ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်မြို့ စည်းရုံးရေး ခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်မြို့ စည်းရုံးရေး ခရီးစဉ်
by -
ရွှေဟင်္သာသတင်းဌာန

ဒေါ်အောင်ဆန်းစုကြည်သည် တနသာင်္ရီတိုင်း ထားဝယ်မြို့သို့ နိုင်ငံရေး ခရီးစဉ်အဖြစ် ထွက်ခွာရန် ယနေ့နံနက် ရ နာရီခန့်တွင် မြန်မာ့လေကြောင်းဖြင့် လိုက်ပါရန် ရန်ကုန်ပြည်တွင်း လေဆိပ်ကို ရောက်ရှိလာပါသည်။

daw
အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်၊  ထားဝယ်မြို့ လေဆိပ်ကတည်းက လူပရိသတ် ခန့်မှန်းခြေ တ ထောင်ကျော် စောင့်ဆိုင်းကြိုဆိုလျှက်ရှိပါသည်။ ၎င်းးနောက် မြို့တွင်းသို့ကားများဖြင့် ၀င်ရောက်လာရာ လမ်းဘေး ၀ဲယာ ပရိတ်သတ်များ ယာဉ်တန်းနောက်မှ ဆိုင်ကယ်များဖြင့် လိုက်ပါလာကြသည့် လူပရိတ်သတ်မှာ ထောင်သောင်းချီရှိမည်ဟု ထားဝယ်မြို့ခံ ၀ိုင်ပီအိုင် သတင်းထောက်က ပြောပါသည်။ နေ့ခင်းပိုင်းတွင် လောင်းလုံသို့ သွားရောက်လျှက်ရှိရာ ညနေ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ခရီးစဉ်ကို အသေးစိပ်ဖေါ်ပြပါက လေဆိပ်မှ ပထမ (၃၅) မိနစ်အတွင်း လမ်းပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိပြီး၊ ဒေါ်အောင် ဆန်းစုကြည်ယာဉ်တန်းသည် လောင်းလုံမြို့နယ် သို့ထွက်ခွာလျက်ရှိသည်။ လမ်းခရီးတလျှောက် တွင် ထားဝယ်မြို့ခံ ပြည်သူသိန်းချီပြီး လမ်းဘေးဝဲယာတလျှောက် ကြိုဆိုနှုတ်ဆက်နေကြပါသည်။

 ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းဖြတ်သန်းရာ လမ်းမတလျှောက်လုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အလံတော်များ ဝှေ့ယမ်းကြိုဆိုနေကြပါသည်။ “ကျမကို ထောက်ခံတာနဲ့ တန်အာင် ကျမတို့က အလုပ်လုပ်မယ်” ဒေါ်အောင်ဆန်း စုကြည် ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။..လူတိုင်း၏ လက်ထဲတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြပါသည်။
daw
ထားဝယ်မှတခြားမြို့နယ်သို့ပြေးဆွဲနေသော လိုင်းကားများ ဒီနေ့မှာနားပြီး ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်းအများ ပြည်သူအဆင်ပြေစေရန် ကူညီလျှက်ရှိကြောင်းသိရပါသည်။  ထားဝယ်မြို့ခံ အချို့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များကျကာ အော်ဟစ်ငိုကြွေးနေကြ သည်။..ယာဉ်တန်းနောက် လိုက်ပါနေသော မော်တော်ယာဉ် ဆိုင်ကယ်အရေအတွက် ရာပေါင်းများစွာ ရှိနေပါသည်။

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ပထမဆုံးခရီးစဉ် အဖြစ် ထားဝယ်မြို့သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိ ခဲ့ပါသည်။ ဒေါ်အောင်စုကြည်ကို ကြိုပို့ပေးနေသော ပါဂျဲရိုကားမှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီမှ (အမျိုးသားလွှတ်တော်) အမတ် ဦးသန်းဆွေ၏ ကားဖြစ်ပြီး သူက..ကျနော့်ညီမလေးကလည်း ကြံ့ဖွ့ံပါပဲ အရမ်းဝမ်းသာတယ်တဲ့ အမေစုကို မြင်ရတာ...ထားဝယ်မှာ မဲထည့်ရင်တော့ NLD ကိုပဲ မဲထည့်မယ်တဲ့ ကြံ့ဖွံ့အဖွဲ့ထဲကို အခွင့်ရေးလေးရလို့ ဝင်ထားတာတဲ့ ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည်၊ နေ့ခင်းပိုင်းတွင် လောင်းလုံသို့ သွားရောက်ပြီး ညနေပိုင်းတွင်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

Most read this week