မြန်မာစစ်တပ်နှင့် KIA ကြား မြစ်ကြီးနား-ဗန်းမော် လမ်းတွင် တိုက်ပွဲဖြစ်

မြန်မာစစ်တပ်နှင့် KIA ကြား မြစ်ကြီးနား-ဗန်းမော် လမ်းတွင် တိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

အောက်တိုဘာ ၁၄၊ ယနေ့ နံနက် အစောပိုင်းမှ ထပ်မံပြီး ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်း ဂါးရာယန်ကျေးရွာ အနီး တောင်ကုန်း (Lung Zep Kawng) တွင် မြန်မာအစိုးရနှင့် KIO စစ်တပ်များ ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယမန်နေ့ညနေပိုင်း ယင်းနေရာတွင်ဖြစ်ပွားတဲ့ တိုက်ပွဲတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသော အစိုးရ စစ်သားများကို သုံးဘီးကား (ဆိုင်ကယ်) ၃ စီးနှင့် ကား ၁ စီးတို့ဖြင့် ၀ိုင်းမော်ဘက်သို့ သယ်ယူသွားသည်ဟု မျက်မြင်များ ပြောသည်။
garayang-oct14-myen
သို့သော် သေဆုံး၊ ထိခိုက်သည့်စာရင်း တိတိကျကျ မသိရသေးပါ။

နှစ်ရက်ကြာ တိုက်ပွဲသည် မြန်မာစစ်တပ် ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် နယ်မြေခံ တပ်ရင်း ခမရ ၃၂၁ နှင့် KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ တပ်များကြား ဖြစ်ပွားခြင်းဖြစ်သည်။

တိုက်ပွဲနေရာအနီး ယမန်နေ့ ညနေပိုင်းက အစိုးရစစ်ကြောင်း ကား ၂ စီးကို KIA မှ ဗုံးဖေါက်ခွဲခဲ့သော် လည်း သေဆုံး၊ ထိခိုက်မှု မည်မျှရှိသည်ကို မသိရသေးပါ။

ယမန်နေ့ကတည်းက Lung Zep Kawng တွင် နှစ်ဘက်တပ်များကြား တိုက်ပွဲများ ဖြစ်နေပြီး အစိုးရဘက်မှ အသေအပျောက်၊ ထိခိုက်မှု ရှိသည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများအတည်ပြု ပြောဆိုသည်။

တိုက်ပွဲတွင် KIA ဘက်မှ ထိခိုက်၊ ကျဆုံးမှု မရရှိကြောင်း KIA အရာရှိများပြောသည်။