ပန်းမြောင်းကျေးရွာတွင် မြစ်ကမ်းပါးပြို၍ နေအိမ်နှင့် ဆိုင်ခန်း ၃ဝ ကျော်ပျက်စီး

ပန်းမြောင်းကျေးရွာတွင် မြစ်ကမ်းပါးပြို၍ နေအိမ်နှင့် ဆိုင်ခန်း ၃ဝ ကျော်ပျက်စီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် လေးမြို့မြစ်ကမ်းတွင်တည်ရှိသော ပန်းမြောင်းကျေးရွာ၌ ယခုရက်ပိုင်းအတွင်း မြစ်ကမ်းပါးပြို ၍ နေအိမ်နှင့်ဆိုင်ခန်း ၃ဝ ကျော် ပြိုကျပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်တွေက အိမ်နဲ့တွဲပြီး ဆောက်ထားတာလေ။ အဲလိုပြိုသွားလို့ ကျမတို့ အခု အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ ကပ်နေရတယ်”ဟု နေအိမ်ပြိုပျက်သွားသည့် ပန်းမြောင်းကျေးရွာဒေသခံ ဒေါ်မသိန်းလှက နိရဥ္စရာသို့ ပြောသည်။

ပြိုပျက်စီးသွားသည့် ဆိုင်ခန်းများတွင် လက်ဘက်ရည်ဆိုင်၊ အဝတ်အထည်ဆိုင်၊ ကုန်စုံဆိုင်များ ပါဝင်သည်ဟု သူမက ဆိုသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုမှာ စက်တင်ဘာလ ၂ဝ ရက်နေ့နှင့် ၂၂ ရက်နေ့တို့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက််တင်ဘာ ၂ဝ ရက်နေ့က ၁ဝ အိမ်ကျော်နှင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ၂ဝ ခန့် ပြိုပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဒီကနေ့တော့ ရဲက အပျက်အစီးစာရင်းကိုလာစစ်တယ်။ နောက်ပြီး အထက်ကို တင်ပြပေးမယ်လို့ပဲ ပြောသွားတယ်”ဟု အဆိုပါကျေးရွာမှ အထည်ဆိုင်ပိုင်ရှင်တစ်ဦးက ဆက်ပြောသည်။

လက်ရှိတွင် နစ်နာသွားသည့်ဒေသခံများမှာ နေစရာအခက်အခဲဖြစ်နေပြီး ကမ်းပါးရှိ ဆိုင်ခန်းများနှင့် နေအိမ်များမှာလည်း ဆက်လက်ပြိုကျနိုင်ဖွယ်ရှိနေသေးသည်ဟု ဒေသခံများက ဆိုကြသည်။

လေးမြို့မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပန်းမြောင်းရွာ အပါအဝင် ကျေးရွာအများအပြား ထိခိုက်မှုရှိနေပြီး လေးမြို့မြစ် ကမ်းပါးပြိုမှုကို သက်ဆိုင်ရာမှ စနစ်တကျ မထိန်းသိမ်းပါက ၎င်းဒေသရှိ လူများ ဒေသစွန့်ခွာမှုများ ရှိလာနိုင်သလို လူနေမှုပုံစံများ ပြောင်းလဲသွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...