United League of Arakan ( ULA) မှ လှူဒါန်းသော လယ်ထွန်စက်များ ရခိုင်သို့ ရောက်ရှိ

United League of Arakan ( ULA) မှ လှူဒါန်းသော လယ်ထွန်စက်များ ရခိုင်သို့ ရောက်ရှိ
by -
နိရဥ္စရာ
ရေဘေးသင့် ဒေသများတွင် ပျက်စီးသွားသော လယ်များကို ပြန်လည်ထွန်ယက်ပေးရန်အတွက်  ပြည်ပအခြေစိုက် United League of Arakan (ULA) မှ ကူညီလှူဒါန်းထားသော လက်တွန်း လယ်ထွန်စက်များသည် ယခုအခါ ရခိုင်အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းသို့ ရောက်ရှိလာပြီဟု သတင်းရရှိသည်။

 ပြည်ပအခြေစိုက် ULA သည် လက်တွန်း လယ်ထွန်စက် ၁၀ စီးကို ဝံလက်ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းသို့ လှူဒါန်းထားကြောင်း၊ ယခုအခါ ယင်းအထဲမှ လယ်ထွန်စက် ၅ စီး ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ များမကြာမီ ကျန် ၅ စီးလည်း ရောက်ရှိလာမည်ဖြစ်ကြောင်း ဝံလက် ကျေးလက်ဖွံ့ဖြိုးရေး  ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ကိုခိုင်ကောင်းစံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာရောက် ရခိုင်အမျိုးသားများဖြင့် စုပေါင်းဖွဲ့စည်းထားသော ULA သည် ဝံလက် ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းကို ယခုလှူဒါန်းသည့် လယ်ထွန်စက် ၁၀ စီးအပြင် ရေစုပ်စက် ၅ လုံးကိုလည်း ပေးပို့လှူဒါန်းထားသည်ဟု သိရသည်။

ယခု ULA မှ ကူညီလှူဒါန်းသော ထွန်စက်များကို ရေလွှမ်းမိုးခံထားခဲ့ရသော ရခိုင်ဒေသများတွင် အရေးပေါ်ထွန်ယက်ပေးသွား မည်ဖြစ်ကြောင်း၊ ထွန်ယက်ပေးရာတွင်လည်း ဝံလက်ကျေးလက်ဖွံ့ဖြိုး ရေး ဖေါင်ဒေးရှင်းမှ ဦးဆောင်ကြီးကြပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လိုအပ်သော စက်သုံးဆီ ကုန်ကျစရိတ်ကိုလည်း ဖေါင်ဒေးရှင်းမှပင် ကျခံပေးမည်ဖြစ်ကြောင်း၊ မိုးရာသီ ကုန်လွန်ပြီး ဆောင်းသီးနှံ စိုက်ပျိုးရာတွင်လည်း ဆင်းရဲနွမ်းပါးသော တောင်သူများအတွက် အဆိုပါ ထွန်စက်များဖြင့် ထွန်ယက်ပေးသွားမည်ဖြစ်ကြောင်း ခိုင်ကောင်းစံက ပြောဆိုသည်။

ဝံလက်ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းသည် ရခိုင်ပြည်နယ် အခြေစိုက် လူမှုကူညီရေး အဖွဲ့တစ်ခုဖြစ်ပြီး ယခု ရေဘေးတွင် ဆန်နှင့် အခြားရေဘေး ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် ကျပ်ငွေ သိန်း ၂,၀၀၀ ကျော်ဖိုး ကူညီထောက်ပံ့ပေးထားပြီဟု သိရသည်။

များမကြာမီကလည်း လယ်သမားများအတွက် အပူတပြင်း လိုအပ်နေသော မျိုးစပါးများကို မြောက်ဦး မြို့နယ်တွင် ၂,၁၀၀ တောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ရ၀၀ တောင်းကို ဖြန့်ဖြူးကူညီပေးအပ်ခဲ့ သည်ဟု သိရှိရသည်။

၈၈- မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှလည်း ဆန်အိတ် ၄၀၀ နှင့် ရေစုပ်စက်ကြီး ၃ လုံးကို ရခိုင်ရေဘေးဒုက္ခသည်များအတွက် ဝံလက်ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းမှတဆင့် လှူဒါန်း ထားသည်ဟုလည်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...