Published
Thursday, June 16, 2011 - 21:07
ကချင်ပြည်နယ် အနောက်ဘက် တံတား ၆စင်း KIA ဖျက်ဆီး
ဇွန် ၁၅ ရက် ညတွင်ကချင်ပြည်နယ်အနောက်ဘက် KIA တပ်မဟာ ၂ နယ်မြေတွင်လီဒိုလမ်းပိုင်းတနေရာ မှ ယုဇနကုမ္ပဏီကဆောက်လုပ်ထားသည့် တံတား ၂ စင်းအား KIA တပ်ရင်း ၁၄ က ဖောက်ခွဲ လိုက်သည်။
ထို့အပြင် ဖားကန့်-ကားမိုင်းလမ်းပိုင်းမှ တံတား ၂ စင်းကိုလည်း KIA တပ်ရင်း ၆ မှ ဖောက်ခွဲလိုက်သည်။

ဆက်လက်ပြီး ဖားကန့်-ဂွီခါလမ်း ဟိုပင်-နမွမ်ကြားမှ တံတား ၂ စင်းအား KIA တပ်ရင်း ၂၆ ကဖုံးခွဲဖျက်ဆီး လိုက်သည်။
KIA တပ်မဟာ ၂ မှ အရာရှိများ ကချင်သတင်းဌာသို့ အတည်ပြု ပြောဆိုသည်။



