မြန်မာ နိုင်ငံ ရှေ့နေများ ကောင်စီ BLC (Burma Lawyer’s Council) သည် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ကမ်းလှမ်းချက်ကို လက်မခံ ပယ်ချခဲ့သည်ဟု ကောင်စီဝင် တဦးဖြစ်သူ ဦးမြင့်သိဏ်းက ပြောပါသည်။
“ပြီးခဲ့သည့် ဇူလိုင်လကုန် ကတည်းက ကမ်းလှမ်းခဲ့ပါ။ ဦးအောင်မင်း မဲဆောက်လာသွားတဲ့ နောက်ဆုံး အခေါက်မှာပေါ့။ သူတို့က BLC ဥက္ကဌ ဦးသိန်းဦးနဲ့ အလွတ် သဘော တွေ့ဆုံချင်လို့ ပြောလိုက်တာပါ။ တကယ်တော့ BLC ဆိုတာက ဥပဒေ အဖွဲ့အစည်း တခုလေ။ အစိုးရဖက်က ကြားကနေပြီး ညှိနှိုင်းသလိုလို ဆွေးနွေးသလိုလို ဘာမှန်းညာမှန်းမသိပဲ လာပြီးတွေ့လိုက် စကားပြောပြီး ပြန်သွားလိုက် အဆင့်လောက်နဲ့ကတော့ အလုပ်မဖြစ်ဘူးလေ။ ဒီလုပ် ရပ်တွေဟာ ဥပဒေအရ သဘာဝ မကျဘူး။”ဟုဆိုပါသည်။
အစိုးရသည် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ကို ၂၀၀၉ ခုနှစ်မေလတွင် တရားမဝင် အသင်းအဖြစ် ကြေငြာထား ခဲ့ပါသည်။ BLC သည်ထိုကြေငြာထားခြင်းကို တရားဝင် ပြန်လည် ရုပ်သိမ်းပေးပြီး ဥပဒေကြောင်းအရ တရားဝင်သော အ ခြေနေမျိုး၌သာလျှင် အစိုးရနှင့် ဆွေးနွေးမည်ဖြစ်သည်။ ယင်းကဲ့သို့မဟုတ်ပဲ အလွတ်သဘောဖြင့်သာ တွေဆုံကြ မည့် ပုံစံအောက်တွင် BLCအနေနှင့် ဆွေးနွေးရန် သဘောထားမရှိပေ။
ထို့အပြင် BLC သည် မြန်မာနိုင်ငံထဲ၌ နိုင်ငံရေးအရ တည်ငြိမ်သည့်အနေထား မရှိသေးသည့်အတွက် အစိုးရအခြေ အနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း၊ ဤသို့ကြောင့်လည်း အစိုးရနှင့် ဆွေးနွေးရန် အစီစဉ်မရှိသေးကြောင်းလည်း ဆိုပါသည်။
“ ပြည်တွင်းမှာလည်းဘဲ၊ အခြေအနေက တည်ငြိမ်သေးတာ မဟုတ်ဘူးလေ။ အစိုးရက စမ်းသပ်နေတာပါ။ ပြုပြင်ပြောင်း လဲရေးဟာ မပီပြင်သေးပါဘူး။ အချိန်မရွေး ပျက်စီးနိုင်ပါတယ်။ ပြီးတော့ တပြည်လုံး လွတ်ငြိမ်းချမ်း ခွင့်အမိန့်ထုတ် လေ။ အခုအစိုးရလုပ်နေတာက လုပ်လို့ရရင် အလွတ်သဘောတွေ့မယ်၊ အခြေအနေ ကြည့်ပြီး၊ ဘာမှ မဟုတ်တဲ့ အစုအဖွဲ့တွေကို ညှိနှိုင်းမှု အမျိုးမျိုးလုပ်ပြီး သူတို့ တာဝန်ယူပါ့မယ် ဆိုပြီးပြန်ခိုင်းမယ် ကျန်တဲ့ နိုင်ငံရေးသမားတွေကို တော့ နည်းအမျိုးမျိုးနဲ့ ညစ်ထားမယ် တချို့ကို ဥပဒေအရ အရေးယူနိုင်ဖွယ် ရှိတယ်လို့ ချိန်ခြောက် မယ် ဒီလိုမျိုးလာ လုပ်နေတာ” ဟု ဆိုပါသည်။
BLC သည် တရားဝင် အသင်းအဖွဲ့ အနေနှင့် ဥပဒေအရ ဂုဏ်သိက္ခာရှိသော တွေ့ဆုံမှုမျိုးဖြင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေး လိုခြင်းဖြစ်သည်။ အစိုးရ၏ ပြည်တော်ပြန်ရေး အစီစဉ် လှည့်ကွက်အောက်၌ အလွတ်သဘော မဆွေးနွေးနိုင်ခြင်းဖြစ် သည်။ BLC အဖွဲ့စည်းအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပြီး တရာဝင်ခေါ်ယူတွေ ဆုံသည့်အနေထား၊ ဥပဒေနှင့်အညီ ပြုလုပ်သည့်ကိစ္စ မျိုးဖြစ်လျှင် တရားဝင်တွေ့ဆုံရန် အစီစဉ်ရှိပါသည်။
BLC သည် ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့သော တော်လှန်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်း သာခွင့်မျိုး ယနေ့အစိုးရမှ ကြေငြာချက် ထုတ်ပြန်သင့်ပါသည်။ သို့မဟုတ်ပါက တရားမဝင်အသင်း ဖြစ်နေလျှင် အချိန်မရွေး ဖမ်းပိုင်ခွင့်ရှိပြီး လုံခြုံရေး အာမခံမရှိပေ။
BLC သည် တိုင်းရင်းသား လူမျိုးများအား ဥပဒေသင်တန်းများပေးပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး ဥပဒေ စနစ်များကိုသင်ကြားပေးနေပါသည်။ ၁၉၈၈ ခုနှစ် ပြည်တွင်း အုံကြွမှုမှ ပေါက်ဖွားလာသော ရှေ့နေများနှင့် စုဖွဲ့ထားပြီး၊ ဥပဒေရေးရာဖြင့် အစိုးရ၏ မူမမှန်သော ဥပဒေစနစ်များကို ဖေါ်ထုတ်ပြီး တိုက်ပဲါ၀င်နေသော အဖွဲ့အစည်းဖြစ်ပါသည်။



