လူ့အခွင့်အရေး ဆိုသည် မရှိ။ အနိုင်ရရေးသည်သာ ပဓါန။ ဘယ်သူသေသေ ငါတေမာရင်ပြီးရော။ ဖိနှိပ်ထားမှ တော် ကာကျမည်။ မြေလှန်ပစ်။ ငါးပါးမှောက်အောင် ကျောင်းမှန်းကန်မှန်းသိအောင် ဆုံးမထား။ မင်းအမေလားဆွဲဖျဲပစ်။ ထုံးစံအတိုင်း စီရင်လိုက်။ စသည့်စသည့်--- အစိုးရတပ်များ၏ ကျင့်စဉ်များသည် သာမာန်လူသား သဘောဟုမထင် ပါ။

မူဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ မဟာလူမျိုးကြီးဝါဒ၊ အမိန့်ပေးရေးဝါဒ၊ ရေဗူးပေါက်တာ မလိုချင်သည့်ဝါဒ၊ ဗိုက်ထဲကကလေးပါမကျန် လူမျိုးရေးညှင်းသတ်ဝါဒ၊ လူမျိုးရေးမှိုင်းတိုက်မှုဝါဒ၊ အပေါ်စီးဖြင့် အသားပေးမှုဝါဒ၊ ချိုးနှိမ်ထားမှုဝါဒ၊ ခြိမ်းခြောက်မှု ၀ါဒ၊ ပညာမတတ်စေမှုဝါဒ၊ မှတ်ပုံတင်ဖြင့် ကန့်သတ်ချုပ်ချယ်မှုဝါဒ၊ လျစ်လျူရှုမှုဝါဒ စသည့် စသည့် -- နည်းဗျူဟာများဖြင့် လည်းကောင်း-
အကြောင်းမဲ့ သတ်ဖြတ်ပြမှု၊ မီးရှိ့မှု၊ မုဒိန်းမှု၊ လယ်သိမ်းမှု၊ ယာသိမ်းမှု၊ စီးပွားပျက်စေမှု၊ မောင်းထုတ်မှု၊ စစ်ပြေး ဒုက္ခသည်များ ဖြစ်စေမှု၊ အစာငတ်ထားမှု၊ မူးယစ်ဆေးဝါးဖြင့် မှိုင်းတိုက်မှု၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲစေမှု၊ အစီ စဉ်ရှိ ရှိလူမျိုရေးဝါးမျိုမှု၊ အနိုင်ကျင့်မှု၊ အနိုင်ယူမှု စသည့်စသည့်----- နည်းမျိုးဖြင့်လည်းကောင်း-
ထိုးစစ်စစ်ဆင်မှု၊ စစ်တပ်အင်အားတိုးချဲ့ချထားမှု၊ ပေါ်တာအသုံးပြုမှု၊ ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မစစ်သားစု ဆောင်းမှု၊ အာဏာအလွဲသုံးစားပြုမှု၊ ရွာပြင်မထွက်ရ၊ တနေရာတည်းလူစုထားမှု၊ လူသားဒိုင်းအသုံးပြုမှု၊ အပြင် စစ်ဘုရင်ဝါဒများ စသည့်စသည့်----
ဤစနစ်များသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော် အာဏာသိမ်းပြီး ကတည်းက စတင်အသုံးပြုခဲ့ပြီး ယနေ့ အထိတွင်ကျယ်စွာ အသုံးပြုနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံသည်၊ ပြည်ထောင်စု တိုင်းရင်းသားပိုင် နယ်မြေဖြစ်ပါသည်။ အင်အားကြီးသူက အင်းအားသေးငယ်သည့် လူမျိုးစုများကို အနိုင်ကျင့်ခြင်း၊ တန်းတူအခွင့်အရေးမပေးခြင်း၊ နိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တဖက်သတ်ရေးဆွဲခြင်း၊ စသည့်လူမျိုးခွဲခြား သတ်မှတ်မှုများလည်း ယနေ့အ ထိရှိနေဆဲ ဖြစ်ပါသည်။
အနီးကပ်ဆုံး လက်တွေ့ အခြေအနေတခုကို တင်ပြချင်ပါသည်။ အစိုးရတပ်ဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်း တအာင်း ဒေသတွင် ပြင်းထန်စွာ စစ်ဆင်နေပါသည်။ ယင်းတအာင်းဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့်၊ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)တပ်ဖွဲ့တို့ ရှိကြပါ သည်။
ဤတပ်ဖွဲ့များကို ပြီးခဲ့သည့် ၂၀၁၃ နှစ်ဆန်းကတည်းကပင် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ပါသည်။ အစိုးရသည် တရုတ် ပိုက်လိုင်း လုံခြုံရေး၊ မူးရစ်ဆေးဝါး စိုက်ပျိုးမှု လုံခြုံရေး ၊ အခြားတရုတ်စီးပွားပိုင် သစ်ထုတ်လုပ်ရေးနှင့် သယံဇာတ ထုတ်လုပ် ရေးကို အကာအကွယ်ပေးရန် ၄င်းတပ်ဖွဲ့များအား စစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။
စစ်ဆင်ရာတွင်လည်း အရပ်သားလူထုအပေါ် ညှင်းပမ်းသတ်ဖြတ်မှု၊ အကြောင်းမဲ့ပစ်သတ်မှု အကြောင်းကိုမည်သို့ မည်ပုံလုပ်ခဲ့သည်ကို http://jinghpawkasa.blogspot.com/2013/06/blog-post_19.html ဖြင့် တင်ပြလိုပါသည်။



