ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ရွေးကောက်ပွဲတွင် ၃ ပုံ ၂ ပုံ အနိုင်ရနိုင်ဟု ပြော

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ရွေးကောက်ပွဲတွင် ၃ ပုံ ၂ ပုံ အနိုင်ရနိုင်ဟု ပြော
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အမတ်နေရာ ၁၉ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ ယင်းအထဲမှ ၃ ပုံ ၂ ပုံ ခန့် အနိုင်ရနိုင်သည်ဟု ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း၊ မင်းပြား၊ မြေပုံမြို့နယ်များ၌ ဝင်ရောက်အရွေးခံမည်ဖြစ်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် အနိုင်ရနိုင်ခြေပိုများသည်ဟု သူက ပြောသည်။

“ကျွန်တော်တို့က လွှတ်တော်အမတ်လောင်းတွေကို စိတ်တိုင်းကျမှပဲ တာဝန်ပေးတာဖြစ်ပါတယ်။ စိတ်တိုင်း မကျရင် တာဝန်မပေးပါဘူး။ အဲ့ဒါကြောင့် အသေအချာ ရွေးချယ်ပြီးမှ တာဝန်ပေးတာ ဖြစ်ပါတယ်”ဟု ဦးညီညီက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် စက်တင်ဘာလ ၈ ရက်နေ့နောက်ပိုင်းမှစ၍ ၎င်းတို့ ဝင်ရောက်အရွေးခံမည့် မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံးရေးကို တပြိုင်နက်တည်း လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခဲ့သော ပါတီတစ်ခုဖြစ်သော်လည်း အမတ်နေရာ တစ်နေရာမှ မရရှိခဲ့ပေ။

ထိုသို့ အမတ်နေရာ အနိုင်မရရှိခဲ့ခြင်းမှာ ယင်းအချိန်က ငွေကြေးအင်အား မတောင့်တင်း၍ မဲဆွယ်စည်းရုံးရေးကို ပြည့်ပြည့်ဝဝ မလုပ်နိုင်ခဲ့၍ ဖြစ်သည်ဟု ဦးညီညီက ထောက်ပြပြောဆိုသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...