ကေအိုင်အိုနှင့် နအဖတွေ ့ဆုံမှုအခြေအနေ

ကေအိုင်အိုနှင့် နအဖတွေ ့ဆုံမှုအခြေအနေ
by -
ဖြူဖြူကို

ကချင်ပြည် လွတ်လပ်ရေးအဖွဲ ့ (KIO) နှင့် နအဖ ကိုယ်စားလှယ်အဖွဲ ့သည်၊ ပြီးခဲ့သည့် နိုဝင်ဘာ (၂၉) ရက်နေ့၌ တရုတ်နိုင်ငံ ရွှေလီမြို ့တွင် နှစ်ဖက် အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ ့ (KIO) နှင့် နအဖ ကိုယ်စားလှယ်အဖွဲ ့သည်၊ ပြီးခဲ့သည့် နိုဝင်ဘာ (၂၉) ရက်နေ့၌ တရုတ်နိုင်ငံ ရွှေလီမြို ့တွင် နှစ်ဖက် အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။ ထိုဆွေးနွေးပွဲ၌ ကချင်ပြည် လွတ်လပ်ရေးဖက်မှ KIO ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဦးဆောင် ဆွေးနွေးခဲ့သလို နအဖဖက်မှ ကချင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး၊ ဗိုလ်မှူးကြီး သန်းအောင်က ဦးဆောင်ပြီး၊ အမျိုးသား လွှတ်တော်အမတ် ဦးခက်ထိန်နန်ပါ တက်ရောက်ခဲ့ပါသည်။

Kachin_flagဆွေးနွေးချက် အသေးစိပ်အခြေအနေများကို မသိရသေးသော်လည်း၊ ကချင်ဖက်မှတင်ပြရာတွင်၊ ယခုဖြစ်နေသော ပြည် တွင်းစစ်ပွဲသည်၊ နိုင်ငံရေးအရ ဖြစ်ရှိနေသည့် စစ်ပွဲဖြစ်သည့်အတွက် အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေးအရ တွေ ့ဆုံဆွေးနွေးရေးဖြင့် ဖြေရှင်းသင့်သည်ဟု တင်ပြခဲ့သည်ဟု သိရပါသည်။ အသေးစိပ် အခြေအနေကို ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ယနေ့ထုတ်ဖေါ်ပြောကြားရန် ရှိနေပါသည်။

ဤတွေ ့ဆုံ ဆွေးနွေးမှုနှင့် ပါတ်သက်ပြီး ကေအိုင်အို ဥက္ကဌ ဦးတင်လန်းလ ကလည်း သဝဏ်လွှာ တစောင် ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ ၄င်းသဝဏ်လွှာ ထဲ၌လည်း နိုင်ငံရေး အရ ဖြေရှင်း သင့်ကြောင်းအကြံပြုထားပါ သည်။ သဝဏ်လွှာအပြည့်အစုံမှာ

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို ့တွေ့ဆုံဆွေးနွေးပွဲတွင် KIO ဥက္ကဌမှ တင်ပြ ဆွေးနွေးချက်များ                                                                        နေ့စွဲ။ ။ ၂၀၁၁
ခုနှစ်၊ နိုဝင်ဘာလ၊ ၂၉ ရက်။

ယခုလို တွေ့ဆုံနိုင်ဘို့ ကြွရောက်လာကြတဲ့ ခေါင်းဆောင်များ အားလုံးကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါတယ်။ ပြည်ထောင်စု တစ်ခုလုံးမှာ ငြိမ်းချမ်းသာယာစေဘို့ ရည်ရွယ်ချက် တူညီမှုကြောင့် ခုလိုတွေ့ဆုံနိုင်ခြင်းဖြစ် တယ်လို့ ယုံကြည်ပါတယ်။

၂၀၁၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ကနေ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားမှာပဲ KIO နဲ့ အစိုးရအသစ်ရဲ့ ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေး ခဲ့ကြသလို ကျွန်တော် KIO ဥက္ကဌ အနေနဲ့ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဆီိကို စာရေး အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။

KIO ရဲ့ လိုလားချက်များကို ကချင်ပြည်နယ် တည်ငြိမ်းအေးချမ်းမှု ညှိုနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်အဖွဲ့နဲ့ တွေ့ ဆုံစဉ်မှာ အပြည့်အစုံ တင်ပြခဲ့ပြီး ဖြစ်သည် သာမက နေ့ စွဲ ၂၀၁၁ ခုနှစ် နိုဝင်ဘာ (၁၅) ရက်နေ့တွင် KIO ဥက္ကဌမှ သမ္မတ ဦးသိန်းစိန်အား လိပ်မူပြီး ရေးသားတဲ့ စာထဲ မှာလည်း ထပ်မံ တင်ပြထားပြီး ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့မှာ KIO ဥက္ကဌ ဦးတင်တန်းလ ဦးစီးတဲ့ အဖွဲ့နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့တွေ ထိုင်းနိုင်ငံမှာ တွေ့ဆေုံဆွေးနွေးခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

KIO ရဲ့ သဘောထားအမြင်ကို ထပ်ပြီးပြောလိုပါတယ်။

(၁) ကချင်ပြည်နယ် သာမက ရှမ်းပြည်နယ်၊ ကရင်လူမျိုးများနေထိုင်ရာ ဒေသများမှာ ဖြစ်ပွားနေတဲ့ ပြဿနာရဲ့ အဓိက အကြောင်းအရာများကို ဆန်းစစ်ကြည့်မယ်ဆိုရင် နိုင်ငံရေး စနစ်ကြောင့် ဖြစ်ပွားလာတဲ့ ပြဿနာဖြစ်ပါတယ်။

(၂) နိုင်ငံရေးကြောင့် ဖြစ်လာရတဲ့ ပြည်တွင်းစစ်ရဲ့့ ပြဿနာအားလုံးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်ပါတယ်။

(၃) စစ်ရေးနည်းနဲ့သာ ဆက်လက်ဖြေရှင်းသွားမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
kio_chirman

ဒီကနေ့ ခုလိုတွေ့ဆုံတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ပိုမို ရှင်းရှင်းလင်းလင်း ဆွေးနွေး နိုင်ဘို့ ရည်ရွယ်သော ကြောင့် KIO ဥက္ကဌဖြစ်တဲ့ ကျွန်တော် ကိုယ်တိုင် လာရောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။

ဒါကြောင့် KIO ဥက္ကဌအနေနဲ့ ဒီကနေ့တောင်းဆိုလိုတာကတော့ နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် နိုင်ငံရေး ဆွေးနွေးမှုများ စတင်ပြုလုပ်သွားဘို့ အလေးအနက် တောင်းဆိုအပ်ပါတယ်။

ဥက္ကဌ

 KIO

Most read this week