ငွေ (၅၀၀) ကျပ်ဖြင့် မြဝတီ - မဲဆောက် နယ်စပ် ဖြတ်သန်းခွင့် အဆင်ပြေ

ငွေ (၅၀၀) ကျပ်ဖြင့် မြဝတီ - မဲဆောက် နယ်စပ် ဖြတ်သန်းခွင့် အဆင်ပြေ
by -
အဖေ့သား

မြန်မာနိုင်ငံ မြဝတီမြို ့မှတဆင့် မဲဆောက်မြို့ သို့ ဝင်ရောက်လိုသည့် မြန်မာနိုင်ငံသား အလုပ် သမားများအတွက် မြန်မာ - ထိုင်း နယ်စပ်ဖြတ် ကျော်ခွင့် လက်မှတ် စာအုပ်များကို မြန်မာငွေ (၅၀၀) ကျပ်နှုန်းဖြင့် ကိုယ်တိုင်

မြန်မာနိုင်ငံ မြဝတီမြို ့မှတဆင့် မဲဆောက်မြို့ သို့ ဝင်ရောက်လိုသည့် မြန်မာနိုင်ငံသားအလုပ်သမားများ အတွက် မြန်မာ - ထိုင်း နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် စာအုပ်များကို မြန်မာငွေ (၅၀၀) ကျပ်နှုန်းဖြင့် ကိုယ်တိုင် လွယ်လွယ်ကူကူ ရနေပြီဖြစ်ကြောင်း ယနေ့နံနက်တွင် ကိုယ်တိုင် သွားလုပ်ခဲ့သည့်မြဝတီမြို့ ခံဖြစ်သူ ကိုလေးကပြောပါသည်။

“မြန်မာငွေ (၅၀၀) ကျပ်ပဲ ကုန်ပါတယ်၊ ပွဲစားမလိုဘူး၊ ကိုယ်တိုင် သွားလုပ်လို့ရတယ်၊ ကျွန်တော်ရယ် ကျွန်တော့် မိန်းမရယ် ဒီနေ့မနက်ပဲ သွားလုပ်လာတယ်၊ သူတို့ကိုယ်တိုင် မြဝတီခရိုင် လဝက ရုံးရှေ့မှာလည်း စာကပ်ထားပါတယ်၊ သက်တမ်းကတော့ ဒီနှစ် ဒီဇင်ဘာကနေ နောက်နှစ် ဒီဇင်ဘာလအထိ သက်တမ်း တစ်နှစ်ရတယ်၊ စာအုပ်ကတော့ လုပ်တဲ့ လူ နည်းနည်း များတော့ သောကြာနေ့မှ ရမယ်လို့ ချိန်းထားတယ်” ဟု ကိုလေးမှ ပြောပါသည်။
migrant_on_maesot_bridge_gate_thumb_medium600_398
ထိုစာအုပ် ပြုလုပ်ရန်အတွက် နိုင်ငံသား စိစစ်ရေးကဒ်ပြားမိတ္တူ၊ လိုင်စင် ဓါတ်ပုံ (၃) ပုံ နှင့် သန်းခေါင်စာရင်း မိတ္တူ စာရွက်များ လိုအပ်မည်ဖြစ်သည်။ ရုံးမှပေးသည့် ဖောင် (Form) စာရွက်ပေါ်၌ အချက်အလက်များကို ဖြည့်သွင်းပြီး တာဝန်ကျ ဝန်ထမ်းများကို သွားရောက် အပ်နှံပေးကာ စာအုပ်လာရောက် ထုတ်ယူနိုင်မည့် နေ့ရက်ကို သတ်မှတ်ပေးပါသည်။ စာအုပ်များကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် ထုတ်ယူရမည် ဖြစ်ကြောင်းနှင့် ပွဲစားများမှတဆင့် ထုတ်ယူရန် တားမြစ်ထားပါသည်။

“ဗမာငွေ (၅၀၀) ကျပ်ဆိုတော့ လူတိုင်း လုပ်နိုင်တယ်လေ၊ လုပ်ရတာလည်း မခက်ပါဘူး၊ ကိုယ်တိုင်သွားလုပ်တာ ပိုကောင်းတယ် ပွဲစားနဲ့ဆို ဟိုဟာပြော ဒီဟာပြောနဲ့ စိတ်ညစ်ရတယ်၊ ရုံးရောက်ရင် အရှေ့မှာ စားပွဲခုံလေးလုံး ခင်းထားပေးတယ်၊ စာအုပ်လာလုပ်ဖို့ ပြောလိုက်ရင် ဖောင်တစ်ရွက်ပေးတယ်၊ ဖောင်ဖြည့်တာလဲ လွယ်ပါတယ်။ အဲဒီမှာ အချက် အလက် တွေဖြည့်ပြီး သူတို့ကို ပြန်ပေး၊ အဲဓါတ်ပုံ (၃) ပုံကိုတော့ ဖောင်စာရွက်မှာ တစ်ရွက် ကပ်ပေးတယ်၊ နှစ်ပုံကိုတော့ ယူလိုက်တယ်၊ စာအုပ်မှာ ကပ်မလို့လေ၊ အရင်က အမျိုးမျိုး ပြောနေ ကြတာပဲ ကျွန်တော်လည်း ဒီနေ့မနက် ကိုယ်တိုင်သွားလုပ်မှ သိရတာ ”

လွန်ခဲ့သည့် တစ်နှစ်၊ နှစ်နှစ်အတွင်း ထိုနယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်များကို မြန်မာငွေ နှစ်သောင်းအထိ ပေးဆောင်ခဲ့ကြရပါသည်။ လွန်ခဲ့သည့်လ၌ လက်ထောက် ဦးစီးမှူး ဦးရှိန်ဝင်းမှ နေ၍ ထိုစာအုပ် ပြုလုပ်ရန် အတွက် (၆၅၀၀)ကျပ်မှ (၈၀၀၀) ကျပ်အထိ တောင်းခံခဲ့ပြီး အလှူငွေထည့်ဝင် လှူဒါန်းခိုင်းကြောင်း မြဝတီမြို့ခံအချို့ တိုင်တန်းမှုများ ရှိခဲ့ပါသည်။
1112_thumb_medium500_315

ထိုစာအုပ် ကိုင်ဆောင်ထားခြင်းဖြင့် မြန်မာနိုင်ငံ နယ်စပ် မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို ့သို ့ ဝင်ရောက် အလုပ်လုပ် ကိုင်လိုသည့် အလုပ်သမားများ ထိုင်းရဲများ၏ စစ်ဆေးမှုများနှင့် အကြပ်ကိုင် ငွေတောင်းမှုများမှ ကာကွယ်နိုင်မည် ဖြစ်ပြီး အလုပ်လာရောက် ရှာဖွေရန်နှင့်  စျေးရောင်းစျေးဝယ်ရန် ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ပါသည်။

Most read this week