ပြည်တော်ပြန်ရေးကိစ္စ ဒုက္ခသည် ဆန္ဒကောက်ယူဖို့တော့ မသင့်တော်

ပြည်တော်ပြန်ရေးကိစ္စ ဒုက္ခသည် ဆန္ဒကောက်ယူဖို့တော့ မသင့်တော်
by -
ကူးဒူ

(ဆောင်းပါး) မြန်မာတိုင်းရင်းသား စစ်ပြေးဒုက္ခသည် တွေအနေနဲ့ မိမိတို့လက်ရှိ ခိုလုံနေထိုင်နေကြတဲ့ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းတွေမှာတသက်လုံး အခြေချနေထိုင် လို့ မရဘူးဆိုတာ ဒုက္ခသည်တို့ အနေဖြင့်နားလည် သဘောပေါက်ထားကြပါတယ်။

မြန်မာတိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအနေနဲ့ မိမိတို့လက်ရှိ ခိုလုံနေထိုင်နေကြတဲ့ထိုင်းနိုင်ငံဒုက္ခသည် စခန်းတွေမှာ တသက်လုံးအခြေချနေထိုင်လို့ မရဘူးဆိုတာ ဒုက္ခသည်တို့အနေဖြင့် နားလည်သဘောပေါက် ထား ကြပါတယ်။ တိုင်းပြည်လွတ်လတ်တဲ့တနေ့ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်ကို ပြန်နေကြဖို့မျှော်လင့် ချက်တော့ရှိကြပါတယ်။

ဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံမှာ ခိုလုံနေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိသွားပြီးဖြစ်တဲ့ အတွက် ဒုက္ခသည်တွေကို ဒီအတိုင်းဘဲဆက်ထားလို့ မဖြစ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေဟာ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေကို အသုံးချပြီး မြန်မာစစ်အစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဆူပူမှုတွေဖြစ်ပေါ်စေပြီး တိုင်းပြည်မအေးမချမ်း၊မတည် မငြိမ်ဖြစ်နေရတယ်လို့ မြန်ပြည်က အသစ်တက်လာတဲ့အစိုးရက ပြောဆိုထားပါတယ်။တဆက်ထဲမှာ ဘဲ နယ်စပ်ဒုက္ခသည်စခန်းတွေကို ပိတ်ချပစ်ဖို့ လိုအင်ဆန္ဒရှိနေကြတဲ့ အဲန်ဂျီအိုအုပ်စုတွေလည်း ရှိနေကြောင်း ပြည်ပရှိမြန်မာမီဒီယာတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

“အကြောင်း အမျိုးမျိုးကြောင့်၊ နောက် ပြည်ပကို ရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားတွေ ကိုလည်း ပြစ်မှုတစုံတရာ ကျူးလွန်သွားတာမရှိဘူး ဆိုလို့ရှိရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ ဒါ စဉ်းစားပေးမှာ ဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲ၌ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

“ ပြစ်မှုကျူးလွန်ခဲ့သည့် တိုင်အောင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ ဒါ သဘောထားကြီးစွာနဲ့ စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်” လို့ သမ္မတက သူ့ရဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

သမ္မတရဲ့ ပြောဆိုမှုတို့ဟာ မြန်မာဒုက္ခသည်တွေအကြား UNHCR ရဲ့ မူဝါဒတွေ ပြောင်းလဲလာမလားဆိုတဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။

ဟောပြောပွဲအတွင်းသို့ ရပ်ကွက်အလိုက် တက်ရောက်လာကြသော ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း (ဓါတ်ပုံ-ကေတီ)ဒါကြောင့် လူဦးရေ ၂၀၀၀၀ ခန့်ရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအတွင်း သြဂုတ်လ ၃၁ ရက်နေ့ကစခန်းအုပ်ချုပ် ရေးနဲ့ လူထုအကြား ဟောပြောပွဲတွေ စတင်နေတာကို တွေ့ရပါတယ်။

“အိုးအိမ်၊ လယ်ယာမြေ၊ ကျွဲ၊ နွား တွေက ဘာတခုမှ မရှိတော့ဘူးလေ။ အဲကြောင့် အဖိုးတို့ အနေနဲ့ ပြန်မယ်ဆိုရင်လည်း စားဝတ်နေရေး အစစ အရာရာတွေကို စီစဉ်ပေးနိုင်ဖို့ ဆိုတာက လွယ်တဲ့အလုပ်မဟုတ် ဘူးလေ။ အခု သမ္မတကြီးက ပြန်လာပါလို့ ပြောနေတဲ့ စကားဟာ စိတ်ထဲမှာ လိမ်နေတယ် ဆိုတာသိပြီးသား ပဲလေ။ အခု အဖိုးရဲ့ ခံယူချက်ကတော့ အေးအတူပူအမျှ ကိုယ့်လူကြီး အဖွဲ့အစည်းနဲ့ပဲနေသွား မယ်။ တတိယနိုင်ငံဆိုတာလည်း အဖိုးလည်း သွားမှာ မဟုတ်ဘူး။ တနေ့ ပြန်ခွင့်ရပြီလို့ ပြောတဲ့ တနေ့မှာပဲ ကိုယ် အဖွဲ့့အစည်း ကိုယ့်လူကြီးတွေနဲ့ပဲ အတူ ပြန်သွားမလို့ ယုံကြည်တယ်” လို့ ကရင်နီ အမှတ် ၁ ဒုက္ခသည် စခန်းမှာ  အနှစ် ၂၀ နေထိုင်လာခဲ့တဲ့ ခူးငါးရယ်က ပြောပါတယ်။

UNHCR အနေဖြင့် မြန်မာအစိုးရဲ့ ပြောဆိုချက်ကို ယုံကြည်ခဲ့ပါက ဒုက္ခသည် အသစ်များ လက်မခံတော့ဘဲ တတိယနိုင်ငံသို့ အခြေချနေထိုင်ရေး အစီအစဉ်ကိုလည်း ရပ်ဆိုင်းနိုင်မလားဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို လည်း လူထုဟောပြောပွဲမှာ ဆွေးနွေးဖလှယ်ကြပါတယ်။ အဓိကတော့ ပြည်သွင်းသို့ ပြန်မလားဆိုတဲ့ စိန်ခေါ်မှုအပေါ် ဒုက္ခသည်တို့အနေနဲ့ အချိန်ယူပြီးအသေအချာ စဉ်းစားဆုံးဖြတ်ဖို့ဘဲ ဖြစ်ပါတယ်။

အမှတ် -၁ ဒုက္ခသည်စခန်းတွင်း လူထုဟောပြောပွဲတွင် ကရင်နီဒုက္ခသည်အမျိုးသားတဦးမှမိန့်ခွန်းပြောကြား ရာမှာ… “ကျနော်တို့တွေဟာ စစ်ဘေးဒဏ်ကြောင့် ကျနော်တို့ ဒီနေရာကို ရောက်လာနေကြတာ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ ပြန်မယ်ဆိုရင် ကျနော်တို့ရဲ့ လုံခြံုမှုဆိုတာက သိပ်ကိုအရေးကြီးနေပါတယ်။ ဒီနေ့ မြန်မာပြည်ကိုကြည့်တဲ့ အခါမှာ အရင်က အပစ်ရပ်ထားတဲ့ အဖွဲ့တိုင်းလိုလိုဟာ တောပြန်ခိုပြီးစစ်ပြန်ဖြစ်နေ ကြတယ်။ စစ်ဖြစ်တဲ့ နေရာတဝိုက်မှာလည်း  IDP ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီပြီးတော့ထွက်ပြေးနေ ကြတာ တွေလည်း ရှိနေကြတဲ့အတွက် ကျနော်တို့ ပြန်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ ခဏနေ တခြား NGOs အဖွဲ့ အစည်းတွေက ဝင်လာပြီးတော့ ပြန်မလားနေမလား သွားမလားဆိုတဲ့မေးခွန်းတွေလာ ပြီးတော့ မေးခဲ့ရင် တချို့သောလူတွေက နားရောင်မိမှာကို စိုးရိမ် နေရတယ်”

မြန်မာနိုင်ငံတွင် စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေဖြစ် တဲ့ ထဟင်၊ ဘန့်ဒုံယမ်း၊ အုန်းဖျံ၊ မယ်လ၊ နို့ဖို့၊ ဘန်မိုင်နိုင်ဆွိုင်၊ ဘန့်မယ်စူရင်း၊ မယ်လဦး၊ မယ်ရာမူလမ်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ဝေဟန်ဆိုစခန်း ၁၀ ခုတို့မှာ ယာယီခိုအောင်းနေကြရပါတယ်။

တတိယနိုင်ငံ အခြေချနေထိုင်ရေးအစီအစဉ်မှာ ဒုက္ခသည်တွေ ထောင်နဲ့သောင်းနဲ့ချီပြီးပါသွားခွင့်ရှိပြီဖြစ် ပေမယ့် လက်ရှိနယ်စပ်စခန်းတွင် မြန်မာတိုင်းရင်းသားဒုက္ခသည် ၁ သိန်းကျော်ရှိနေသေးကြောင်း ထိုင်းမြန်မာဒုက္ခသည် ကူညီပေးနေတဲ့ Thailand Burma Border Consortium – TBBC ရဲ့ နောက်ဆုံး အစီရင် ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှတ်တဲ့ ဒီမိုကရေစီနဲ့ စစ်မှတ်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ဖို့လက်ရှိထိုင်းနိုင်ငံအတွင်း မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ပိတ်ချလိုက်ပြီး ဒုက္ခသည်တွေကို နေရပ်သို့ပြန်ပို့ရမယ်ဆိုတဲ့ နည်းလမ်းထက် လက်ရှိ အစိုးရအနေဖြင့် စစ်မှန်တဲ့ ပြောင်းလဲမှုလုပ်လိုပါက ပြည်တော်ပြန်ရန် ခေါ်ယူခြင်းထက် ပြည်တွင်းစစ် ငြိမ်းချမ်းရေးနဲ့ အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ကိုပထမဦးဆုံးလုပ် ဆောင် သင့်ကြောင်း ပြည်ပရောက် မြန်မာ့အရေး လုပ်ဆောင်သူများနဲ့  ဒုက္ခသည်တွေက ဆိုကြပါတယ်။

“ ကျမတို့ အတော်များများကလည်း အိမ်ပြန်ချင်ကြတယ်လေ။ ပြန်ချင်ကြတဲ့ အဓိက ရည်ရွယ်ချက်ကလည်း နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုရှိနေရင် ပြန်ချင်ကြတာပဲလေ။ ကျမ အမြင်ကတော့ သူ(သမ္မတသိန်းစိန်) ဆိုလိုချင်တာ မင်းတို့ ပြန်လာလို့ရပြီ နိုင်ငံတော်က ပြောင်းလဲနေပြီ ဆိုတဲ့ ပုံစမျိုးနဲ့ သက်သေပြချင်တဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်။ ကျမဆိုလိုချင်တာက တကယ်တမ်း ပြန်ချင်ကြမယ်ဆိုရင် အထဲမှာ လွတ်လပ်မှု ဘယ်လောက်ရှိမှာလဲ။ တကယ်တမ်းပြန်ကြမည့် လူအတွက်ရောလုံခြံုမှုဆိုတာရှိရဲ့လားဆိုတာပြန်စဉ်းစားရ မယ်လေ။ အခုက အထဲက နိုင်ငံရေး အကျင်းသားတွေကိုလည်း ပြန်မလွတ်ပေးသေးဘူး။ ပြီးတော့ တိုင်းရင်သားဒေသမှာ ဖြစ်နေတဲ့ဟာလည်း သူတို့ ဘာအစီစဉ်မှ မရှိပဲ ကူညီမှုမရှိပဲနဲ့ အပြည်ကလူတွေ ပြန်လာပါ ဆိုတဲ့ဟာကတော့ ကျမထင်တယ် လုံခြံုမှုမရှိဘူး။ တကယ်တမ်းလည်း ကျမတို့ ပြန်လို့လည်း မရပါဘူး။ စကားအဖြစ်ပဲ ရှိနေမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးမှာ ပါဝင်လုပ်ရှားတဲ့ သူတွေအနေနဲ့ပြန်မယ်ဆို ရင်လည်း ထောင်ကျမှာပဲလေ။ ဒါက ထောင်ခြောက် တခုလို့ပဲထင်မိပါတယ်” လို့လန်ဒန် အခြေစိုက်မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့-Burma Campaign UK တွင် လှုပ်ရှားမှု တာဝန်ခံ တဦးအဖြစ်တဲ့ မဝေနှင်းပွင့်သုန် က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် အတည်တကျမရှိပဲ ပြောင်းရွှေ့နေရသူပေါင်း ၆၂,ဝ၁၅ ဦး ရှိကာ ဘင်္ဂလားဒေချ်၊ အန္ဒိယ၊ ထိုင်း၊ မလေးရှားစတဲ့နိုင်ငံတွေမှာ ခိုလုံနေတဲ့ မြန်မာဒုက္ခသည်မှာ ၄၁၅,၆၇ဝ ဦးရှိတယ်လို့ UNHCRရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

UNHCR အနေဖြင့် ဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး တိကျခိုင်မာတဲ့ အဖြေတရပ်ဖြည့်ဆည်းပေးနိုင်ရန် အတွက် ရှာဖွေသုံးသပ်နေဆဲရှိပြီး မြန်မာပြည် ပြောင်းလဲမှုရှိ၍ ပြန်ကြမည် ဆိုပါကလည်း အတတ်နိုင်ဆုံး စေတနာထား၍ လုပ်ကိုင်ပေးသွားမယ်လို့ အိန္ဒိယအခြေစိုက် UNHCR ရဲ့ Chief of Mission ဖြစ်သူ မစ္စစ် Montserrat Feixas Vihe က ပြောပါတယ်။

ပြည်တော်ပြန်ရေး၊ မပြန်နိုင်ရေးကိစ္စကိုတော့ ဒုက္ခသည်တဦးချင်းစီရဲ့ ဆန္ဒကိုကောက်ယူပြီး လုပ်သွားလို့ မရပါဘူး။ ဒုက္ခသည်တွေအနေနဲ့ ပြည်တွင်းသို့ပြန်ပြီး မိမိတို့ရဲ့ အနာဂတ် လုံခြံုစိတ်ချမှုကို မိမိတို့အနေဖြင့် ဖန်တီးလုပ်ယူခွင့်မရှိကြပါဘူး။ ယခုတိုင်းပြည်ရဲ့အခြေအနေဟာ အမှန်တကယ် လွတ်လပ်မှုမရှိသေးသလို ဒီမိုကရေစီနည်းလမ်းအရ နိုင်ငံရေးလုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေဆဲဘဲ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ခတ်ရပ်စဲရေးကိစ္စမှာလည်း အစိုးရက တတိုင်းတပြည်လုံးကမ်းလှမ်း ရမည့်အစား ဟိုတစုတမျိုး ဒီတစုတမျိုး လုပ်နေတဲ့အပေါ်မှာ တိုင်းရင်းသားအုပ်စုတွေ အနေနဲ့ အစိုးရအပေါ် ဘယ်လိုမှယုံကြည်မှု တည်ဆောက်လို့ရမှာ မဟုတ်ကြောင်း...

Most read this week