မော်ချီးတိုက်ပွဲအပြီး KNPP အင်တာဗျူး

မော်ချီးတိုက်ပွဲအပြီး KNPP အင်တာဗျူး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ မြန်မာအစိုးရတို့ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဇွန်လ (၉) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပွဲအပြီး ပစ်ခတ်ရပ်စဲထားတဲ့ ကာလအတွင်း ဇွန်လ (၂၈) ရက်မှာတိုက်ပွဲပြန် လည်ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်ရပ်စဲကာလအတွင်း ပထမဆုံးအကြိမ် ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ကူးဒူ မှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး(၂) ဆရာအောင်ဆန်းမြင့်ကို မေးမြန်းထားပါတယ်။

ကူးဒူ ။     ။ မနေ့က မော်ချီးမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားနေရပါတယ်  ဘယ်လိုကနေစဖြစ်လဲဆိုတာ အကြောင်းရင်းကို ပြောပြပေးလို့ ရမလား။

ဆရာအောင်ဆန်းမြင့်။      ။ လမ်းကြောင်းထဲမှာဘဲသွားမယ် ကျနော်တို့တပ်တွေကတော့ လုပ်ရှားတဲ့ နယ်မြေပေါ်မှာရှိနေမယ် ဆိုပြီးတော့မှ အကြမ်းဖြင့်ပေါ့နော် သဘောတူညီထားတာရှိတယ်ဆိုတော့ ခုတပ်တွေ ကမော်ချီးနဲ့ ၁၄မိုင် ၁၅ မိုင်လောက်ကို ဝေးတဲ့ တောထဲကိုပေ့ါနော် ရောက်လာတယ် ရောက်လာတော့ ကျနော်တို့က  နယ်စပ် လုံခြံုရေးဝန်ကြီးကို စပြီးတော့ အကြောင်းကြားတယ်၊ သတင်းပို့တယ် စစ်တပ်တွေကျွံ လာပြီ နဂိ်ုက သူတို့က လမ်းအတိုင်းသွားမယ် ဟိုလမ်းကြောင်းအတိုင်းဘဲပေါ့နော် ရိက္ခာသယ်ယူတာတို့ ဘာတို့ ညာတို့ပေါ့ ဒါတွေ လုပ်မယ် ပေါ့ လုံခြံုရေးတို့ဘာတို့ လိုမယ် ဒါတော့ ကျနော်တို့ လက်ခံထားပါတယ် ဒါမဲ့ အခုက ဟိုးတပ်စခန်းနဲ့ အဝေးကြီးပေါ့နော် တောထဲကိုရောက်လာတဲ့ အခါမှာ ကျနော်တို့က အကြောင်းကြား လာတဲ့ အခါမှာ အဲဒါသူတို့တပ်မဟုတ်ဘူး အဲလိုပြောတယ် ပြောတဲ့အခါကျတော့ အဲမှာ မနေ့ကမနက်၁၀နာရီ လောက်ပေါ့ ဒီပို့ဆောင်ရေးခရီးမှာ နည်းနည်းတိုက်ပွဲဖြစ်သွားတယ်။ သုံးလေးငါးယောက်လောက်တော့ နည်းနည်းထိသွားနို်င်တာပေါ့။ ဒါပေမဲ့လဲ ကျနော်တို့ ဒီနေ့ ပြန်ပြီးတော့မှ သူတို့ အစိုးရနဲ့ အဆက်အသွယ် တွေပြန်လုပ်တယ်လေ အဲဒီနောက်မှာ သူတို့လဲ သဘောပေါက်ပါတယ် အခုလို အာ.. ဒါကတော့ဘယ်လိုပြော ရမှာလဲ အောက်ခြေမှာပေါ့ ရဲဘော်တို့ အယူအဆတော့ ဒီအမြင်မှားမှုလေးတွေပေါ့နော် ဒီလိုမျိုးအသေးအမွှား ကိစ္စလေးတွေရှိတယ်။ တိုက်ပွဲအကြီးတော့မဟုတ်ပါဘူး။ အဲလိုမျိုးပေါ့နော် ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ နှစ်ဖက်ပြန်ပြီးတော့ ထိန်းကြဖို့ပေါ့နော် ကျနော်တို့ စကားပြောဖြစ်ကြတာပေါ့ ပြဿနာကတော့ သူတို့လဲတိုက် ပွဲဖြစ်ပြီးမှာ အခုတော့ သူတို့ တပ်ရင်းမော်ချီးဖက်ပြန်ရောက်သွားပြီ။

ကူးဒူ။   ။ ဟုတ်ကဲ့ အဲဒီတပ်ရင်းက ဘာတပ်ရင်းလဲ မသိဘူးခင်ဗျ ။

ဆရာအောင်ဆန်းမြင့်။      ။ ၅၃၀ ထင်တယ် ။

ကူးဒူ ။    ။  ၅၃၀ အဲဒီ ဒီမော်ချီးမှာ ထိုင်တဲ့တပ်ဘဲနော်။ 

ဆရာအောင်ဆန်းမြင့်။       ။ မော်ချီး ၅၃၀ က ဘယ်မှာလဲမသိဘူး ။ ဒါပေမဲ့ သူ့ … သူ့စခန်းရှိတဲ့နေရာ သူပြန်သွားတယ်လို့ပြောတာလေ။

ကူးဒူ။     ။ နောက်ဆရာတို့ အဲဒီမျိုး ပြန်ညှိအခါကျတော့  ပြေလည်မှုရှိလား။

ဆရာအောင်ဆန်းမြင့်။       ။ အေပေါ့ အခုလက်ရှိကတော့ ထပ်မဖြစ်ဘူးပေါ့နော် ဒါတော့ နှစ်ဦးနှစ်ဖက် ပေါ်ခေါင်းဆောင်တွေကတော့ အဆက်အသွယ်လုပ်နေကြတာပေါ့ နောက်ဆက်ပြီးမှ မဖြစ်ဖို့ ဘာတို့ ညာတို့ပေါ့ နောက် ကျနော်တို့ ဆက်ဆံရေးရုံးက လဲဆက်ရှိနေသေးတယ်လေ။ ဒါ့အပြင်ကျနော်တို့ ဒီလိုမျိုး ပစ်ခတ်ရပ်စဲ ရေးကို လေ့လာစောင့်ကြည့်ဖို့ပေါ့နော် စောင့်ကြည့်လေ့လာဖို့ အဖွဲ့တွေလည်း ဒီကနေ့အဲဒီဆွေးနွေးမှု အကြောင်းတွေ ကျနော်တို့ ဆွေးနွေးကြတာပေါ့နော် ဖွဲ့ဖို့ ပေါ့ သူတို့ဖက်ကလူလဲ ပါမယ် ကိုယ့်ဖက်ကလူလဲ ပါမယ်ပေါ့နော် ဆိုတော့ အခြေအနေကတော့ သိပ် တင်းတင်းမာမာတော့မဟုတ်ပါဘူး ဒါကတော့ ဟို အဖွဲ့တိုင်း မှာတော့ ဒီလိုမျိုးဘဲ အောက်ခြေတော့ မထိတထိဖြစ်တာလေးတော့ရှိမှာပေါ့။

ကူးဒူ။     ။  နောက်ဒီ ဆရာအနေနဲ့ ဒီလိုမျိုးတိုက်ပွဲဖြစ်တာက ဟို အခြေအနေက ဘယ်လိုလာလဲဆိုဆရာအနေနဲ့ ဘယ်လိုမျိုးမြင်လဲပေါ့နော်

ကေတီမှ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်အား အင်တာဗျူးနေစဉ် (ဓါတ်ပုံ-ကေတီ)ဆရာအောင်ဆန်းမြင့်။       ။ ဒါကတော့ ခုနပြောသလိုဘဲပေါ့နော် ကျနော်တို့က လက်နက်ကိုင်ထားကြ တယ်ဆိုတော့ အခုအဲဒီအပစ်ခတ်ရပ်စဲရေးကို ကျတော်တို့က တည်ငြိမ်အောင်ကြိုးစားနေတယ်လေနော် အဲဒီအပစ်ခတ်ရပ်စဲရေးကို ခိုင်မာအောင် ကျနော်တို့ နည်းမျိုးစုံနဲ့လုပ်နေပါတယ် အခုလဲ ကျနော်တို့ နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ကျနော်တို့ ဖွဲ့ဖို့ ကြိုးစားနေတယ် ကျနော်တို့ ဆီမှာလဲ ဒီနေ့ဘဲ ကျနော်တို့ အဲဒါကိုတိုင်ပင်ဆွေးနွေးတယ် သူတို့ဖက်ကလဲ ဖွဲ့ဖို့ရှိတယ်ပေါ့ ရှိတဲ့အခါကျလို့ရှိရင် အာ.. ဒီပစ်ခတ်ရပ်စဲရေးပေါ နောက်ဒါမျိုးတွေမဖြစ်အောင်ပေါ့ သူဖက်ကိုယ့်ဖက်ကို ထိန်းသွားနိုင်မယ်လို့ ကျနော်ထင်တယ် ဒါအပြင်ကျနော်တို့က လူထုအဖွဲ့အစည်းတွေ.. လူငယ်အမျိုးသမီးပေါ့… ရပ်မိရပ်ဖတွေပါဝင်တဲ့ ... ဒေသလေ့လာစောင့်ကြည့်အဖွဲ့ တွေလဲရှိသွားမယ် ရှိရင် ဒါကတော့ နဲနဲ ဘယ်တပ်ကတော့ နည်းနည်းမှားနေပြီ လွန်ကျွံနေတယ်  သူတို့လဲ အဲလိုတင်ပြလို့ရတယ်လေ ဆက်ပြီးမှထိန်း သွားဖို့ရှိပါတယ် နောက် သူတို့ခေါင်းဆောင်တွေနဲ့ ကျနော်တို့ဒီနေ့ဆက်သွယ် ရတော့ သူတို့လဲထိန်းသွား မယ့်အနေအထားနည်းနည်းရှိပါတယ် နောက်ကျနော် တို့ဖက်ကလဲ ဆက်ပြီးမှမဖြစ်ဖို့ပေါ့နော် ထိန်းသွားဖို့ရှိ ပါတယ် ဆိုတော့ အဓိကက နှစ်ဦးနှစ်ဖက် ဟို သဘောတူထားတဲ့အတိုင်း ဒီလိုမျိုးပေါ့နော် ကျနော်တို့ဆက် သွားမယ်ဆိုရင်တော့ ဟို ပြဿနာမရှိပါဘူး

ကူးဒူ။     ။ နောက်အခုသူတို့တပ်က အင်အားဘယ်လောက်ရှိလဲမသိဘူးဆရာ ။

ဆရာအောင်ဆန်းမြင့်။      ။ အေအဲဒီမှာဖြစ်တာခါကျတော့ သူတို့ဟို အထဲက တပ်မှူး အထဲထဲ ကတပ်မှူး တွေကပြောတော့ သူတို့အင်အား ၁၀၀ ကျော်နဲ့လာတယ်လို့ပြောတာဘဲ ဒါမဲ့ သူတို့ပြောတာကတော့ အဲဒီမှာ မော်ချီးတောင်ငူကားလမ်းမှာပေါ့နော် လမ်းတွေဘာတွေလာတိုင်းထွာဖို့ ဘာတို့ညာတို့ ဆိုပြီးအကြောင်းပြပြီး အမှန်မှန်ကတော့ ဒါတွေက စီမံကိန်းတွေလုပ်မယ်ဆိုလဲ ကျနော်တို့နဲ့ ညှိနိုင်းဖို့ဆိုတာ သဘောတူညီထားပြီး ဖြစ်တယ်လေ ဒါနော်တို့လဲ မသိဘူး နောက်ကျနော်တို့လဲ အဲလိုမျိုးမဖြစ်ခင်မှာ ကျနော်တို့လဲ သူတို့ကို လှမ်းပြီးအကြောင်းကြားတာဘဲလေ သူတို့ဖက်ကတော့ ဘယ်သူလွန်တယ် ဘယ်သူမှားတယ်ဆိုတာ သူတို့သိမှာပါ။

ကူးဒူ။     ။  ဦးဆောင်တဲ့ သူတို့တပ်ရင်မှူးနာမည်ကော သိလားဆရာ။

အောင်ဆန်းမြင့်။    ။ အော် အဲဒါကတော့ တပ်ပိုင်းဆိုင်ရာတွေနဲ့ နဲဲနဲ အတိအကျမေးကြည့်နော် ကျနော်တို့ တော့  imformation share အဖြစ်ပျက်လောက်ဘဲ ကျနော်ခုန ဆွေးနွေးကြရတာပေါ့နော် အတိကျတော့ တပ်နာမည်တွေ နောက် တပ်မှူးနာမည်တွေကိုတော့ တပ်ပိုင်းဆိုင်ရာတွေမေးလို်က်ပေါ့ ။

ကူးဒူ။   ။ ခုန ထိခိုက်သွားတယ် ဆရာပြောတာက ဟို အစိုးရတပ်ဖက်ကလား။

ဆရာအောင်ဆန်းမြင့်။     ။ အေး အစိုးရတပ်ဖက်ကပေါ့နော် နည်းနည်းအထိအခိုက်ရှိသွားတယ်လို့ ကျနော်တို့ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေက ပြောတာကိုး သူတို့က ကျနော်တို့ကိုပြန်ပြီးတော့မှ အစည်းအဝေးမှာချပြ တော့ ကျနော်တို့သိရတာပေါ့။

ကူးဒူ။   ။ နောက်ဒီအပေါ်ဆရာတို့ ဘယ်လိုထပ်ပြီးတော့ ဖြည့်စွက်ပြောချင်လဲပေါ့နော်။

ဆရာအောင်ဆန်းမြင့်။       ။  လောလောဆယ်ကတော့ ကျနော်တို့ တကယ်တမ်း ဒီစစ်မှန်တဲ့ငြမ်းချမ်းရေး ကိုသွားချင်ရင်တော့ ကျနော်တို့ဦးနှစ်ဖက်က ဒီအသေးအမွားလေးက အစပေါ့ တာဝန်ယူရမယ် တာဝန်ခံရမယ် နှစ်ဦးနှစ်ဖက် ကတိကဝတ် ပြုထားတဲ့အပေါ်မှာ ကျနော်တို့ တကယ်တမ်းစောင့်ကြည့်ပြီးတော့ ကျမှတ်ဖို့လိုတာ ပေါ့ ဒါကတော့ တစ်ဖက်တည်းကနေပြီးမှ လိုက်နာပြီးတော့ လုပ်နေလို့မဖြစ်ဘူးလေနော် နှစ်ဦးနှစ်ဖက်မှာ တာဝန်ရှိတယ်ဆိုတာ ကျနော်ပြောချင်တယ်။

ကူးဒူ။     ။ နောက်အရင်ကပေါ့နော် ဆရာတို့ဆွေးနွေးတဲ့ အချိန်လဲ ဒီ တပ်ကိစ္စနဲ့ပေါ့နော် ဟို ဘယ်လိုအခြေ အနေရှိလဲပေါ့ ဒီအရင်က ဆရာတို့နောက်ဆုံးသွားတွေ့ဆုံတဲ့အချိန်လေ ။

ဆရာအောင်ဆန်းမြင့်။      ။ ကျနော်တို့ဒီ ဂျွန်လ ၉ရက်နေ့က ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာတော့ တပ်ပိုင်းဆိုင်ရာ အချက်တွေပေါ့ နော် အချက်တွေက တော့ ၁ ၊ ၂ ၊ ၃ ၊ ၅ တော့ မပြေလည်သေးဘူးပေါ့နော် နောက်တစ်ဆင့်ဆွေးနွေးပွဲမှာ ဆက်ပြီးဆွေးနွေးသွားမယ် ဆိုတဲ့ သဘောတူညီချက်ဘဲ ရသေးတာပေါ့ ဥပမာအားဖြင့်ဆိုလို့ရှိရင် ဒီဒေသခံတပ်တွေကို ပြင်ပက သွင်းလာတဲ့ တပ်မတွေ စကခ တွေကိုပြန်ရုပ် သိမ်းဖို့တောင်းဆိုတဲ့ အခါ ဒါက သူတို့ ကာကွယ်ရေးဦးစီးချုပ်နဲ့တောင်မှ မပြီးနိုင်တဲ့ သဘောဖြစ်နေတယ်။ တပ်ရင်းမှူးနဲ့ မပြီးနိုင်ရင် ကာကွယ်ရေးဦးစီးချုပ်ဆီ ထပ်တင်ပြရမဲ့ သဘောရှိတယ် ဆိုတော့ အဲဒါတွေမပြေ လည်ဘူး နောက်ပြီး လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေချင်တဲ့ တပ်စခန်းလေးတွေ ကျနော်တို့ ရုပ်သိမ်းပေးဖို့ ပြောတာလဲ ဒါက ထပ်ပြီးဆွေးနွေးရမှာပေါ့နော် အဲလိုမျိုးလေးတွေရှိတယ်လေ ဆိုနှစ်ဦးနှစ်ဖက်တပ်သွားလာ ဟိုခနလိုလမ်းကြောင်းအတိုင်းသွားမယ် ကျနော်တို့ကတော့ ရှိမြဲရှိအတိုင်းဘဲပေါ့။

စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ကာလအချိန်အခါမှာ အသေးအမွှားလေးကိစ္စတွေကအစ အစိုးရနှစ်ဦးနှစ်ဖက်စလုံးက အောက်ခြေအထိကျမှတ်သွားဖို့လိုအပ်တယ်လို့ သိရပါတယ်ခင်ဗျ။

Most read this week