ရေဘေးကြောင့် အသက်မသေဘဲ တင်ကျန်ရစ်သော ရခိုင်မှ ကျွဲနွားများကို ခိုးပြီး တစ်ဖက်န်ိုင်ငံသို့ တင်ပို့နေ

ရေဘေးကြောင့် အသက်မသေဘဲ တင်ကျန်ရစ်သော ရခိုင်မှ ကျွဲနွားများကို ခိုးပြီး တစ်ဖက်န်ိုင်ငံသို့ တင်ပို့နေ
by -
နိရဥ္စရာ
ကိုမန်မုန်တိုင်းကြောင့် ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မှ အသက်မသေဘဲ တင်ကျန်ရစ်သော ကျွဲနွားများကို ခိုးယူပြီး တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့  စက်လှေများဖြင့် တင်ပို့ နေကြသည်ဟု သိရသည်။

ထိုကဲ့သို့ ကျွဲနွားများကို ခိုးယူမှုပြီး တစ်ဘက်နိုင်ငံသို့ တင်ပို့နေမှုကို အာဏာပိုင်များမှ တစုံတရာ တားဆီးနှိမ်နင်းနိုင်ခြင်း မရှိ၍ ရေဘေးဒဏ်ကို ခံခဲ့ရသော ရခိုင် တောင်သူလယ်သမားများမှာ တပူပေါ် နှစ်ပူဆင့်ကာ အထူး အခက်အခဲများ ကျရောက်နေကြောင်း လယ်သမားများက ပြောဆိုသည်။

“ဩဂုတ် လ ၂၃ ရက်နေ့ညမှာ ဦဇင်းတို့ ပေါက်တောမြို့နယ် ပုဏ္ဏားကြီး ကျေးရွာမှာ ကျွဲ ၁၂ ကောင် အခိုးခံရပါတယ်။ ဦးအေးလှကျော်မှာ ၅ ကောင်၊ ဦးထွန်းအေးမြင့်မှာ ၃ ကောင်နဲ့ ဦးအောင်ရွှေသိန်းမှာ ၄ကောင်ဖြစ်ပါတယ်။ အခုလို အခိုးခံရတဲ့ အတွက် လယ်သမားတွေမှာ တစ်ပူပေါ် နှစ်ပူဆင့်ပြီး အထူး အခက်အခဲတွေ ကျရောက်နေကြရပါတယ် ”ဟု ပုဏ္ဏားကြီးတောင်ကျောင်းဆရာတော် ဦးစန္ဒသာရက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျွဲများကို ချည်နှောင်ထားရာမှ ခိုးယူသွားခြင်းဖြစ်ပြီး၊ ငါးရှာသူများ ပြောကြားချက်အရ ည ၁၁ နာရီနီးပါးခန့်က ဖြစ်ကြောင်း၊ ပုဏ္ဏားကြီးအနီး ပိုက်ဆိပ်နေရာ ပေါက်ဆိန်ကျမြစ်ကမ်းဘေးမှ ချယူသွားကြကြောင်း သိရသည်။

ကျွဲများ ခိုးယူခံရမှုကို ဆင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်း၊ အနောက်ရဲ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်း အပါအဝင် ပေါက်တောမြို့မ ရဲစခန်းတို့ကို ပျောက်ဆုံးသူများက တိုင်ကြားထားသော်လည်း ယနေ့ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု သိရှိရသည်။

ခိုးယူရာမှ ကျန်နေခဲ့သော ကျွဲအငယ် ၁၀ ကျော်ကို အဆိုပါနေရာ အနီးတဝိုက်မှာပင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

အလားတူပင် ဩဂုတ်လ ဂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် တန်းစွေကျေးရွာတွင်လည်း ဦးသာအောင်ဖြူတွင် နွား ၆ ကောင်၊ ဦးမောင်နှောင်းတွင် နွားတစ်ကောင်နှင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ငါးဝက်စွေ ကျေးရွာတွင်လည်း မကြာသေးမီရက်ပိုင်းအတွင်းက ဦးသာအေးမောင်မှာ ကျွဲ ၉ ကောင် အခိုးခံခဲ့ရသည်ဟု သိရှိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...