KIA အပေါ် အစိုးရ၏ သဘောထား

KIA အပေါ် အစိုးရ၏ သဘောထား
by -
ရွှေဟင်္သာ

အစိုးရတပ်ဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) ၊ လက်  အောက်ခံ တပ်ရင်း (၁၇) စခန်းဖြစ်သော မနောဘွမ်စခန်းကို (၃) ရက်ကြာ တိုက်ခိုက်ပြီးသိမ်းပိုက်လိုက် ကြောင်း KIA အရာရှိ တစ်ဦးက ပြောပါသည်။

“အဲဒီစခန်းကို သူတို့က (၃) ရက်လောက် အပြင်းအထန် တိုက်ဖြစ်ပြီးတဲ့နောက် ကျနော်တို့ မနောဘွမ် စခန်းကျသွားခဲ့ တယ်။ ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကတည်းက ကျနော်တို့ ဆုတ်ခွာ ပေးခဲ့ရတယ်။  ဒီ သတင်းကို တမြန်နေ့က ကျနော်တို့ ထုတ်ပြန်ထား ပြီ ဖြစ်တယ်။” ဟု ဆိုပါသည်။

ပထမရက်တွင် အစိုးရ ခလရ ၁၂၇ နှင့် ခမရ ၃၁၂ ပူးပေါင်း တပ်ဖွဲ့တို့သည် ယင်း မနောဘွမ် တပ်စခန်းကို ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့မှ စတင်ခဲ့ပြီး (၃) နာရီခန့်ကြာ ပြင်းထန်စွာ တိုက်ခိုက် ခဲ့ပါသည်။

ဒုတိယရက်ဖြစ်သည့် ဧပြီလ (၂၀) ရက်နေ့ နံနက် (၁၁) နာရီ၌ဖြစ်သောတိုက်ပွဲတွင် အစိုးရဖက်မှ အထိနာသဖြင့် နေ့လည် (၁၂) နာရီတွင် ခလရ ၁၂၉ တပ်ရင်းမှ  စစ်ကူပေးပြီး အင်အား (၃၀၀) ခန့် ဖြင့် ညနေ ၅ နာရီခွဲ အထိ ပြင်းထန်စွာ ထပ်မံ တိုက်ခိုက်ခဲ့သည််ဟု KIA အရာရှိက ဆို ပါသည်။

နောက်ဆုံးရက်ဖြစ်သည့် ဧပြီလ ၂၁ ရက်နေ့  နံနက် (၇) နာရီ အချိန်တွင် အစိုးရ ပူးပေါင်း တပ်ဖွဲ့တို့သည် လက်နက်ကြီး အကူဖြင့် KIA မနောဘွမ် စခန်းကို ထပ်မံတိုက်ခိုက် ခဲ့ပါသည်။ ဤသို့ကြောင့် KIA တပ်ဖွဲ့တို့သည် မွန်လွှဲ ၁ နာရီခွဲ အထိ ခုခံတိုက်ခိုက်ပြီး မနောဘွမ် စခန်းမှ ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်ပါသည်။

အစိုးရတပ်များသည် KIA တပ်မဟာ (၄) ကို စစ်ဆင်ရာတွင် ပြီးခဲ့သည် မတ်လ (၁၁) ရက်နေ့၌  KIO နှင့် အစိုးရကိုယ် စား လှယ်တို့ တရုတ်ပြည် ရွှေလီမြို့ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲ ပြုလုပ် ပြီးသည့်နောက် စတင်ခဲ့ပါသည်။ စစ်ဆင်ရေး စတင်ရာ တွင်လည်း အနီးကပ်စခန်းများ တည်ဆောက်ပြီး တိုက်ခိုက်ခဲ့ပါသည်။ အထူးသဖြင့် ရှမ်းပြည်မောက်ပိုင်း မန်တုံမြို့ အောက်ဘက်ရှိ ဟူတန်း၊ ခွန်ခါးနှင့် ဟူမုန်း ဆိုသည့် နေရာ (၃) နေရာကို စခန်းသစ် တည်ဆောက်ပြီး အခြေချ တပ်စွဲထား ခဲ့ပါသည်။

ဤနည်းဖြင့် ရှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ဆန် ဒေသ၌ရှိသော KIA တပ်များအပါ၀င် တအာင်း (TNLA) တပ်များကို လည်း တိုက်ခိုက်နေပါသည်။ အထူးသဖြင့် တိုင်းရင်းသား တပ်ဖွဲ့များသည် စခန်းများ အတည် တကျဆောက်ပြီး နေရာယူ ကြပါသည်။ အစိုးရတပ်များသည် စခန်းအတည်တကျနေထိုင်သောတိုင်းရင်း သားတပ်များကို လက်နက်ကြီး အကူနှင့် လေကြောင်းအကူဖြင့် တိုက်ခိုက်ခဲ့ပါသည်။

ဤသည် KIA တပ်မဟာ (၄) ၌ဖြစ်သော တိုက်ပွဲများအနက် အပြင်းထန်ဆုံး ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ အစိုးရတပ်များ သည် KIA တပ်မဟာ (၄) ၌ရှိသော တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA)  နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တပ်များကို လည်း စစ်ဆင်လျှက် ရှိနေပါသည်။

“သူတို့ စစ်ကြောင်းနဲ့ တက်လာတယ်။ ကျနော်တို့က လက်ပိုက် ကြည့်နေရလောက်အောင် သူတို့က မပစ်ဘူးဆိုရင် တစ်မျိုး ပေါ့။ အခုဟာက သူတို့ရဲ့ အမိ်န့်ကို မနာခံရင် တိုက်မယ်လို့ ပြောထားပြီးပြီဘဲ။ ကျနော်တို့ မပစ်လဲ သူတို့ဘက်က ကျနော်တို့ ကို ပစ်ခတ်သတ်ဖြတ် ကြမှာဘဲ။ ဒါကြောင့် ဝင်လာတဲ့ သူတို့စစ်ကြောင်းတွေကို ကျနော်တို့ဘက်က ခုခံတဲ့အနေနဲ့ တိုက်ခိုက် ရတာပါ။” ဟု SSPP အရာရှိ တစ်ဦးက ဆိုပါသည်။

အစိုးရသည် ၄င်းတို့ ချမှတ် အတည်ပြုထားသည့် ၂၀၀၈ အခြေခံဥပဒေ အတိုင်း နည်းသဏ္ဍာန် ပေါင်းစုံဖြင့် အသက်သွင်းနေပါသည်။ ဤအထဲမှ တိုင်းရင်းသား အရေးကိစ္စကို နို်င်ငံရေးအရ မဆွေးနွေးသေးဘဲ တိုင်းရင်းသားတပ်များ အားပျော့သွားစေရန် လိုက်လံချေမှုန်း နေခြင်းသာ ဖြစ်သည်ဟု အကဲခတ်များက ဆိုပါသည်။

ဤသို့သော အခြေအနေကြောင့် အစိုးရ၏ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များသည် ပြည်တွင်း ငြိမ်းချမ်းမှု တည် ဆောက်ရေးထက် တိုင်းရင်းသားတပ်များ ခြေမှုန်းရေးသာ ဖြစ်ကြောင်း တအာင်း TNLA အရာရှိ တစ်ဦးက ပြောပါသည်။

အစိုးရ၏ တိုင်းရင်းသားတပ်ဖွဲ့ စစ်ဆင်ရေးသည် KIO ၊ TNLA ၊ RCSS နှင့် SSPP သာမက ၀ အမျိုးသား သွေးစည်းညီ ညွတ်ရေးပါတီ UWSA ပါ တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ အလားတူ သွေးစည်းညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ (UNFC) အဖွဲ့ဝင်များကိုပါ ချမ်းသာခွင ့်ပေးမည်မဟုတ်ချေ။ သို့သော် စစ်ရေးနည်းဗျူဟာအရ အပိုင်းလိုက် တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။

Most read this week