ပြည်သူလူထုဘက်မှ BGF ရပ်တည်သွားမည်ဟု ဗိုလ်မှူးကြီးစောချစ်သူ ပြောကြား

ပြည်သူလူထုဘက်မှ BGF ရပ်တည်သွားမည်ဟု ဗိုလ်မှူးကြီးစောချစ်သူ ပြောကြား
by -
ကေအိုင်စီ

ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်များအနေဖြင့် ပြည်သူလူထုအကျိုးအတွက ်ရှေးရှုပြီး ဆက်လက်ရပ် တည်သွားမည်ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့စည်းခြင်း (၄)နှစ်ပြည့်အခမ်းအနားတွင် BGF ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောကြားလိုက်သည်။

ဗိုလ်မှူးကြီးစောချစ်သူက “ကျနော်တို့ အရင်လက်နက်ကိုင်တာကလည်း ကိုယ့်ပြည်သူတွေ လုံခြံုမှုပေးနိုင် အောင်လို့ပါ။ ကျနော် တို့လက်နက် ကျနော်တို့လက်ထဲမှာပဲ ရှိပါသေးတယ်။ နယ်ခြားစောင့်တပ် ရဲဘော်များအနေနဲ့ကလည်း ပြည်သူလူထုယုံကြည် အားကိုးလာအောင် စည်းကမ်းပြည့်ဝစွာနဲ့ နေထိုင်ကျင့် သုံးသွားပြီး ပြည်သူတွေဘက်က ရပ်တည်သွားရမယ်”ဟု ပြောသည်။

၎င်းအပြင် နယ်ခြားစောင့်တပ်များအနေဖြင့် စောဘဦးကြီး မူလေးချက်နဲ့အညီ ကရင့်လက်နက် ကရင်လက်ထဲ တွင်သာ ရှိရမည် ဖြစ်ပြီး ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်အောင် အားလုံး စည်းလုံးညီညွတ်ရ မည်ဟုလည်း ဗိုလ်မှူးကြီးစောချစ်သူက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ထိုမှတဆင့် (ယခင်)တိုးတက်သော ကရင်ဗုဒ္ခဘာ သာတပ်မတော်(DKBA) ရှိ အချို့သောတပ်ဖွဲ့ဝင်များမှ ခွဲထွက်ကာ နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ခုနှစ်၊ သြဂုတ်လ ၂၀ရက်နေ့ တွင် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၎င်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစော ဂျော်နီကလည်း “ပြီးခဲ့တာတွေပြီးပြီ။ ဘာမှ မလိုဘူး။ အားလုံးဟာ ကရင်ပဲ။ ကိုယ့်ကိုကိုယ် ကရင်မှန်းသိပြီး ကရင်အလုပ် ကရင် လုပ်ဖို့ပဲ လိုတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်ကျေးရွာ၌ ပြုလုပ်သော အခမ်းအနားတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ်တင်မောင်ဝင်းနှင့် နယ်ခြားစောင့်တပ် တာဝန်ရှိသူများ၊အခြားကရင် လက်နက်ကိုင်အဖွဲ့များ၊ အစိုးရဌာနဆိုင်ရာများ၊ တိုင်း ရင်းသားခေါင်းဆောင်များ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၄၀၀၀ကျော် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

နံနက် ၉နာရီ၌ စတင်ခဲ့သည့် ယင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားခြင်း အစီအစဉ်၊ နယ်ခြားစောင့်တပ် တပ်ရင်းများဖြစ်သည့် (၁၀၁၅)၊ (၁၀၁၆)၊ (၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)၊ (၁၀၂၀)နှင့် အမှတ် (၃)တပ်နယ်ရှိ တပ်ရင်းများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မှ ဘင်ခရာတီးဝိုင်းများမှ စစ်သည်များ အပါအဝင် စစ်ကြောင်း ၈ကြောင်းမှ စစ်သည်အင်အား ၄၂၀က စစ်ရေးပြ အခမ်းအနား များ ပြုလုပ်ခဲ့သည်ဟု နယ်ခြားစောင့်တပ်တာ ၀န်ရှိသူများက ဆိုသည်။

အလားတူ ကရင်ပြည်နယ် မြဝတီမြို့၌လည်း ဗိုလ်မှူးစောမုတ်သုန် ဦးစီးသော နယ်ခြားစောင့်တပ် အမှတ်(၁၀၂၂)ကလည်း ၎င်း တို့၏ တပ်ဖွဲ့စည်းခြင်း ၄နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ ကျင်းပခဲ့သည်ဟု သိရသည်။

Most read this week