ယနေ့ နံနက် ၈နာရီ ၄၅ မိနစ် ၀န်းကျင် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးလေဆိပ်သို့ ရောက်ရှိ လာခဲ့ပါသည်။ ဤအချိန်၌ တံတားဦး အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ သွားရာ လမ်းဘေးဝဲယာ တစ်လျှောက် မှ ပြည်သူများက ဒေါ်အောင် ဆန်းစုကြည်အား ကြိုဆိုလျှက် ရှိကြပြီး ကမ္ဘာလှည့် ခရီးသည် များကပါ NLD အလံများ ဝှေ့ရမ်းကာ ကြိုဆိုခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဟောပြောပွဲကျင်းပမည့် အောင်ပင် လယ် အား ကစားကွင်းသို့ သွားရောက်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက် ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို ့အတွင်းသို့ ၀င်ရောက်ရာ လမ်းတစ်လျှောက် ရှိ မန္တလေးမြို ့ခံများသာမက နိုင်ငံခြား သားများ တက္ကသိုလ်ကျောင်းသားကျောင်းသူများ နှင့် တိုင်းရင်းသား လူငယ်များပါ လာရောက်ကြိုဆိုကြပြီး ကားတန်းမှာ တံခွန်တိုင်အဝိုင်းမှ သိပ္ပံလမ်းအထိ အလွန်ရှည်လျား များပြားနေကြောင်း သိရပါသည်။

“အမေစု လွှတ်တော် ထဲရောက်ရင် ၂၅% သော စစ်ဗိုလ်တွေ ဒီရဲဘော်လေးလောက်မှ တပ်မတော်ကြီးကို ဂုဏ်သိက္ခာမြင့်တင်နိုင်ပါ့မလား.. ပြည်သူနဲ့ ရင်ကြားစေ့ရေးကို ရဲဘော်လေးက အရင် စပြနေပါပြီ.... ရဲရင့်ခြင်း သတ္တိ ဆိုတာ ရာထူးနဲ့ မဆိုင်ပါဘူး..” ဟု ဒေါ်စုကမိန့်ကြားခဲ့ပါသည်။ ကြိုဆိုသူများ လွန်းသဖြင့် မွန်းတည့် ၁၂ နာရီခန့်မှာ ပင် ဒေါ် အောင်ဆန်းစုကြည်သည် လူထုဟောပြောပွဲပြုလုပ်မည့် ကွင်းအတွင်း သို့ရောက်ရှိလာခြင်း မရှိသေးဘဲ သိပ္ပံလမ်း ပေါ်တွင်သာရှိနေခဲ့ပါသည်။
ကြိုဆိုသူများသည် သိန်းဂဏန်းမျှ ရှိမည်ဟု သတင်းထောက်များက ခန့်မှန်းကြပါသည်။ ဤသို့ကြောင့် သတ်မှတ်သည့်အချိန်၌ အောင်ပင်လယ်ဟောပြောကွင်းသို့ မရောက်နိုင်ရခြင်းဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီး၏ အန်အယ်ဒီအဖွဲ့က ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသော မန္တလေးလူတုသည် (၈၈) အရေးအခင်းနောက်ပိုင်း အများဆုံးဖြစ်သည်ဟု ယူဆ ကြပါသည်။
ဒေါ်စုကွင်းကို ရောက်ခါနီးပြီ။ မန်းလေးသားတွေ ဆိုင်ကယ်အမောင်းကြမ်းသည်။ ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်ပြီး လိုက်နေရသည်။ မန်းလေး လူထုမှာ ခန့်မှန်းရခက်သည်။ အလွန်များပြားသည်။ အားလုံးက ဆိုင်ကယ်တွေကိုယ်စီ နဲ့ဖြစ် သည်။ အနည်းဆုံး ဆိုင်ကယ်လေးသောင်းကျော်မည်ထင်ပါသည်။ အောင်ပင်လယ်ကွင်းမှာ လူထုရောက်နေပြီ။ မိုးတွေ ရွာသွားသည်။ အားလုံးရွှဲရွှဲစိုနေသည်။ ကင်မရာမန်းတွေ လူကြားထဲပုန်းနေကြသည်။ ဤအချိန်တွင် သံဃာတော်များက ဟောပြောမည့်စင်မြင့်ကို ၀ိုင်းထားလိုက်ပါသည်။ မိုးရွာထဲမှာ လူတွေကနေကြပါသည်။

အခုမိုးစဲဘီ။ ဟော..... ခုပဲ ဒေါ်စုရောက်ချေပြီ။
ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ်ကွင်းအတွင်းသို့ ၀င်ရောက်နေစဉ် မိုးများ ရွာသွန်းနေပြီး စတင်ရွာသွန်းစဉ်ကထက် မိုးရွာသွန်းမှု လျော့နည်းသွားကြောင်း၊ ယခုကဲ့သို့ ရုတ်တရက်မိုးရွာသွန်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် အောင်ပင်လယ်အတွင်းမှ ဟောပြောပွဲစင်မြင့်ကို အမိုးမိုးထား ခဲ့ရပါသည်။ ထိုအချိန်တွင် အောင်ပင်လယ်ကွင်းအပြည့် မန္တလေးမြို့ခံများ ရောက်ရှိနေသည့်အပြင် ကွင်းအပြင်လမ်းတွင်ပါ လူများလျှံကျနေကြောင်း၊ နောက်ဆုံးရရှိသော သတင်း များအရ ယနေ့မွန်းလွဲ ၁ နာရီခွဲတိတိတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစတင်ပြောကြားနေပြီး တာလပတ်များ မိုးထားပေးကြောင်း၊ ကွင်းအတွင်းတွင်လည်း ပရိုဂျက်များလည်း ထောင်ထားပေးကြောင်း သိရပါသည်။
ကျန်းမာရေး အခြေအနေအရ မန္တလေးလူထုအား ဒေါ်အောင်ဆန်းစုကြည် အချိန်အနည်းငယ်သာ အမှာစကား ပြောကြား နိုင်ခဲ့သည်။ တံတားဦးလေဆိပ်မှ ဟောပြောပွဲ ကျင်းပမည့် အောင်ပင်လယ် ကစားကွင်းသို့အချိန် ကြာမြင့်စွာကားစီးလာခဲ့ ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေသဖြင့် ၁၀ မိနစ်ခန့် အမှာစကားပြောပြီး အနားယူ ခွင့်တောင်းခံခဲ့သည်။ တရား ဥပဒေစိုးမိုးရေးကို အဓိက ထားပြောဆို သွားခဲ့ပြီး ဦးဝင်းတင်အားခေတ္တအမှာ စကားပြောကြားပေးရန် အကူအညီတောင်းခံခဲ့သည်။
ဦးဝင်းတင်ပြောကြားရာမှာ ညီညွတ်ရေးအကြောင်းကို သီးစားပေး ပြောကြားခဲ့ပြီး မန္တလေးကအန်အယ် ကိုယ်စားလှယ် အမတ်လောင်းကိုမဲပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးသလိုပါပဲ လို ့ပြောကြားခဲ့ပါသည်။
ဦးဝင်းတင်ကိုခေတ္တမျှ ပြောခိုင်းပြီးမှ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးလူထုရဲ ့အားမန်ကို သဘောကျ သဖြင့်လွယ် လွယ်နှင့် ကတိမပေးတတ်သော်လည်း ပန်းတိုင်ကိုရောက်အောင် သွားမယ်လို ့ကတိပေးခဲ့သည် ဟု သိရပါသည်။

မန္တလေးတိုင်းဒေသကြီး၏ ပြည်နယ်အစိုးရသည်၊ ၄င်းတို့နှင့် ပတ်သက်သော ၀န်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲသို့ တက်ရောက်ခွင့်မရှိကြောင်း ပိတ်ပင်ထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခဏအနားယူနေကာ ဦးဝင်းတင်နှင့် ဦးအုန်းကြိုင်တို့က အားဖြည့် ပြီးဟောပြောခဲ့ရပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ၁၀ မိနစ်ခန့်အနားယူပြီးနောက် ၁၅ မိနစ်ခန့် မိန့်ခွန်းပြန် လည်ပြောကြားခဲ့သည်။
ထို့နောက် နေ့လည် ၂နာရီ ၂၅မိနစ်တွင် အောင်ပင်လယ်ကွင်းအတွင်းမှ ပြန်လည်ထွက်ခွါသွားကြပါသည်။ ဒေါ်အောင်စု ကြည်သည် မန္တလေးမြို့၌ (၂)ရက်ကြာနေထိုင်မည်ဟု သိရပါသည်။



