ရသေ့တောင်မြို့နယ်ရှိ ကျိုးပေါက်နေသည့်ကျီးကျွန်းတာကို ယခုလ မကုန်မီအပြီးမဆည်ဖို့နိုင်ပါက လယ်ဧက တစ်ထောင်ကျော်ဆားငန်ရေ ဝင်ရောက်ပျက်စီးသွားနိုင်ဟု ဆို

ရသေ့တောင်မြို့နယ်ရှိ ကျိုးပေါက်နေသည့်ကျီးကျွန်းတာကို ယခုလ မကုန်မီအပြီးမဆည်ဖို့နိုင်ပါက လယ်ဧက တစ်ထောင်ကျော်ဆားငန်ရေ ဝင်ရောက်ပျက်စီးသွားနိုင်ဟု ဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျိုးပေါက်နေသည့် ကျီးကျွန်းတာကို စက်တင်ဘာလမကုန်ခင် အပြီးမဆည်ဖို့နိုင်ပါက စိုက်ပျိုးထားသည့်လယ်ဧကပေါင်း ၁၇ဝဝ ကျော် ဆားငန်ရေဝင်ရောက်၍ ပျက်စီးသွားလိမ့်မည်ဟု လယ်သမားများက ပြောသည်။

“လုံးဝ တစ်ပင်လည်း မရိတ်ရဘဲ လယ် ၁၇ဝ၉ ဧကဟာ လုံးဝပျက်စီးသွားမယ့် အခြေအနေရှိပါတယ်။ ဒါကြောင့် ဒီတာကို အချိန်မီ ထပ်မံဆည်ဖို့နိုင်ဖို့အတွက် ဌာနဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက အဓိက ဆည်ဖို့ပေးဖို့ကို တိုက်လည်းတိုက်တွန်းချင်ပါတယ်။ ပြောလည်း ပြောကြားချင်ပါတယ်”ဟု ရသေ့တောင်မြို့နယ်၊ ခမောင်းတုန်းကျေးရွာမှ လယ်သမား ဦးစောရွှေမောင်က ပြောသည်။

ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာနားတွင်ရှိသည့် အဆိုပါတာသည် ဇူလိုင်လက ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် ရေလွှမ်းမိုးကာ ယခုကဲ့သို့ ကျိုးပေါက်သွားခဲ့ခြင်းဖြစ်ပြီး ကျိုးပေါက်သွားတဲ့နေရာပေါင်း ၁၅ ခုရှိသည်ဟု လယ်သမားများက ဆိုသည်။

ကျီးကျွန်းတာ ကျိုးပေါက်နေမှုကို ပြန်လည်ဆည်ဖို့ပေးရန် လယ်သမားများက မြို့နယ်အုပ်ချုပ်ရေးမှူုး နှင့် ဆည်မြောင်းဌာနကို ယခုလ ၅ ရက်နေ့က သွားရောက်တင်ပြခဲ့သော်လည်း အကြောင်းမထူးသေးဟု ဆိုသည်။

“တင်တဲ့နေ့က ဆည်မြောင်းအင်ဂျင်နီယာနဲ့တွေ့တယ်။ ဆည်မြောင်းအင်ဂျင်နီယာကို မေးကြည့်တော့ လည်း ဆည်ဖို့ပေးဖို့အစီအစဉ်က ခုချိန်မှာ လုံးဝမရှိဘူး။ ၁ဝ လပိုင်း၊ ၁၁ လပိုင်းပြီးမှသာ ကျွန်တော်တို့ မှာ လုပ်ငန်းပြန်စမယ်လို့ ပြောပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့စပါးတွေကို ဒီအတိုင်းထားရင် ဆားငန်ရေ ဝင်ရောက်ပြီးတော့ အကုန်လုံးဆုံးရှုံးရတော့မယ်”ဟု ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာအုပ််ချုပ်ရေးမှူး ဦးအောင်သန်းထွန်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ဆည်မြောင်းဦးစီးဌာနကို သွားရောက်တွေ့ဆုံမေးမြန်းရာ အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးထားသည့်လယ်ယာမြေများပျက်စီးဆုံးရှုံးမှုမရှိအောင် လယ်သမားများနှင့်ညှိနှိုင်းဆောင်ရွက်ပေးမည်ဟုပြောသည်။

“ဒါ့အပြင် ဒီတာကိုပြန်လည်ဆည်ဖို့နိုင်ဖို့ အစိုးရဆီမှာ ကျနော်တို့ ဘတ်ဂျတ် သိန်း ၂၅ဝ ကျော်တင်ပြတောင်းခံထားပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ရခိုင်ပြည်နယ် ဆည်မြောင်းဦးစီးဌာန၏စာရင်းအရ ယင်းတာ၏အလျားမှာ ၄ မိုင်ခန့်ရှည်လျားပြီး တာဘောင်အမြင့်မှာ ၆ ပေခန့်ရှိကြောင်း သိရသည်။

အဆိုပါတာကို မှီခိုပြီးလုပ်ကိုင်စားသောက်နေရသည့်ကျေးရွာ ရ ရွာရှိပြီး လယ်သမား ၁ဝဝ ကျော်ခန့်ရှိသည်ဟု လယ်သမားများက ဆိုသည်။ ယင်းအပြင် အဆိုပါတာမှာ လယ်သမားများအတွက် လယ်ယာစိုက်ပျိုးရေးအပြင် သားငါးရှာဖွေစားသောက်နိုင်ရန် အတွက်လည်း အကျိုးပြုနေသည်ဟု လယ်သမားများက ဆိုကြသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...