မွန်ပြည်နယ်တွင်းက မူးယစ်ရန်စွယ်ဟာ အမျိုးသားရေး အန္တရာယ် ဖြစ်နေပြီ

မွန်ပြည်နယ်တွင်းက မူးယစ်ရန်စွယ်ဟာ အမျိုးသားရေး အန္တရာယ် ဖြစ်နေပြီ
by -
ရွှေဟင်္သာ

မွန်ပြည်နယ် တွင်းက မူးယစ် ရန်စွယ်ဟာ အမျိုးသားရေး အန္တရာယ် ဖြစ်နေပြီမွန်ပြည်နယ် အတွင်း ပျံ့နှံ့ စိမ့်ဝင်လျက် ရှိသည့် လူငယ် များအကြား မူးယစ် ဆေးဝါး သုံးစွဲ နေမှုနှင့် ရောင်းဝယ် ဖောက်ကားခြင်း များသည် အမျိုးသားရေး အန္တရာယ် အဖြစ် စိန်ခေါ်လျက် ရှိနေပြီ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP)မှ အရာရှိ တစ်ဦးက ပြောဆိုလိုက်သည်။

(NMSP) ၏ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး၌ ယမန်နေ့က ပြုလုပ်သည့် ပုံမှန် စုံညီ အစည်း အဝေးတွင် “အခု ဖြစ်နေတာက ကျွှန်တော်တို့ မွန်ပြည်နယ် တွင်းက ရွာတိုင်း လိုလို ပြောလို့ ရတယ်၊ လူငယ် အားလုံး နီးပါးလောက် ဒါတွေကို သုံးစွဲ နေတာ တွေ့ရတယ်၊ ဒါတွေဟာ အမျိုးသား အန္တရာယ် အဖြစ် ကျွှန်တော် တို့ကို စိန်ခေါ် နေပြီလို့ ပြောလို့ ရနေ ပါပြီ၊ ဒါကြောင့် ဒီ မူးယစ် ဆေးဝါး အန္တရာယ် ပညာပေးတဲ့ အပိုင်းကို လူငယ် တွေကြား တွင်တွယ် ကျယ်ကျယ် လုပ်ဆောင် နိုင်ဖို့ လူမှု အဖွဲ့ အစည်း တွေကို ပိုပြီး အာရုံစိုက် လုပ်စေချင် ပါတယ်” ဟု နိုင်ငံ ခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ ဗိုန်ခိုင်က ပြောသည်။

မူးယစ် ဆေးဝါး သုံးစွဲ မှုတွင် အဓိက သုံးစွဲ သည်ကို တွေ့ရသည့် အမျိုးအစား များမှာ အက်ဖီ တမင်းခေါ် စိတ်ကြွှ ဆေးပြား (အရပ်ခေါ် မြင်းဆေး)နှင့် ဘိန်းစာရွက် ဖျော်ရည်ကို အဓိက သုံးစွဲလျက် ရှိသည်ကို တွေ့ရသည်။

ဒေသခံ မွန်လူထူ အနေနှင့်လည်း ၄င်းကိစ္စကို မွန်ပြည်သစ် ပါတီအား ထိထိ ရောက်ရောက် ကိုင်တွယ် ပေးရန် လိုးလားလျက် ရှိကြောင်းနှင့် မူးယစ် ဆေးဝါး သုံးစွဲ နေသည့် မိမိတို့၏ သားသမီး များအား ဖြတ်နိုင် ရန်နှင့် ပညာပေး ကဏ္ဍများ လုပ်ဆောင် နိုင်ရန် အတွက် လာရောက် အပ်နှံ ခြင်းများ ရှိသော်လည်း မိမိတို့ အနေနှင့် ၄င်း ကိစ္စအား အစီ အစဉ်တကျ အကောင် အထည် မဖော်နိုင် သေးဟုလည်း ဆိုပါသည်။

ထို့ပြင် အာဏာပိုင်များ အနေဖြင့်လည်း မူးယစ် ဆေးဝါး တားဆီး ကာကွယ်ရန် အတွက် မြို့နယ် တစ်ခုလျှင် အင်အား အနည်းငယ်သာ တာဝန် ပေးထားနိုင် သေးသည်ဟု ဆိုပြီး အင်အား မလောက်ငှ ခြင်းကြောင့် ၄င်း မူးယစ်ဆေးဝါး အန္တရာယ်မှာ ပိုမိုကြီးထွား လာရသည့် အကြောင်းရင် ဖြစ်နေရသည် ဟုလည်း မွန်ပြည်သစ် ပါတီမှ ဆိုပါသည်။

“ရေးမြို့ နယ်မှာ သူတို့က အင်အား နှစ်ယောက်ပဲ ချထား ပေးနိုင်တယ်၊ တကယ် ပြောရရင် ဂိုဏ်းကြီး တွေဆို ဒီ နှစ်ယောက်နဲ့ ဝင်ဖမ်း နိုင်ဖို့ ဆိုရင် အခက်အခဲ တွေ့တာပေါ့၊ ကျွှန်တော် တို့နဲ့ သူတို့ကြား ပူးပေါင်း လုပ်ဆောင် နိုင်အောင် ပြောဆို ထားတာ ရှိပါတယ်၊ ဥပမာ ကျွှန်တော်တို့ ဘက်က သတင်း အတိအကျ ပေးနိုင်ရင် အဲဒီ ရောင်းတဲ့လူ ဂိုဏ်းကြီး တွေကို ဖမ်းပေး မလား၊ ဖမ်းပြီး ဘယ်လောက်မှ မကြာဘူး ပြန်လွှတ် ပေးလိုက်ရင်၊ သတင်း ပေးတဲ့ ကျွှန်တော်တို့ မွန်ပြည်သစ် ဘက်ကရော၊ ပူးပေါင်း ဆောင်ရွက် ရတာရော အခက်အခဲ ရှိနိုင် ပါတယ်” ဟု နိုင်ဟံသာ ဗိုန်ခိုင်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

ထိုသို့ မူးယစ်ဆေးဝါး အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အတွက် ၄င်းကဏ္ဍ၌ အကူအညီ ပေးလျက် ရှိသည့် နိုင်ငံတကာ အဖွဲ့ အစည်းကြီး တချို့နှင့် မွန်ပြည်သစ် ပါတီမှ သွားရောက် ဆွေးနွေး ထားပြီး ဖြစ်သော်လည်း မည်သည့်လုပ်ငန်းများ အကောင်အထည် ဖော်နိုင်မည်ကို ယခုအနေဖြင့် ပြောရန် ခက်နေသေးသည်ဟု ဆိုပါသည်။

လက်ရှိ အနေဖြင့် မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေရှိ ထားဝယ် ခရိုင်နှင့် မော်လမြိုင် ခရိုင် တို့၌ ၄င်း မူးယစ် ဆေးဝါး တိုက်ဖျက် ရေးကို စတင် ဆောက်ရွက် နေပြီ ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ထိန်းချုပ် နယ်မြေ များကိုလည်း လျာထား ကာလ အတိုင်း ဆက်လက် အကောင် အထည် ဖော်သွားရန် ရှိနေ ပါသည်။

မွန်ပြည်နယ် တွင်းက မူးယစ် ရန်စွယ်ဟာ အမျိုးသားရေး အန္တရာယ် ဖြစ်နေပြီ (ဓါတ်ပုံ -One80center)

မူးယစ် ရန်စွယ်ဟာ အမျိုးသားရေး အန္တရာယ် ဖြစ်နေပြီ

ပြီးခဲ့သည့် ဒီဇင် ဘာလ (၁၇) ရက်နေ့ ၌ပင် သံဖြူဇရပ် မြို့နယ် အစ မုဒုံ မြို့နယ် အဆုံး စပ်ကြား သံဖြူဇရပ် မော်လမြိုင် ကားလမ်း ပေါ်ရှိ ဖောင်စိန် ကျေးရွာ (မုဒုံ ဘက်ခြမ်း) တောတွင်း တနေရာ၌ မူးယစ် ဆေးဝါး သုံးစွဲ သူနှင့် ရောင်းဝယ် ဖောက်ကားသူ စုစုပေါင်း (၁၆) ဦး ခန့်အား ဖမ်းဆီး ရမိ ခဲ့ကြောင်း မုဒုံ မြို့နယ် တွင်းရှိ ကမာဝက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်ဝင်းမှ ပြောသည်။

“ဖမ်းတာက ကျွှန်တော်တို့ ဖမ်းတာ မဟုတ်ဘူး သံဖြူ ဇရပ် ရဲစခန်းက ရဲအုပ်တို့ အဖွဲ့က တရားလိုလုပ် ဖမ်းတာပါ၊ ပြီးမှ ကျွှန်တော်တို့ ရဲစခန်းမှာ အမှု လာဖွင့်တယ်။ အခု အဲဒီ လူတွေ အားလုံးကို မော်လမြိုင်ကို လွှဲလိုက် ပါပြီ၊ အားလုံးအရ ကျွှန်တော်ကြားရ သလောက် (၁၆) ဦးလောက် ရှိတယ်၊ အဲဒီ ထဲမှာ ရောင်းတဲ့လူ တစ်ယောက် ပါတယ်၊ လက်သည် အငယ်ပဲ ဖြစ်လိမ့်မယ်” ဟု ကမာဝက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်ဝင်းမှ ပြောသည်။

ဖမ်းမိသည့် အထဲတွင် သုံးစွဲသူ အများစုမှာ လူငယ် များသာ အများစု ဖြစ်သည်ဟု ဆိုပါသည်။ ကြိုတင် သတင်း ရရှိချက် အရ သံဖြူ ဇရပ် ရဲစခန်းမှ သွားရောက် စောင့်ဆိုင်း ဖမ်းဆီး ခဲ့ခြင်းလည်း ဖြစ်သည်။

မူးယစ် ဆေးဝါး သုံးစွဲသူ လူငယ် (၁၅) ဦးနှင့် အတူ စိတ်ကြွ ရူးသွပ် ဆေးပြား (၃၈၄) ပြား၊ ၄င်းဆေးပြား ရောင်းချငွေ (၁၆၂၀၀၀) ၊ ခြောက်လုံးပြူး (၁) လက်၊ တူမီး သေနတ် (၂) လက်၊ မူးယစ် ဆေးဝါး သုံးစွဲ ရာတွင် အသုံး ပြုသော ပစ္စည်း ကိရိယာ များအား ဖမ်းဆီး ရမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်လျှက် ရှိကြောင်း ၄င်း (၁၅) ဦးအနက် (၃) ဦးမှာ မုုဒုံမြို့နယ် ကွမ်လှာ၊ နှီးပဒေါ၊ ရောင်းဒေါင်း ကျေးရွာ များမှ တစ်ဦးစီ ဖြစ်ပြီး ကျန် (၁၂) ဦးမှာ သံဖြူဇရပ် မြို့နယ်မှ ဖြစ်သည်ဟု ဆိုပြီး ဖမ်းဆီး ရမိသူ များတွင် တက္ကသိုလ် ကျောင်းသား အများအပြား ပါ၀င်ပြီး ၄င်းတို့ အားလုံးကို မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှ တည်ဆဲ ဥပဒေ များဖြင့် တရား စွဲဆို ထားသည်ဟု မုဒုံ မီဒီယာ ဖေ့ဘွခ် စာမျက်နှာ၌ ဒီဇင်ဘာလ (၂၀) ရက်နေ့ ရက်စွဲဖြင့် ဖော်ပြ ထားပါသည်။
ထိုဖမ်းဆီး မှုကို အဓိက လုပ်ဆောင် ခဲ့သည့် သံဖြူ ဇရပ် မြို့နယ် ရဲစခန်းသို့ ၄င်း သတင်းပါ အချက်အလက် များအား အတည်ပြု နိုင်ရန် အတွက် ယနေ့ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ရွှေဟင်္သာမှ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း တာဝန်ကျ ရဲတဦးမှ ဖမ်းဆီး ရမိခဲ့ကြောင်းကို မိမိ အနေနှင့် အတည်ပြု နိုင်သော်လည်း တာဝန် မှူးမှာ ရက်ခြား၍ တာဝန် ကျခြင်းနှင့် အဝေးဂျူတီ ကျခြင်းများ ကြောင့် အသေးစိတ် အချက် အလက်များကို မိမိ မသိရှိ ရကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။

Most read this week