ဂတ်စ်နှင့် ရေနံပိုက်လိုင်းကြောင့် ရေလှောင် ကာရီပျက်စီး၍ ရခိုင်ဒေသခံများ ဆန္ဒဖော်ထုတ်မည်

ဂတ်စ်နှင့် ရေနံပိုက်လိုင်းကြောင့် ရေလှောင် ကာရီပျက်စီး၍ ရခိုင်ဒေသခံများ ဆန္ဒဖော်ထုတ်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်ဖလာ ကျေးရွာအုပ်စုတွင် တရုတ်ကုမ္ပဏီ China National Petroleum Corporation (CNPC) ၏ ဂတ်စ် ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသော ပုဇွန်ကာရီ (တာတမံ) ပျက်စီးသွားသော်လည် ပြန်လည်မပြုပြင် ပေးသည့်အတွက် စက်တင်ဘာ ၁၆ ရက်နေ့၌ ဆန္ဒဖော်ထုတ် ကန့်ကွက်သွားမည်ဟု သတင်းရရှိသည်။

ဆန္ဒဖော်ထုတ်ခွင့် ရရှိရန်အတွက် စက်တင်ဘာ ၁၀ ရက်နေ့က မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခွင့်ပြုချက် တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ပျက်စီးသွားတဲ့ ကာရီတွေကို ပြန်လည်ပြုပြင်ပေးဖို့ စာနဲ့ အကြိမ်ကြိမ် တိုင်ကြားတယ်။ ဒေသခံတွေကို သူတို့က ဘာမှ ဂရုမစိုက်ဘူး။ ဒီစီမံကိန်းကြောင့် ဒေသခံတွေ အကျိုးမခံစားရတဲ့အပြင် ရှိနေတဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးနေတယ်။ ဒါကြောင့် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ဖို့အတွက် သက်ဆိုင်ရာမှာ ခွင့်ပြုချက် တင်လိုက်ပါပြီ”ဟု အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဌ ကိုမျိုးလွင်က နိရဥ္စရာသို့ ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို အမ်းမြို့ မြေစာရင်းရုံးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံရှေ့ကို ဖြတ်၍ အမှတ်(၃)ရပ်ကွက် အားကစားကွင်း တွင် ဟောပြောပွဲပြုလုပ်သွားမည်ဟု သိရသည်။

ရေနံပိုက်လိုင်းနှင့် ဂတ်စ်ပိုက်လိုင်းကြောင့် ဒေသခံ ၈၉ ဦး လုပ်ကိုင်စားသောက်နေသော ပုဇွန်ကာရီသည် ပြန်လည်ပြုပြင်၍ မရတော့ဘဲ အခက်အခဲရှိနေကြောင်းသိရသည်။ ၎င်းကာရီသည် ၂၀၁၁ခုနှစ် ရေနံပိုက်လိုင်းနှင့် ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းခံရပြီး နောက်ပိုင်းမှစ၍ လုပ်ကိုင်၍မရတာ သုံးနှစ်ရှိပြီဟု ကိုမျိုးလွင်ကပြောသည်။

ဒေသခံလူပေါင်း ၈၉ဦး ပိုင်ဆိုင်သော ကာရီ ၅လုံး၏ အကျယ်အဝန်းမှာ ၃၄၅ ဧက ရှိသည်။

ယခုအခါ ပုဇွန်လုပ်၍ မရတော့သဖြင့် ယခုနှစ် မိုးရာသီမှစ၍ စပါးစိုက်ရန် ကိုယ်ထူကိုယ်ထဖြင့် နေ့တိုင်း လူ ၁၅၀ ခန့်ဖြင့် ပြန်လည်ပြုပြင်နေသော်လည်း လတိုင်း ၎င်းကာရီကျိုးပေါက်နေသောကြောင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...