ပါတီကြည့်ပြီးမဲပေးမလား လူကိုကြည့်ပြီးပေးမှာလား

ပါတီကြည့်ပြီးမဲပေးမလား လူကိုကြည့်ပြီးပေးမှာလား
by -
သျှမ်းသံတော်ဆင့်
ရွေးကောက်ပွဲရက်က နီးကပ်နေပါပြီ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီကြီးငယ်တွေ တိုင်းရင်းသား ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းများ အပြိုင်အဆိုင်မဲဆွယ်မှုက အထွဋ်အထိပ်ကို ရောက်နေချိန် ဖြစ်ပါတယ်။ ထွက်ပေါ်လာမဲ့ ဒီ ၂၀၁၅ ရွေးကောက် ပွဲရလဒ်ဟာ လာမဲ့ငါးနှစ်စာ တိုင်းပြည်ကို စီမံခန့်ခွဲမှု တာဝန်တစ်ရပ်တည်းသာမကပဲ အနာဂတ် လူမျိုး စုံပြည်သူ လူထုတစ်ရပ်လုံးအတွက်   ဘဝကံကြမ္မာလမ်းကြောင်း အခင်းအကျင်းကိုပါ သက်ရောက်လာစေမှာ ဖြစ်ပါတယ်။

ပင်လုံစာချုပ်ချိုးဖေါက်ခံရမှုကအစ မဟာလူမျိုးကြီးဝါဒ၊ အာဏာရှင်စနစ်၊စစ် အုပ်ချုပ်ရေးစနစ်များရဲ့ ဖိနှိပ်မှုအောက်မှာ လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံး နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရပြီး ယနေ့အထိ လည်း ခံစားနေရဆဲ ဖြစ်ပါတယ်။ ဒီခါးသီး နာကျင်မှု သခန်းစာအတွေ့အကြုံများနဲ့ ကမ္ဘာ့လူ့အဖွဲ့ အစည်းကို ခြိမ်းခြောက် လာနေတဲ့ ဘာသာရေး အစွန်းရောက် တိုက်ခိုက်မှုနှင့် မတည်ငြိမ်မှုများ တဖက်နိုင်ငံမှာ ရင်ဆိုင်နေရတဲ့လူဦးရေ ပေါက်ကွဲမှုနှင့် အတူ အစွန်းရောက် အကြမ်းဖက်မှု အန္တရာယ်မြင့်မားလာမှု မိမိတို့ နိုင်ငံကိုကူးစက်မလာဖို့ ဒီအချက်များကို အခြေခံပြီး သတိတရား၊ အဆင်ခြင်တရား၊ အမျှော်အမြင်ရှိရှိ ကျနော်တို့ရဲ့ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရမှာဖြစ်ပါ တယ်။

အားလုံးသိပြီးကြတဲ့အတိုင်း ပါဝင်ယဉ်ပြိုင်ကြမည့်အထဲမှာ စစ်တပ်ကျောထောက် နောက်ခံရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က နိုင်ငံတဝန်းလုံးလိုလိုမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒီမိုကရက်တစ်ပါတီငယ်များနဲ့ တိုင်းရင်းသားပါတီများကတော့ သက်ဆိုင်ရာ ဒေသအလိုက် ဝင်ရောက်ယှဉ်ကြမှာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပထမကြည့်ရအောင်ပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာတဖက်သတ် မဲဆွယ်စည်းရုံးမှု၊ အခြားအထူး အခွင့်အရေးများနဲ့ ၂၀၁၀ မှာအပြတ်အသတ်အနိုင်ရခဲ့ပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်နှစ်ရပ်လုံးကို ချုပ်ကိုင်ထားခဲ့ကြပါတယ်။

လောလောလတ်လတ် စစ်ယူနီဖေါင်းချွတ်လဲပြီး ဖွဲ့စည်းထားတဲ့ အစိုးရနဲ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်လို့ စစ်အစိုးရပုံစံနဲ့ လက်ညိုးထောင်ခေါင်းညိတ် လွှတ်တော်သာဖြစ်မယ်လို့ ပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မျှော်လင့် ထားကြပါတယ်။

သို့သော် ဦးသိန်းစိန်အစိုးရဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုနေ အိမ်အကျယ်ချုပ်က လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးခြင်း၊ အဝေးရောက်တက်ကြွလှုပ်ရှားသူများကို ပြည်တော်ပြန်ဖို့ ဖိတ်ခေါ်ပြီး နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့် အချို့ပြုပေးခြင်း၊ မီဒီယာလွတ်လပ်ခွင့်နဲ့ လူမှုအခြေပြု အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပြုပေးခဲ့ပါတယ်။ လူထုတောင်းဆိုမှုအရမြစ်ဆုံရေကာ တာစီမံကိန်းကိုလည်း ရပ်ဆိုင်းပေးလိုက်ပါတယ်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး ရယူပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကမ်းလှမ်းချက်နဲ့တနိုင်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

သူ့ရဲ့အစိုးရ အဖွဲ့ထဲက ပြောင်းလည်းမှုကိုမလိုလားတဲ့ hard liner များအဖြစ် လူသိများတဲ့ သီဟသူရ ဦးတင်အောင်မြင့် ဦးတို့လို ပုဂ္ဂိုလ်များကိုအနားပေးတာတွေအရွှေ့ အပြောင်းတွေ လုပ်လာတဲ့အခါမှာနိုင်ငံတကာ နဲ့စောင့် ကြည့် လေ့လာသူတွေအံ့ အားသင့်ကြရပြီး ပြည်သူလူထုများ မျော်လင့်ချက် ထားရှိလာကြပါတယ်။

သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ်နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက်အမည်စာရင်းတင်သွင်း ခံရသူ ငါးဦးအနက် တစ်ဦးအပါ အဝင် အဆင့်အထိတွေဖြစ်လာခဲ့ပြီး လေ့လာစောင့်ကြည့်သူများက မြန်မာပြည်ဟာ တောင်အာဖရိက သမ္မတ နယ်လ်ဆင် မင်ဒဲလ်လားလို ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုဗီယက်သမ္မတ မီခေးဂို ဘာချော့ဗ်လို ပြုပြင်ပြောင်းလဲသူ ဦးသိန်းစိန် တို့ကို တပြိုင်နက်တည်း ရခဲ့ကြတယ်လို့ ချီးမွမ်းခန်း ထုတ်ခဲ့ကြပါတယ်။ တဖက်က လက်ညိုးထောင် ခေါင်းညိတ်အဆင့်သာ ခန့်မှန်းထားကြတဲ့ လွှတ်တော်မှာလည်း သူရဦးရွှေမန်း၊ သူရဦးအောင်ကို တို့ရဲ့ လက်တွဲခေါ်ဆောင်မှုကြောင့် အတိုင်းအတာတစ်ရပ်အထိ သက်ဝင် လှုပ်ရှားလာပါတယ်။

သို့သော် သုံးနှစ်သက်တမ်းကျော်လာမှာတော့ ပြောင်းလဲမှုအရှိန်ရပ်တံ့လာပြီးတက်ကြွ လှုပ်ရှားသူနဲ့ မီဒီယာသမားအချို့ ဖမ်းဆီးတရားစွဲထောင်ချတာတွေ၊ ဆန္ဒပြကျောင်းသားများကို အကြမ်းဖက် နှိမ်နှင်းတာ၊ ကျောင်းသားခေါင်းဆောင်များ နဲ့ ဆွေးနွေးပွဲရလဒ်များကို လင့်လျူရှုဖေါက်ဖျက်တာတွေ ဖြစ်လာတော့ နောက်ကြောင်းပြန်လှည့်ပြီလားလို့ သံသယတွေ ပွါးလာရပါတယ်။ အစိုးရတက်ခါစ ကြွေးကြော်ချက်ဖြစ်တဲ့ သန့်ရှင်းသော အစိုးရနဲ့ ဆင်းရဲမှုလျှော့ ချရေးများကလည်း ခရီးမပေါက်ခဲ့ဘဲ တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကလည်း တပိုင်းတစ ကျန်ရှိနေပါသေးတယ်။

ဒီလိုအခြေနေမှာ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ချင်းရင်းနှီးပြီး အပြောင်းအလဲ လိုလားသူ ပါတီရဲ့ ယာယီဥက္ကဋ္ဌဌ သူရဦးရွှေမန်းနဲ့သူရဲ့အုပ်စု တာဝန်က ဖယ်ရှားခံကြရတော့ အပြောင်းအလဲလိုလားသူ ပြည်သူများရဲ့ ယုံကြည်မှု ပိုလို့ ကျဆင်းစေရပါတယ်။ အပြောင်းအလဲ အရှိန်အဟုန် ရပ်တံ့သွားတာနဲ့ သူရ ဦးရွှေမန်း အုပ်စု ဖယ်ရှား ခံရခြင်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အပြောင်းအလဲကို အကန့်အသတ်ဖြင့်သာ သွားလိုကြောင်း ခန့်မှန်းရမှာပါ။ တစ်နည်းအား ဖြင့် စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ အကျိုးစီးပွါးကို မထိပါးတဲ့ အဆင့်အထိသာ ပြောင်းလဲနိုင်မှာဖြစ်လို့ စစ်မှန်တဲ့ အပြောင်းအလဲလိုလား သူ ပြည်သူများအတွက် အားထားယုံကြည်လောက်စရာ မရခဲ့ပါဘူး။ တဖက်မှာတော့ တပိုင်းတစ ငြိမ်းချမ်းရေး၊ ရခိုင်အရေးကိုင်တွယ်မှုနဲ့ မျိုးစောင့် ဥပဒေ အတည်ပြုပေး ခဲ့တဲ့ အချက်များကို အနာဂါတ်အမျိုးသားရေး၊ ဘာသာရေး ရင်မအေးကြတဲ့ မိဘပြည်သူများကို နှစ်သိပ်အားပေးမှု ဖြစ်စေခဲ့ပါတယ်။ ဆက်လက်ပြီး ပြိုင်ဖက် NLD ပါတီဖက် ကြည့်ကြရအောင်ပါ။

အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့ပေမဲ့ စစ်အစိုးရက လွှတ်တော် ခေါ်ယူခွင့် မပြုခဲ့တဲ့အပြင် ခေါင်းဆောင်များဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီး လွှတ်တော်အမတ် အချို့ကို ဖမ်းဆီးထောင်ချခြင်း ခြိမ်းခြောက် အကျပ်ကိုင်ပြီး နှုတ်ထွက်သွားကြအောင် ဖိအားပေးမှုတွေ ခံခဲ့ကြရပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ဟာ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားပါတီများနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP)ကို ဖွဲ့စည်းကာ စစ်အစိုးရကို ဆန့်ကျင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို ဆက်လက်တောင်းဆိုခဲ့ကြပါတယ်။ စစ်အစိုးရရေးဆွဲတဲ့ ၂ဝဝ၈ အခြေခံဥပဒေနဲ့ ယင်းဥပဒေကို အခြေခံကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို သပိတ်မှောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီးနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ကြွေးကြော် ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်အမတ်အချို့တို့ လွှတ်တော်ထဲကို ရောက်လာပါတယ်။ ၂ဝဝ၈ ဖွဲ့စည်း ပုံပြင်ဆင်မှုမှာ သော့ချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ နဲ့၊သမ္မတ ဖြစ်ခွင့် ၅၉(စ)တို့ကို ပြင်ဆင်နိုင်ဖို့ စစ်တပ်ကို ဆွဲဆောင်စည်းရုံးမှု က အောင်မြင်မှု မရခဲ့ပါဘူး။ ရခိုင်နဲ့ကချင် အရေးအခင်းမှာ ပြည်တွင်းရော ပြည်ပကပါ အသံတွေ ပွက်လော ရိုက်နေချိန်မှာ NLD ရဲ့ တုံ့ပြန်မှုက နှောင့်နှေး တိုးညှင်းနေ ခဲ့လို့ ဝေဖန် သုံးသပ်မှုတွေ ခံခဲ့ရပါတယ်။

လာမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အများ ယုံကြည်လေးစားတဲ့ ဦးကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ၊ ထင်ရှားတဲ့ နိုင်ငံရေး သမား အချို့ကို ခွင့်မပြုပေးခဲ့လို့ ထောက်ခံသူများအားမလို အားမရ ခံစားကြရပါတယ်။

NLD ကို စိန်ခေါ်မှု အဖြစ်ဆုံး ပြဿနာကတော့ မကြာခင်ကမှအတည်ပြု ခဲ့ပြီး နိုင်ငံတဝှမ်း ခြိမ့်ခြိမ့်သဲ အောင်ပွဲခံကျင်း နေတဲ့ မျိုးစောင့်ဥပဒေ ကိစ္စပဲဖြစ်ပါတယ်။ ဒီဥပဒေပြဋ္ဌဌာန်းရေးမှာ NLD လွှတ်တော် အမတ်များ ကန့်ကွက်ခဲ့ကြတော့ NLD သာ အစိုးရဖြစ်ပြီး လွှတ်တော်ကို စိုးမိုးခဲ့ရင် ဤဥပဒေများနှင့် ၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေ ဆက်လက် မတည်မြဲမှာကို စိုးရိမ် မှုနဲ့ ထောက်ခံသူအချို့ တွေဝေ သွားကြပါတယ်။ အယူအစွဲ ပြင်းထန်တဲ့ လူမျိုးကွဲ ဘာသာခြားများနဲ့ လက်ထပ်ထိမ်းမြားကြတဲ့ ပြည်ထောင်စု တိုင်းရင်းသား အမျိုးသားအမျိုးသမီးများမှာ တဖက်ဘာသာခြားရဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်းအရ လည်းကောင်း၊ နောက်ကွယ်မှ ဘာသာရေးအသင်း အဖွဲ့အရလည်းကောင်း ဖိအားပေးသိမ်းသွင်းမှုများ ခံလာကြရပါတယ်။

ကမ္ဘာအနှံ့အပြားမှာလည်း အစွန်းရောက်အကြမ်းဖက်ကြတာတွေ နားမဆံ့အောင် ကြားလာကြေတာ့ ရဟန်းသံဃာနဲ့ မိဘပြည်သူများမှာ စိုးရိမ်မှု၊ မလုံခြုံမှု၊ ခံပြင်းမှုများ ခံစားလာကြရပါတယ်။

ဒုတိယ အချက်ကတော့ ဧရာဝတီသတင်းမှာပါရှိတဲ့ အင်တာဗျူးကဏ္ဍမှာ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို NLD အယုံအကြည်မရှိဟု ဦးဝင်းထိန်ပြော ( By ဆလိုင်း သန့်စင် On October 12, 2015 @ 12:50 )” ဆိုတဲ့ခေါင်းစဉ် နဲ့ ဖေါ်ပြချက် အပုဒ် ၅ မှာ “NLD အစိုးရ ဖွဲ့နိုင်ပါက ပြည်သူ့ဆန္ဒအတိုင်းဆောင်ရွက်မှာဖြစ်ပြီး ပြည်သူအများ လိုလားနေသည့် စစ်တပ် ကိုယ်စားလှယ် ၂၅% လျှော့ချရေး၊ ၅၉ (စ) နှင့် ၄၃၆ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကို ဦးစားပေးဆောင်ရွက်သွား မှာဖြစ်ကြောင်း၊ ရိုဟင်ဂျာလူမျိုးများ၏ လူနည်းစု အခွင့်အရေး များကို အသိအမှတ် ပြုပေးရေးအား အထူး အလေးပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သာသနာတော် သန့်ရှင်းရေးအတွက် နိုင်ငံရေးလုပ်နေသော ဘုန်းကြီးများအား သံဃာမဟာနာယက အဖွဲ့ကြီးမှ အရေးယူပေးရေးအား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်” လို့ပါရှိပါတယ်။

မူလဋ္ဌဌာနေတိုင်းရင်းသားမဟုတ်တဲ့ လူမျိုးတစ်မျိုး၊ အထူးသဖြင့် အခြားနိုင်ငံက အဓိက လူမျိုး တစ်မျိုးကို ဋ္ဌဌာနေ တိုင်းရင်းသား လူမျိုးစုအဖြစ် အသိအမှတ်ပြုပေးမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ရခိုင်တိုင်းသားတို့ရဲ့ အမျိုးသားရေး၊ လူမျိုး ကိုအခြေခံတဲ့ အမျိုးသားတန်းတူရေး၊ ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေးနဲ့နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးခြိမ်းခြောက် လာမယ့် ပြဿနာတစ်ရပ်ပါ။

စိုးရိမ်မှု မလုံခြုံမှု၊ ခံပြင်းမှုများဟာရှည်ကြာလာရင် အမုန်းတရားကို ပေါက်ဖွားစေပါတယ်။ ဒီလို အခြေအနေမျိုးမှာ မတော် တဆပဲဖြစ်ဖြစ် ၊ တောမီးလောင်တော ကြောင်လက်ခမောင်းခတ် လုပ်လို သူတို့ရဲ့ လှုံ့ဆော် ဖန်တီးမှုဖြစ်စေ ပေါ်ပေါက် လာခဲ့ရင် ယမ်းပုံပေါ်ကို မီးကျသလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ကြရမှာပါ။ ယခုမျိုးစောင့် ဥပဒေဟာ မိဘပြည်သူတို့ရဲ့ စိုးရိမ်ကြောင့် ကြမှုနဲ့သံသယများကို ဖြေလျော့ပေးနိုင်မှာ ဖြစ်တဲ့အတွက် နှစ်ဖက်လူ့အဖွဲ့အစည်းကြားမှာ ယုံယုံကြည်ကြည် ယှဉ်တွဲ နေနိုင်သွားကြမှာဖြစ်လို့ အစဉ်အမြဲတည်ရှိ အပ်တဲ့ ဥပဒေများ ဖြစ်ပါတယ်။

ခြုံငုံသုံးသပ်ကြည့်လိုက်တဲ့အခါမှာ ပြည်သူလူထု လိုလားတောင်းတနေကြတဲ့ အပြောင်းအလဲကို ကြံ့ခိုင်ရေးပါတီ ဦးဆောင်ပြီးသွားမည်ဆိုပါက ဖင့်နွဲကြန့်ကြာနေမှာဖြစ်ပြီး ပြည်သူတို့ရဲ့ လူမှု ဘဝဖွံ့ဖြိုးရေး နှောင့်နှေးသွားမှာ ဖြစ်ပါတယ်။ Change လို့ ကြွေးကြော်နေတဲ့ အဓိက အတိုက်အခံ ပါတီ NLD ရဲ့ ဦးဆောင်မှုမှာတော့ အမျိုးသားလုံခြုံရေးနှင့် တိုင်းပြည် တည်ငြိမ် အေးချမ်းဖို့ရန် အခက်အခဲများရှိလာနိုင်ပါတယ်။ မတည်ငြိမ်မှု ရုန်းရင်းဆန်ခတ်မှုများဟာ တိုင်းပြည်ကို နောက်ကြောင်း အမှောင်ထုထဲချက်ချင်း လက်ငင်း ကျရောက်သွားစေနိုင်ပြီး ဖွတ်မရ ဓါးမရှုံးမှာကို စိုမ်းရိမ်မိပါတယ်။

ထို့ကြောင့် မိမိတို့ကိုယ်စားလှယ်ရွေးချယ်ရာမှာ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ စိတ်ဓါတ်၊ အရည်အချင်း၊ စွန့်လွတ်အနစ် နာခံမှု ဆိုတဲ့ လူရည် လူသွေးကိုသာ အဓိကကြည့်ပြီး ရွေးချယ်မှုကသာ ပို၍ လက်တွေ့ကျပြီး မိမိတို့ဒီမိုကရေစီ ခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ သွက်သွက်လက်လက် ခရီးဆက်နိုင်မှာပါ။

တိုင်းရင်းသားဒေသများမှာဆိုပါကလည်း မိမိတို့တိုင်းရင်းသားပါတီနဲ့ကိုယ့်လူမျိုး တသီးပုဂ္ဂလ ကိုယ်စားလှယ်များကိုသာ ရွေးချယ်ကြပါ လို့ အကြံပြုပါရစေ။

မိမိတို့ တိုင်းရင်းသားများလိုလားနေကြတဲ့ ငြိမ်းချမ်းရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌဌာန်းခွင့်၊ ပြည်ထောင်စု တပ်မတော် ဖြစ်လာရေး၊ မိမိတို့ကိုးကွယ်ရာဘာသာ၊ စာပေယဉ်ကျေးမှု၊ အမျိုးသား ရေးလက္ခဏာ နဲ့ မျိုးနွယ်စုစိတ်ဓါတ်တွေ ရှင်သန်မြင့်မားနိုင်အောင် ထမ်းဆောင် မည့်သူများဟာ မိမိတို့ကာယကံရှင် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားပါတီကသာ နက်ရှိုင်းသော နှလုံးအသိခံစားမှုကနေ အကောင်းဆုံးစွမ်းဆောင် ပေးနိုင်ကြမှာဖြစ်ပါတယ်။

မိမိတို့ ဒေသများမှာခံစားနေကြရတဲ့ မြေယာပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ္တု တူးဖေါ်ရေး၊ ရေကာတာ ဆောက်လုပ်ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ စက်ရုံ၊ သစ်တောပြုံးတီးမှု စသဖြင့် ထိန်းသိမ်းကာကွယ်ရန်နဲ့ အကျိုးခံစား ခွင့်များမဆုံးရှုံးစေဖို့အတွက် မိမိတို့ သွေးရင်းသားရင်း ပါတီအဖွဲ့အစည်းများကသာ ပိုပြီးလက်တွေ့ကျကျ ထိထိရောက်ရောက် ထမ်းဆောင်ပေးနိုင်ကြမှာ ဖြစ်ပါ တယ်။

နိဂုံးချုပ်အနေနဲ့ မိမိရဲ့ ကိုယ်စားလှယ်ဟာ အရည်အချင်းရှိပြီး တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို စိတ်ကောင်း စေတနာကောင်းဖြင့် ကိုယ်ကျိုးမဖက်လုပ်ဆောင်နိုင်မည့်သူ၊ ပြည်ထောင်စုစိတ်ဓါတ် ဖြင့် အမျိုးဘာသာ တိုးတက်ကြီးပွါးရေးအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်မည့်သူများကို ရွေးချယ်ကြ မည်ဆိုပါလျှင် အရည်အချင်းပြည့်ဝမှု၊ ကိုယ်စားပြုမှုရှိပြီး အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း ပါဝင်လာမည့် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်နှစ်ရပ်ကို ရရှိနိုင်ကြမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ဆောင်းပါးရှင် - ခွန်မျိုးမြင့်မြတ်

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...