လျော်ကြေး ကိစ္စ များကြောင့် ရေနက် ဆိပ်ကမ်း စီမံကိန်း ကြန့်ကြာနေထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ဧရိယာတွင် ပါဝင်သည့် ခြံမြေ များအား နစ်နာကြေး ပေးဆောင်မှုနှင့် မြေရောင်းဝယ်မှုများ၌ မသမာ မှုများနှင့် အာဏာပိုင် များဘက်မှ ခြိမ်းခြောက် မှုများ ရှိနေ သည်ဟု ဒေသခံ များမှ တင်ပြ ချက်များ ရှိကြောင်း ထားဝယ် လူထု အသံမှ ပြောခွင့်ရှိ မလွင်လွင် မှ ပြောသည်။
“အခု သူတို့ (ရွာသား) တွေ မြေရောင်းတာ ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ မဟုတ်ဘူး၊ ဒေသခံ တွေက နေပြည်တော် အဖွဲ့လို့ ခေါ်တဲ့ မြန်မာ အစိုးရက ဖွဲ့ထားတဲ့ အဖွဲ့က တာဝန် ခံပြီး လုပ်ပေးတယ်၊ နှစ်ဦး နှစ်ဖက် ဒီလောက် စျေးနှုန်းနဲ့ နစ်နာကြေး ပေးဖို့၊ ခြံမြေတွေ ရောင်းဖို့ သဘောတူပြီး ပေမယ့်၊ အထက်က အကြောင်း မကြား လာသေးဘူး၊ ခရီးသွား နေတယ်၊ အဲလိုမျိုး အကြောင်း ပြချက် တွေနဲ့ ငွေခြေ ဖို့ကို ဝေ့လည် ကြောင်ပတ်တွေ လုပ်နေတယ်” ဟု မလွင်လွင်မှ ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်း အတွက် မြေ ဧရိယာ အကျယ်အဝန်း ၂ဝ၄.၅ စတုရန်း ကီလိုမီတာ (၅ဝ,၆၇၅ ဧက) အသုံးပြု သွားမည် ဖြစ်သည်။
စီမံကိန်းကြောင့် ထားဝယ်ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာ၊ အိမ်ခြေ ၄ဝဝဝ ကျော်မှ လူဦးရေ ၃ဝ,ဝဝဝ ကျော် နေရာသစ် ၃ ခုသို့ ပြောင်းရွှေ့ ရမည် ဖြစ်ပြီး ပြန်လည် နေရာ ချထားရေး စခန်းတွင် အိမ်သစ်များ ဆောက်လုပ် နေဆဲ ဖြစ်သည်။
![]()
အချို့ ခြံပိုင်ရှင် များမှာ မိမိတို့ ဓါးမ ဦးချ လုပ်ကိုင် လာသည့် စိုက်ပျိုး ခြံမြေ များအား မရောင်းချ ချင်သော်လည်း စီမံကိန်း ဧရိယာ အတွင်းတွင် ရောက်ရှိ နေသဖြင့် အာဏာပိုင် များမှ ခြိမ်းခြောက် ခြင်းများ ပြုလုပ်ကာ အဓမ္မ ရောင်းချ စေခြင်း များလည်း ရှိကြောင်း မလွင်လွင်မှ ဆက်ပြောသည်။
“တချို့ ကျတော့လည်း မရောင်းချင် ပေမယ့် နင်တို့ မြေကွက်ကို မရောင်းချင်ရင် တစ်စုံ တရာ ပေါ့နော် ခြိမ်းခြောက် မှုတွေ လုပ်တာ ရှိတယ်၊ သူတို့ မြေကွက်က စီမံကိန်းရဲ့ ဧရိယာမှာ ပါနေတော့ မရောင်းချင် ပေမယ့် ရောင်းနေ ရတယ်၊ တစ်ချို့ ရွာသား တွေက မြေကွက် ပေါက်စျေးကို သိတယ်၊ အများ စုက မသိဘူး၊ မသိတဲ့ လူတွေက သူတို့ ပေးတဲ့ စျေးနဲ့ပဲ အရောင်း အဝယ် လုပ်ဖို့ သဘောတူ သွားကြတယ်” ဟု မလွင်လွင် မှ ပြောသည်။
လျော်ကြေး ကိစ္စ အရှူပ် အရှင်းမှာ မြန်မာ အစိုးရနှင့် တိုက်ရိုက် သက်ဆိုင်ကာ ယခုကဲ့သို့ အချိန်ဆွဲ နေခြင်းသည် စီမံကိန်း ပြီးစီး နိုင်ရန် ရာထား ကာလထက် ပိုမို ကြာမြင့်မည် ဖြစ်ကာ အီတာလျံ-ထိုင်း ကုမ္ပဏီ အနေ နှင့်လည်း ဘဏ်တိုး တက်ကာ ကုမ္ပဏီ၏ ရင်းနှီး မြုပ်နှံမှု၌ များစွာ ထိခိုက် နေကြောင်း ထိုင်းအာဏာပိုင် များဘက်မှ ဆိုသည်။
“ကျွှန်တော်တို့ ထိုင်းဘက် ဒီလောက် လျော်ကြေး ပေးနိုင် ပါတယ်၊ ကျွှန်တော်တို့ ထိုင်းဘတ်နဲ့ တွက်ရင် မြန်မာကို ပေးရတဲ့ လျော်ကြေး ပမာဏဟာ မပြောပ လောက်ပါဘူး၊ ခက်တာက ကုမ္ပဏီက ဒီလျော်ကြေးတွေ မြန်မာ အစိုးရကို ပေးခြေပြီး တာတောင်မှ မြန်မာ အစိုးရ ဘက်က ဒေသခံတွေကို မပေးသေးတော့ ကုမ္ပဏီက ဆောက်လုပ်ရေးတွေ ဝင်လုပ်ရင် ဒေသခံ တွေက ကန့်ကွက် ဆန္ဒပြ၊ အလုပ် လုပ်ရတာ နှောင့်နှေး နေတယ်” ဟု ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်၍ လေ့လာ နေသည့် အမည် မဖော်လိုသည့် ထိုင်းအာဏာပိုင် တစ်ဦးမှ ဆိုသည်။
![]()
ထိုသို့ ကာလ ကြာမြင့် လာသည်နှင့် အမျှ အီတာလျံ-ထိုင်း ကုမ္ပဏီ အတွက်လည်း ဘဏ်တိုး တက်လာသည့် ပြသနာမှာလည်း ကြီးမားသည့် ပြဿနာ တစ်ခု ဖြစ်လာကာ နိုင်ငံတကာ အစိုးရများ ပါဝင် ပူးပေါင်းရန် ဖိတ်ခေါ် ရသည်အထိ ဖြစ်လာခဲ့ပြီး ဂျပန် အစိုးရ ပါဝင် ရင်းနှီး မြုပ်နှံရန် ကုမ္ပဏီ ဘက်မှ လိုလားလျက် ရှိသည်။
လက်ရှိ ၌လည်း ကန်ချန ပူရီမှ မြန်မာ ဘက်သို့ ဆက်သွယ်သည့် မော်တော် ကားလမ်း ပြီးစီး နိုင်ရန် အီတာလျံထိုင်း ကုမ္ပဏီ ဘက်မှ ဆောင်ရွက် နေပြီး လမ်း ဆက်စပ်ရန် အတွက် ဆောက်လုပ် နေဆဲ ဖြစ်သည်။
အီတာလျံ ထိုင်း ကုမ္ပဏီမှ အဆိုပါ လမ်းအား (၄) လမ်းသွား တည်ဆောက်ရန် ရည်ရွယ် သော်လည်း နှစ်လမ်း သွားသာလျင် ဆောက်ထား နိုင်သေးပြီး လွန်ခဲ့သည့် နှစ် မိုးရာသီ၌ ရေတိုက် စား၍ ပျက်စီး နေသည့် လမ်းအပိုင်း များအားလည်း ဆက်လက် ပြုပြင် နေရ သည်ဟု ဆိုသည်။



