ဒေါ်အောင်ဆန်းစုကြည်သည်၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် မရမ်းကုန်း-လှည်းကူး မဲဆွယ် စည်းရုံးရေး ခရီးစဉ် ကိုဖေဖော်ဝါရီ ၁၅ ရက်နေ့နံနက် ကိုးနာရီ လေးဆယ် မိနစ်တွင် စတင်ခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည်သည် မနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး၌ မိန့် ခွန်းပြောကြား ခဲ့ပါသည်။

“ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အရည်အတွက်နဲ့ မဆိုင်ပါဘူး။ အရည်အချင်းနဲ့ ပဲဆိုင်ပါတယ်။ တချို့က ၄၈ နေရာ နည်းတယ်ပြောကြတယ်။ အဲဒါနည်းတယ်ဆိုရင် ၄၈ နေရာစလုံးကိုမဲ ပေးကြပါလို့ တောင်းဆိုချင် ပါတယ်။ ရွေးကောက်ပွဲဆိုတာ ပြည်သူတွေက ကိုယ်လိုချင်တဲ့ အပြောင်းအလဲရ ဖို့အတွက် အေးအေးချမ်းချမ်းနဲ့ ရွေးချယ် လိုက်တဲ့ နည်းပဲဖြစ်ပါတယ်။ သန်းခြောက်ဆယ်ရှိတဲ့ ပြည်သူအားလုံး အစိုးရ တက်လုပ်မယ်ဆိုရင်တော့ တော်တော်ပြဿနာ များသွားမယ် (ရယ်လျက်)"
နေ့လည်၁၂ နာရီအချိန်တွင် ရန်ကုန်တိုင်းရှိ ထောက်ကြန့်လမ်း ဆုံသို့ရောက်ရှိကာ ကားပေါ်မှပင်နှုတ်ဆက် စကားပြော ကြားခဲ့ပါသည်။ မင်္ဂလာဒုံမြို့နယ် သို့ရောက်ရှိစဉ်မှာလည်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မိန့်ခွန်းချွေခဲ့ပါသည်။ ဦးတင်ဦးသည်၊ ပြောကြားခဲ့သည်မှာ “ NLD၏ အမှတ်တံဆိပ်သည် ခမောက်တံဆိပ် မဟုတ်တော့ကြောင်း ခမောက်တံဆိပ်သည် အခိုးခံလိုက်ရပြီးဖြစ်ကြောင်း ဦးတင်ဦးက မင်္ဂလာဒုံမြို့နယ် အမျိုးသားဒီမိုကရေစီရုံးရှေ့တွင် လူထုအားပြောကြားသည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မင်္ဂလာဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ခေတ္တစ ကားပြော ကြားခဲ့ရာ၌ တပ်မတော်သည်၊ လူထုနှင့်ပူးပေါင်းပြီး ဒီမိုကရေစီရရေးကို ကြိုးပမ်းကြလျှင် မုချရလိမ့်မည်ဟု အခုလိုမိန့်ကြား ခဲ့ပါသည်။ “တပ်မတော် သို့. . . ''ဒီမြို့နယ်မှာ ဆိုလို့ရှိရင် တပ်မတော် မိသားစုဝင်တွေ အများကြီးရှိပါတယ်။ ကျွန်မတို့ ပြည်သူနဲ့ တပ်မတော် စည်းစည်းလုံးလုံး ဒီမိုကရေစီရရှိ ရေးအတွက် အများကြီးစွမ်းဆောင်နိုင်မှာပါ။ ဒါကြောင့်မို့လို့ ကျွန်မ တို့ မင်္ဂလာဒုံမြို့နယ်ကို အထူးတန်ဖိုးထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။
ထို့နောက် လှည်းကူးမြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကာ မြို့နယ် အားကစားကွင်းတွင် မိန့်ခွန်းပြော ကြားခဲ့ပါသည်။ လှည်းကူးမြို့၌လည်း လူထုများသောင်းနှင့်ချီပြီး၊ အကအခုံများနှင့် ကြိုဆိုခဲ့ကြပြီး ဆိုင်ကယ် အစီးထောင်ကျော်ကလည်း ဘေးမှ အလံများ ကိုင်ဆောင်ကာ လိုက်ပါလာကြသည်။ 
လမ်းဘေး တလျှောက် မကျည်းကန်ကျေးရွာရှိ တိုင်းရင်းသား ကရင်လူငယ်လေးများကလည်း ဒေါ်အောင်ဆန်းစုကြည်တို့၏ ခရီးစဉ်ကို ထောက်ခံသောအားဖြင့် ဤကဲ့သို့ ကြိုဆိုခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် လှည်းကူးမြို့နယ်သို့ ၁၁ နာရီကျော်တွင် ၀င်ရောက်လာ ခဲ့ ရာ သောင်းနှင့်ချီသော လူထုကြီးက တခဲနက်ကြိုဆိုနှုတ်ဆက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူမြို့ နယ် တွင် နေ့လည်စာစားသောက်ပြီး မြို့နယ်အားကစားကွင်းတွင် လူထုအား မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမြို့နယ်အားကစားကွင်းတွင် လူထု(၅)သောင်းခန့်အားမိန့်ခွန်းပြောကြားပြီး ကြား ဖြတ် ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းအား မဲပေးကြ ရန် တိုက်တွန်းခဲ့ပါသည်။
“ကျွန်မတို့ အဖွဲ့ချုပ်က နိုင်ငံအတွက် ဘာလုပ်ဖို့လိုလဲလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ရွေးကောက်ပွဲ ရဲ့ မူဝါဒတွေထဲမှာ ရည်ရွယ်ချက်တွေထဲမှာ အချက်သုံးချက် တင်ပြထားပါတယ်။ နံပတ်တစ်ကတော့ တရားဥပဒေ စိုးမိုးရေးပါ။ တချို့ပြည် သူတွေက တရား ဥပဒေ စိုးမိုးရေးဟာ ငါတို့နဲ့ ဘာဆိုင်လို့လဲလို့ မေးတာတွေလည်း ရှိပါလိမ့်မယ်။ အဲဒါဆိုလည်း ချက်ချင်းလက်ငင်းဖြစ်တဲ့ ကိစ္စတစ်ခုကို ပြောပြပါရစေ။ မနေ့က ဆိုရင် ဒီထဲက ပရိသတ် အများစုလည်း သိပြီးဖြစ်ပါလိမ့်မယ်။
ဒီဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ သုံးပိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းပါတယ်လို့ ဖြစ်လာတယ်။ အဲဒီတော့ ဖြစ်လာတဲ့ အခါ ကျတော့ ကျွန်မတို့ အဖွဲ့ချုပ်က တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တဲ့ အလျောက် ကျွန်မတို့ အဖွဲ့ချုပ် တာဝန်ခံများက ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စကို တင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ မှန်မှန်ကန်ကန် ဆုံးဖြတ်လိုက်တာက မူလခွင့်ပြုချက်အတိုင်း ရရှိစေရမယ်။ ဆက်ပြီးလုပ်စေရမယ်။ ဒါကြောင့် ဒီလို စုစည်းနိုင်တာ။ ဒါ ဥပဒေ စိုးမိုးရေးပဲ”
ဤကဲ့သို့ လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့ပြီး ရန်ကုန်သို့ ညနေ လေးနာရီ အချိန်တွင် အရောက်ပြန်ကြမည် ဖြစ်ပါသည်။



