အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေးမူအပေါ် သံသယရှိ

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေးမူအပေါ် သံသယရှိ
by -
ရွှေဟင်္သာ

အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွင်၊ ငြိမ်းချမ်းရေး ဖေါ်ဆောင်နေသည်ဟု ဆိုသော်လည်း တပြည်လုံး အပစ်အခတ် ရပ်စဲရေးမူ ရှိနိုင်ပါ့မလား ဆိုသည့် အချက်အပေါ် သံသယဖြစ်မိ သည်ဟု သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တချို့က ပြောနေပါသည်။

၄င်းတို့က အစိုးရသည် အင်အား တောင့်တင်းသော တိုင်းရင်းသား အဖွဲ့အစည်း တချို့ကိုသာ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး၊ လိုက်လျှောများပေး နေသည်ဟု ထောက်ပြကြပါသည်။
UNFC သတင်းစာ ရှင်းလင်းပွဲ
“ သူတို့က တပြည်လုံး အပစ်အခတ် ရပ်စဲဖို့ သဘေားထား ရှိတယ်လို့တော့ ပြောပါတယ်။ ကျနော်တို့ကိုလည်း သူတို့ မေးမြန်းမှုတော့ ရှိတယ်လို့တော့ နီးစပ်သူတွေ ပြောပြတာပေါ့လေ။ ဒါပေမဲ့လို့ ဦးအောင်သောင်းတို့ ဦးအောင်မင်းတို့နဲ့တော့ တိုက်ရိုက်ဆက်သွယ်မှုတော့ မရှိသေးပါဘူး၊ ကျနော်တို့ သဘောထားကတော့ အပစ်အခတ် ရပ်စဲရေးကတဆင့် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ မျှော်လင့်ချက် ရှိပါတယ်။ ဒါပေမဲ့ အစိုးရ အခုလုပ်နေပုံကတော့ တပြည်လုံး အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက် နိုင်ပါ့မလားလို့။” ဟု တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဦး၊( PNLA)၏ ဥက္ကဌ တာ အိုက်ဖုန်းက ပြောပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည်၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ အဖွဲ့ကိုလည်း အပစ်အခတ် ရပ်စဲရေး အတွက် ဆက်သွယ်ဆောင်ရွက်ခြင်း မရှိသေးဟု သိရပါသည်။ လားဟူအဖွဲ့သည်၊ အစိုးရကငြိမ်းချမ်း ရေး ကမ်းလှမ်းမည်ရင် လက်ခံရန် အသင့်ရှိသည်ဟု ဒုဥက္ကဌ စောလမွန်းက ပြောပါသည်။

“သူတို့မကမ်းလှမ်းရင်လည်း ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်နေမှာဘဲ၊ ကိုယ့်အမျိုးသား လွတ်မြောက် ရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာပါ” ဟု စောလမွန်းက ဆိုပါသည်။

ပအို့အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်သည်၊ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် (၂)ကြိမ်တိုင် ပဏာမဆွေးနွေး ခဲ့ပြီးဖြစ်ပါသည်။ ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ၌ တကြိမ်နှင့် ၂၀၁၂ ခုနှစ် ဖေဖေါ် ၀ါရီလ (၅) ရက်တွင် တကြိမ် ဆွေးနွေး ခဲ့ပါသည်။ နောက်ထပ်တွေ့ဆုံရေးကို ၂၀၁၂ ခုနှစ်ဧပြီလ အတွင်း ဖြစ်နိုင်သည်ဟု အကြမ်းဖျဉ်းအားဖြင့် သတ်မှတ်ထားပါသည်။

UNFC သတင်းစာ ရှင်းလင်းပွဲ

“ ကျနော်တို့ကတော့ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကော်မီတီကို ဖွဲ့စည်းထားခဲ့ပါပြီး၊ အဖွဲ့ခေါင်းဆောင်က ခွန် မြင့်ထွန်း (အထွေအထွေ အတွင်းရေးမှူး)ဖြစ်ပြီးတော့ တွဲဖက် အတွင်းရေးမှူး (၁)နဲ့ စစ်ဦးစီးချုပ်ကတော့ အဖွဲ့ဝင်တွေပါ။ ဆွေးနွေးမဲ့ အချက် (၃) ချက်ကို အစိုးရကို တင်ပြထားပြီးပြီး၊ အကြောင်းမပြန်သေးဘုူး” ဟု အထွေအထွေအတွင်းရေးမှူး၊ ခွန်မြင့်ထွန်းက ဆိုပါသည်။

UNFC တွင်ရှိသည့် အဖွဲ့များတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (KPF)၊ ပအို့အမျိုး သားလွတ်မြောက်ရေး အဖွဲ့ချုပ်တို့ကိုသာ အပစ်အခတ် ရပ်စဲရေးကို ကမ်းလှမ်းခဲ့ပါသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ၀အမျိုးသား အဖွဲ ့ချုပ်(WNO)၊ ကချင် အမျိုးသား အစည်းအရုံး (KNO) တို့ကို ဆက်သွယ် ကမ်းလှမ်းခြင်းမရှိ သေးဟု သိရပါသည်။

Most read this week