ယင်းနှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၃ ခုနှစ် မေလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့ထိ ရခိုင်ပြည်နယ် အမ်းမြို့တွင် ကျင်းပမည်ဖြစ်သည်။
မြို့နယ် (၁၈) ခုမှ ကိုယ်စားလှယ်ပေါင်း (၁၂၀) ခန့် တက်ရောက်နေပြီး သဘာပတိ အဖြစ် ဥက္ကဌ ဒေါက်တာ အေးမောင်က ဦးဆောင်ကျင်းပ သွားမည်ဖြစ်ပါသည်။
ဤအစည်းအဝေးသည် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ပထမ အကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးဖြစ်ပါသည်။
ယင်းအစည်းအဝေးတွင် အခမ်းအနားမှူး အဖြစ် ဦးခိုင်ပြည်စိုး၊ သာထွန်းလှတို့မှ ပြုလုပ်ခဲ့ပြီး အလှည့်ကျ သဘာပတိ အဖြစ် ဒေါက်တာ တင်အောင်၊ ဦးသာလှအောင်၊ အောင်ထွန်းသာတို့က ဦးဆောင် သွားမည်ဖြစ် ပါသည်။
ပထမနေ့တွင် ရခိုင်ပြည််နယ်မှ မြို့နယ် (၁၇) မြို့နယ်နှင့် ရန်ကုန်မြို့ အပါအဝင် (၁၈) မြို့နယ်မှ ကိုယ်စားလှယ်များ၊ တက်ရောက် ခဲ့ကြပြီး ပထမနေ့၌ ဥက္ကဌမှ အမှာ စကားပြောခြင်း၊ အတွင်းရေးမှူးမှ မိတ်ဆက် စကားပြောခြင်းနှင့် မြို့နယ် အလိုက် လှုပ်ရှားမှုများ တင်ပြခဲ့ကြပါသည်။



