ITUC ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားရောက်

ITUC ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားရောက်

အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) ကိုယ်စားလှယ် အဖွဲ့သည် အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် သွားရောက် ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) ကိုယ်စားလှယ် အဖွဲ့သည် အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် သွားရောက် ခဲ့ပါသည်။ ထိုအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် အပါ၀င်၊ ပဲခူးတိုင်းရှိ အန်အယ်ဒီ ခေါင်းဆောင်များ၊ တရားဝင် မှတ်ပုံတင်ကြတဲ့ အလုပ်သမား သမဂ္ဂများ၊ မကြာမီက ဦးသိန်းစိန် အစိုးရက လွတ်ပေးလိုက်သည့် အဖမ်းဆီးခံ FTUB (မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်) ၏အဖွဲ့ဝင်များနှင့် အလုပ်သမား ၀န်ကြီးကိုပါ တွေ့ ဆုံခဲ့ပါသည်။

ITUC ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စပြီး ၁၆ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာပြည်ကို သွားရောက် လည်ပတ်ခဲ့ပါသည်။ ယင်းကိုယ်စားလှယ် အဖွဲ့ကို အိုင်အယ်လ်အို လူ့အခွင့်အရေးနဲ့ သမဂ္ဂ အခွင့်အရေး ဌာန၏ ညွန်ကြားရေးမှူး Mr. Stephen Benedict က ဦးဆောင်ခဲ့ပြီး ဥပဒေရေးရာ အကြံပေး Mr. Jeffrey Vogt နှင့် အာရှ ပစိဖိတ်ဒေသရဲ့ ဒေသဆိုင်ရာ အကြီးတန်းအရာရှိ Mr. Patuan Samosir တို့လည်း ပါသွားခဲ့ပါသည်။

ယင်းကိုယ်စားလှယ် အဖွဲ့သည်၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြ သည့် အလုပ်သမား သမဂ္ဂများဖြစ်ကြသည့် မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမားများ သမဂ္ဂ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ လယ်ယာစိုက်ပျိုး ရေးနှင့် တောင်သူလယ်သမားများ အဖွဲ့ချုပ် ၊ သတင်းမီဒီယာ အလုပ်သမားများ သမဂ္ဂ ၊ ချည်မျှင်၊အထည်ချုပ်နဲ့သားရေ အလုပ်သမားများသမဂ္ဂ၊ ဒိုက်ဦးမြို ့နယ် အထွေထွေနဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂတို့နှင့် တွေ့ဆုံခဲ့ ခြင်းဖြစ်ပါသည်။ ထို့နောက် မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်သည့် FTUB ၏ အဖွဲ့ဝင်များ အပါအဝင် FTUB ၏ခေါင်းဆောင်တဦးဖြစ်သည့် ဦးမျိုးအောင်သန့်နှင့်လည်း တွေ့ဆုံခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းကိုယ်စားလှယ် အဖွဲ့သည် ရွေပြည်သာ စက်မှုဇုံကို သွားရောက်ခဲ့ကြပြီး အလုပ်သမား ၀န်ကြီးဌာန၏ ဒုဝန်ကြီး ဦးမြင့်သိန်းနှင့်အတူ  အလုပ်သမား အဖွဲ့အစည်းနှင့်ပတ်သက်သည့် ဥပဒေ အကြောင်းကို အလုပ်သမားများကို ရှင်းပြခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ နေပြည်တော်ကို သွားရောက်ပြီး အလုပ်သမား ၀န်ကြီးဌာန၏ အမှုဆောင် ဒါရိုက်တာနှင့် တွေ့ဆုံခဲ့ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေအကြောင်း၊ အကျဉ်းထောင် ဥပဒေနဲ့ အလုပ်သမား နည်းဥပဒေများ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်း ရွေဂုံတိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဌာနချုပ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံ အားပေးသည့် အကြောင်းနှင့် ITUC အထွေထွေ အတွင်းရေးမှူးချုပ် Sister Sharan Burrow ၏ ဒေါ်အောင် ဆန်းစုကြည် အတွက် သဝဏ်လွှာကိုပေးခဲ့ပါသည်။

Most read this week