ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ ညီလာခံ ကျင်းပခြင်း

ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ ညီလာခံ ကျင်းပခြင်း
by -
ရွှေဟင်္သာသတင်းဌာန

ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ ညီလာခံကို ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ (၁၈) ရက်နေ့တွင် ဘုရားသုံးဆူမြို့နယ်၊ ခလောက်ခနီ ဒုက္ခသည်စခန်းအတွင်းရှိ ဗလယ်တုန်ဖိုက်ကျေးရွာမှာ ပြုလုပ်မည် ဖြစ်ပါသည်။ ထိုမွန်အမျိုးသားရေးရာညီ လာခံကို ပြည်တွင်းပြည်ပ၌ရှိသော မွန်နိုင်ငံရေး အဖွဲ့ အစည်းများနှင့် မွန်လူမှုအဖွဲ့အစည်းများကို ဖိတ်ကြားထားကြောင်း မွန်အမျိုးသားရေးရာ အဖွဲ့ MAU ( Mon Affairs Uni0n ) အဖွဲၞဒါရိုက်တာ နိုင်ဥဿာက ပြောပါသည်။

တတိယအကြိမ်မြောက် မွန်အမျိုးသားရေးရာ ညီလာခံ မြင်ကွင်းတစ်ခု (ဓါတ်ပုံ - အင်တာနက်)မွန်အမျိုးသားရေးရာ ညီလာခံသည် မွန်အမျိုးသားထု တရပ်လုံးအတွက် အမြင့်ဆုံး ညီလာခံ ဖြစ်သည်ဟု ခံယူထားပြီး မွန် ပြည်သစ်ပါတီမှ ကိုယ်စားလှယ် (၂၅) ဦး ၊ ထိုင်း မြန်မာနယ်စပ်မှ မွန်ကိုယ်စားလှယ် (၂၂) ဦး ၊ ပြည်တွင်းမှ မွန်ကိုယ်စားလှယ် (၂၂) ဦး ၊ အဝေးရောက် မွန်ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူ (၉) ဦး တက်ရောက် ကြမည် ဖြစ်၍ အပစ်အခတ်ရပ်စဲရေးကိစ္စကို အဓိက အကြောင်းအရာ တခုအဖြစ် ဆွေးနွေးမည်ဖြစ်ပါသည်။

“ဒီမွန်အမျိုးသားရေးရာ ညီလာခံဟာ ကျွန်တော်တို့ မွန်အမျိုးသားထု တရပ်လုံးအတွက် အမြင့်ဆုံး ညီလာခံ ဖြစ်ပါတယ်။ အစိုးရသစ်နဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို  မွန်ပြည်သစ်ပါတီ အဋ္ဌမအကြိမ် ပါတီညီလာခံ အတွင်းမှာလည်း အကြေအလည်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ယခုနောက်ထပ် မွန်လူထုရဲ့ သဘောထားဆန္ဒကို ထပ်ယူတာဖြစ်ပါတယ်။” ဟု မွန်ပြည် သစ်ပါတီ အထွေထွေတွင်းရေးမှူး နိုင်ဟံသာကပြောပါသည်။
MonAffairsUnion-5thConferen
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ် ရပ်ဆဲရေးကို ရယူခဲ့စဉ်တုန်းက နိုင်ငံရေးကိစ္စကို နောက်ထပ်တက်လာသော အစိုးရသစ်မှာ ဆွေးနွေးရန် စစ်ထောက်လှန်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ပြောကြားခဲ့ပါ သည်။ ၂၀၁၀ ခုနှစ်မှာလည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ကမ်းလှမ်းချက်ကို  မွန်ပြည်သစ်ပါ တီက နောက်ထပ် တက်လာသော အစိုးရသစ်နှင့်သာ နိုင်ငံရေးအရဆွေးနွေးသွားမည််ဟု အကြောင်း ပြန်ထားပြီး သားဖြစ်ပါ သည်။ ထိုကြောင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့၌ မွန်ပြည်သစ်ပါတီက ပဏာမ အပစ်ခတ်ရပ်ဆဲရေး ဆွေးနွေးပွဲ ကို အစိုးရသစ် ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ဤနေရာတွင် တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လိုလားသော မွန်ပြည်သစ်ပါတီသည်၊ မြန်မာနိုင်ငံမြောက်ပိုင်း၌ ဖြစ်နေသော အစိုးရသစ်၏ စစ်ဆင်ရေးကြောင့် နောက် ထပ်တွေ့ဆုံ ဆွေးနွေးရေးကို ယခုကဲ့သို့ နှောင့်နှေး နေခြင်းဖြစ်ပါသည်။

အစိုးရသစ်မှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲနိုင်ဖို့ရေးကို စိတ်စောနေပြီး၊ ၁၉၉၅ ခုနှစ်ကထက် ပိုမိုတံခါးဖွင့်ထားသည်ဟု ဆိုရပေမည်။ ထို့နည်းတူ အားလုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း စစ်ရေးထက် နို်င်ငံရေးကိုပိုပြီး ဖြေရှင်းလိုနေကြသည့်အတွက် အပစ်အခတ်ရပ်စဲရေးကိုမူ မလွဲမသွေလုပ်ဆောင်သွားရမည်ဟု ခံယူထားကြပါသည်။

မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲကို ၂၀၀၄ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ လွတ်မြောက်နယ်မြေ တနေရာ၌စတင်ကျင်း ပခဲ့ပြီး မွန်အမျိုးသားသွေးစည်းညီညွတ်ရေး အဖွဲ့(Mon Unity Lead) ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်၌ နိုင်ငံတကာအ နေအထားနှင့် ပြောင်းလဲလာသော အခြေအနေတို့ကြောင့် (MUL) မှ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ် (Mon Affairs Union) ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။

Most read this week