ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်တွင် အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို

ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်တွင် အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ဆရာဦးဥတ္တမနေ့ကို အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေတွင် ပြုလုပ်သည့် (၇၆) နှစ်မြောက်  ဦးဥတ္တမနေ့ အခမ်းအနားတွင် ဦးဥတ္တမနေ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် စီစဉ်သူတစ်ဦးလည်းဖြစ်၊ ဆရာတော် ဦးဥတ္တမ ရုပ်တုပြုပြင်မွန်းမံရာတွင် ဦးစီဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်သည့်  ဦးထွန်းဦးကျော်က တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုမှုကို ရခိုင်ပြည်နယ် အစိုးရမှ ကြီးမှူးြ ပီး ကျင်းပနေသော စစ်တွေမြို့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် ကျေးဇူး တင် စကားပြောရာ၌ ထိုသို့ ထည့်သွင်းတောင်းဆိုသွားခြင်း ဖြစ်သည်။

“ဦးဥတ္တမဟာ ရခိုင်အမျိုးသားတွေအတွက်သာမက မြန်မာတစ်မျိုးသားလုံးအတွက် ကိုယ်ကျိုးစွန့် အကျိုးပြုခဲ့တဲ့ ရဟန်း အာဇာနည် ခေါင်းဆောင်တစ်ဦးဖြစ်တယ်။  ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်ထဲမှာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်အဖြစ် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ပြီးတော့ နိုင်ငံတော်ကို တင်ပြပေးဖို့ တောင်းဆိုလိုပါတယ်”ဟု သူက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဆရာတော် ဦးဥတ္တမနေ့ကို ပြည်နယ်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်ကို ရခိုင်တစ်မျိုးသားလုံးက လိုလားနေကြသည်ဟု သိရှိရသည်။

၎င်းအပြင် စစ်တွေရှိ ဦးဥတ္တမ ပန်းခြံကိုလည်း မြို့အင်္ဂါရပ်နှင့်အညီ ခန်းနားတင့်တယ်အောင် နိုင်ငံတော် အစိုးရအနေဖြင့် ပြုလုပ်ပေးရန်လည်း ဦးထွန်းဦးကျော်က တောင်းဆိုခဲ့သည်။

“ဦးဥတ္တမပန်းခြံကို မြို့အင်္ဂါရပ်နဲ့အညီ ထိုင်ခုံ၊ လမ်း၊ ကစားစရာများ၊ အများပြည်သူနားနေနိုင်တဲ့  ပန်းခြံအဖြစ် အဆင့်တိုးမြင့် စေလိုပါတယ်။ လမ်းမီးတိုင်တွေနဲ့ ပိုမိုတင့်တယ် ခန်းနားအောင် ပြုလုပ် ပေးဖို့ နိုင်ငံတော်အကြီးအကဲတွေကို တောင်းဆိုလိုပါတယ်။ ဦးဥတ္တမရုံပ်တုရဲ့ နောက်ဘက်မှာ ဆရာတော်ရဲ့ အတ္ထုပ္ပတ္တိ လုပ်ဆောင်ချက်တွေ ထားရှိမယ့် သမိုင်းပြတိုက်တစ်ခု လုပ်ပေးစေချင်ပါတယ်”ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရမှ ကြီးမှူးကျင်းပသော စစ်တွေ ဦးဥတ္တမနေ့ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းများအပါအဝင် လူပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...