသူများလည်း ရဲစခန်းသို့ ရောက်ရှိနေပါကြောင်း၊ ယခင်က ယခုကဲ့သို့ အမှုများကို စစ်တပ် တရားရုံးသို့ လွဲပြောင်းပေးရသော် လည်း ယခုအချိန်ထိ စစ်တပ်မှ လွဲပြောင်းပေးရန် တောင်းဆိုခြင်း မရှိသေးကြောင်း ဒုရဲအုပ် အောင်မြင့်ဦးက ပြောဆိုရှင်းပြသည်။
မုဒိမ်းကျင့်ခံရသူ ကလေးမငယ်မှာ ဦးအောင်လှစိန် (၄၂) နှစ်သမီးဖြစ်ပြီး ကျန်းမာရေး ချို့တဲ့နေသူ ဖြစ်သည်ဟု သိရသည်။ မုဒိမ်းကျင့်ခံ ရပြီးနောက် ယင်းကလေးမအား စစ်တွေဆေးရုံသို့ တင်ထားရသည်ဟု သိရသည်။
နိရဥ္စရာမှ စစ်တွေဆေးရုံသို့ သွားရောက်တွေ့ဆုံစဉ် ကလေးမငယ်မှာ စကားပြောနိုင်ပြီး ဖြစ်ကြောင်း၊ အစားအသောက်များ စားသောက်နိုင်ပြီဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးအောင်လှစိန်က ပြောသည်။







