ဝမ်းရောဂါဖြစ်နေသော ကျေးရွာအတွက် ကျန်းမာရေးလုပ်သား အကူအညီတောင်းခံမှု ငြင်းပယ်ခံရဟု ဆို

ဝမ်းရောဂါဖြစ်နေသော ကျေးရွာအတွက် ကျန်းမာရေးလုပ်သား အကူအညီတောင်းခံမှု ငြင်းပယ်ခံရဟု ဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပြားချောင်းတောင်ကျေးရွာတွင် အရေးပေါ်ကျန်းမာရေးလုပ်သားများ မရှိ၍ မင်းပြားမြို့နယ် ပြည်သူဆေးရုံ သို့ အကူညီတောင်းခံရာ ဆေးရုံကြီးလက်ထောက်ဆရာဝန်မှ ငြင်းပယ်လိုက်ကြောင်း လူမှုကယ်ဆယ်ရေး ဆောင်ရွက်နေသူ ဦးဇင်း ဓမ္မဓဇမှ နိရဥ္စရာသို့ မိန့်ကြားသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၆၉ ဆောင်ရှိပြီး ကျန်းမာရေးအနေအနေများဆိုးဝါးနေ၍ ယခု ကဲ့သို့ မြို့နယ်သို့တက်ပြီး အကူကျန်းမာရေး လုပ်သားတောင်းခံရခြင်းဖြစ်ကြောင်း ဦးဇင်းက ဆိုသည်။

“ဆရာဝန်ကို ဦးဇင်းတို့က ရွာမှာ ကျန်းမာရေးဆိုးဝါးနေတဲ့အကြောင်းပြောတယ်။ ကျန်းမာရေး လုပ်သားတစ်ယောက်ထည့်ပေးပါလို့ အကူအညီတောင်းတယ်။ အဲ့ဒီအခါ သူပြောတာက ဆေးလှူတန်း ချင်ရင် တပည့်တော်တို့ ဆေးရုံမှာ လာလှူတန်းလို့ ပြောတယ်။ တပည့်တော်တို့ ဌာနက ကျန်းမာရေး လုပ်သားတွေ ဆင်းနေတယ်။ အရှင်ဘုရားမသိဘဲနဲ့ လာမပြောနဲ့လို့ ငေါက်ငေါက်မာမာ ပြောတယ်။ ဦးဇင်းက မရောက်ဘူးလို ့ ပြန်ရှင်းပြတဲ့အခါ သူက မရောက်ဘူးလို ့ပြောတဲ့သူကို ခေါ်ယူလာခဲ့လို့ ပြောတယ်။ ဒါနဲ့ ဦးဇင်းတို့လည်း လှည့်ပြန်လာခဲ့တယ်”ဟု ဦးဇင်း ဓမ္မဓဇမှ ဆက်လက်ပြောသည်။

ပြားချောင်းတောင်ရွာသို ့ရေလမ်းကြောင်း၊ ကားလမ်းကြောင်းများမပေါက်၍ သွားလာရခက်ခဲပြီး ကယ်ဆယ်ရေး အဖွဲ့များလည်း အရောက်နည်းပါးကြောင်း၊ ယင်းရွာတွင် ကလေးလူကြီးများ ဝမ်းရောဂါ စတင် ဖြစ်ပွားနေကြောင်း သူက ရှင်းပြသည်။

“ဒီရွာက ကျန်းမာရေးလုပ်သား လိုအပ်နေတယ်။ ဦးဇင်းတို့ကို ကယ်ဆယ်ရေးအဖွဲ့လာပေးတဲ့ ဆေးဝါးတွေရော နောက်ပြီး ဒီကျေးရွာအတွက် ဆေးဝါးတွေ အလှူခံလို့ ရထားတာရှိတယ်။ ဒါပေမယ့် ဒီဆေးတွေကို ကိုင်တွယ်ဖို့ဆိုတာ နားလည်းတက်ကျွမ်းမှ လူနာတွေကို ပေးလို့ရမယ်လေ။ ဒါကြောင့် တာဝန်ရှိတဲ့ မြို့နယ် ဆရာဝန်ဆီကို တောင်းခံခဲ့ဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ကျန်းမာရေး အကူလုပ်သား အကူညီတောင်းခံခြင်းနဲ့သက်ပြီး ငြင်းပယ်ခဲ့ခြင်း မဟုတ်ကြောင်း မင်းပြားမြို့ ပြည်သူ့ဆေးရုံကြီး လက်ထောက် တာဝန်ခံ ဒေါတ်တာ တင်မြင့်ဦးက နိရဥ္စရာသို့ ပြောသည်။

“ငြင်းပယ်ခဲ့တာ မဟုတ်ဘူးခင်ဗျာ့။ ဘုန်းကြီးတစ်ပါးက ကျန်းမာရေးလုပ်သား တစ်ဦးထည့်ပေးဖို့ အကူအညီ လာတောင်းတယ်။ ဒါပေမယ့် ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလေ။ ကျွန်တော်က ဘယ်သူမှ မငြင်းပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောပြလိုက်တာပါ။ ကြည့်ရတာ ကျွန်တော်ပြောတာ ကို သိပ်နားလည်းပုံ မရဘူး။ အဲ့ဒီအချိန်မှာ ကျွန်တော်အရမ်းကို အလုပ်ရှုပ်နေတဲ့အချိန်မှာ လာပြော တော့ ကျွန်တော်ကလည်း ဆွေးနွေးဖို့ အချိန်မရှိဘူးလို့ ပြောလိုက်တယ်။ တကယ်လို့များ အကူအညီ လိုအပ်နေရင် မြို့နယ် ဆရာဝန်ကြီးသို့ စာနဲ့ပေနဲ့ တရားဝင်တောင်းခံသင့်တယ်”ဟု ဒေါက်တာ တင်မြင့်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းအချိန်တွင် မြို့နယ် ဆရာဝန်ကြီး မရှိ၍ ဆေးရုံးလက်ထောက်ဆရာဝန်ကို အကူညီတောင်းခံခြင်း ဖြစ်ပြီး ကျေးရွာ ကျန်းမာရေးလုပ်တကယ်လိုအပ်နေ၍ အကူအညီတောင်းခြင်းသာဖြစ်သည်ဟု ဆရာတော်မှ မိန့်ကြားခဲ့သည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...