နယ်စပ်ရေးရာ ဝန်ထမ်းများ စွမ်းရည်မြှင့်ရေး နိပွန်မှ ဒေါ်လာ ၁.၅ သန်း သုံးမည်

နယ်စပ်ရေးရာ ဝန်ထမ်းများ စွမ်းရည်မြှင့်ရေး နိပွန်မှ ဒေါ်လာ ၁.၅ သန်း သုံးမည်
by -
ရွှေဟင်္သာ

နပ်စပ်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား ခေါင်းဆောင်မှု စွမ်းရည် မြှင့်တင်ရေး သင်တန်း ပေးရန် အတွက် မြန်မာ နယ်စပ် ရေးရာ ဝန်ကြီး ဌာနနှင့် ဂျပန် လူသားချင်း စာနာမှု အကူအညီ ပေးရေး အဖွဲ့ နိပွန် ဖောင်ဒေးရှင်း တို့ကြား သဘောတူ စာချုပ် ချုပ်ဆို ခဲ့ကြောင်း ဇွန် (၁၃) ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြ ထားပါသည်။

နိပွန် ဖောင်ဒေးရှင်းမှ အမေရိကန် ဒေါ်လာ ၁.၅ သန်း အကုန်ကျခံ ဆောင်ရွက်မည့် သဘော တူညီချက်ကို ဇွန်လ (၁၂) ရက်နေ့တွင် နေပြည်တော်၌ နိပွန် ဖောင်ဒေးရှင်း အမှုဆောင် အရာရှိချုပ် Mr.Shuichi Ohno နှင့် မြန်မာ အစိုးရ ဘက်မှ နယ်စပ် ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင် တို့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယင်းသဘောတူညီချက် အရ နပ်စပ်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား ယခုနှစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တစ်နှစ်လျှင် (၂) ကြိမ် ခေါင်းဆောင်မှု စွမ်းရည် မြှင့်တင်ရေး သင်တန်း ပေးမည်ဖြစ်သည်။

နိပွန် ဖောင်ဒေးရှင်းသည် နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း လူသားချင်း စာနာမှု အကူအညီများ ပေးအပ်နေလျက် ရှိကာ အကူအညီ ပေးနိုင်ရေး အတွက် မြန်မာ အစိုးရနှင့်လည်း MOU စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သည်။

Most read this week