Published
Friday, August 26, 2011 - 21:54
အင်မောက်မြို့သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၅၀ ထပ်မံ ရောက်ရှိလာ
သြဂုတ် ၂၅ ရက်၊ ကြာသပတေးနေ့ ညနေပိုင်းက အင်မောက် (မိုးမောက်)မြို့ထဲသို့ နမ်ဆိုင်း(Namsai) ကျေးရွာသူရွာသား စစ်ပြေးဒုက္ခသည် ၁၅၀ ထပ်မံရောက်ရှိလာသည်ဟု သိရသည်။

ဗန်းမော်ခရိုင်၊ အင်မောက်မြို့အထက်ပိုင်း Namsai (နမ်ဆိုင်း)ကျေးရွာတွင် မြန်မာအစိုးရ စစ်သားများ အမြောက်များနှင့် တပ်ချလာသဖြင့် ကျေးရွာသူရွာသားများ နေရပ်စွန့်ခွာကြခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောသည်။
“မြန်မာတပ်တွေ အမြောက်လာဆင်ကြတယ်။ ရွာဦးနဲ့ ရွာနောက်ဖေး သွားနေကြတော့ ရွာသားတွေ ထွက်ပြေးလာကြတယ်။ မနေ့က အင်မောက်မှာ စစ်ပြေးဒုက္ခသည် ၁၅၀ ရောက်လာတယ်။” ဟု ဒေသခံတစ်ဦးပြောသည်။



