အိမ်တွင်း အကြမ်းဖက်မှု ပပျောက်ရေး အတူလက်တွဲ ဆင်နွှဲပေး

အိမ်တွင်း အကြမ်းဖက်မှု ပပျောက်ရေး အတူလက်တွဲ ဆင်နွှဲပေး
by -
ရွှေဟင်္သာ

နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင် စံခလဘူရီမြို ့၌ အခြေစိုက် သည့်  VAW  Team Sanghlaburi အဖွဲ့ကအိမ် တွင်း အကြမ်းဖက်မှု ခေါင်စဉ်ဖြင့် Pose Ten မွန် ပညာရေးရုံး၌ ဆွေးနွေးပွဲ ပြုလုပ်သွားခဲ့ပါသည်။

နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင် စံခလဘူရီမြို ့၌ အခြေစိုက်သည့်  VAW  Team Sanghlaburi အဖွဲ့က အိမ်တွင်း အကြမ်းဖက်မှု ခေါင်စဉ်ဖြင့် Pose Ten မွန်ပညာရေးရုံး၌ ဆွေးနွေးပွဲ ပြုလုပ်သွားခဲ့ပါသည်။ အဆိုပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကို အကောင်ထည်ဖေါ်သည့် နေရာမှာ အမျိုးသားများ အတူလက်တွဲ ပါဝင်သင့်သည်ဟု VAW  Team Sanghlaburi အဖွဲ့မှ ပြောကြားလိုက်ပါသည်။

R_02“ကျွန်မတို့က အိမ်းတွင်း အကြမ်းဖက်မှုကို ဦးစားပေး ဆွေးနွေးသွားပါတယ်။ “အကြမ်းဖက်ရေး အစ ပြည်တွင်းရေးက” အဆိုအတိုင် ယ္ခုကျွန်မတို့ လက်ရှိ ရင်ဆိုင်နေရသည့် အဓိကပြဿနာပင် ဖြစ်ပါတယ်။ ဒါတွေကို မြင်သာမှုရှိအောင် အိမ်တွင်းရေးမှ စတင်ဖေါ်ပေး လိုက်ခြင်းဖြစ်တယ်။”ဟု အမည်မဖေါ်လိုတဲ့ မွန်အမျိုးသမီး အဖွဲ့ခေါင်းဆောင်က ပြောပါသည်။

ပြည်တွင်း စစ်ပွဲကြောင့် တိုင်းရင်းသား ဒေသများ အတွင်းက အမျိုးသမီးများ  အကြမ်းဖက် ခံနေရပါသည်။ လတ်တလော အခြေအနေကို ပြောရလျှင် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် အမျိုးသမီးများ အပါ၀င် စစ်ပြေး ဒုက္ခသည် ရဝဝ ကျော် ရှိသွားပြီး ဖြစ်ပါသည်။ ဤသည်လက်ရှိ အစိုးရ သစ်လက်ထက်၌ပင် အစိုးရ တပ်များ နှင့် ရှမ်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသား လက် နက်ကိုင်တပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ၈၁ ဦးခန့် အဓမ္မပြုကျင့်ခံခဲ့ရပြီး ထိုအထဲမှ ၃၆ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေး အသင်း နှင့် ကချင်အမျီုးသမီး အစည်း အရုံးတို့က သတင်းထုတ်ပြန်ထားပါသည်။

“အကြမ်းဖက်မှုပြုသူဟာ အများစုက အမျိုးသားများ ဖြစ်ပါတယ်။ အထက်မြန်မာပြည် နယ်စပ်တလျှောက်မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲပဋိပက္ခ အားလုံးဟာ အကြမ်းဖက်ခြင်းကနေ စတာပါပဲ။ အဲဒီအထဲက အခံရဆုံးက ကျွန်မတို့ အမျိုးသမီနှင့် ကလေး တွေပါပဲ။” ဟု စံခလဘူရီရှိ ဘန်းတွန်ယန်းဒုက္ခသည်စခန်းမှ အမျိုးသမီး တစ်ဦး ကပြောပါသည်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ထိုင်နိုင်ငံ၊ ချင်းမိုင်မြို့၊ ချင်းမိုင်ထောင် ဘေးရှိ၊ ဇာလာ ဂန်ရမှာလည်း ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနား၌ ချင်းမိုင်အမျိုး သမီးမြို့တော် ဝန်က တက်ရောက် မိန့်ခွန်းပြောကြားသွားပြီး MAP အဖွဲ့နှင့် BWU အဖွဲ့မှ အမျိုးသမီးများလည် တက်ရောက် ကြောင်း သိရှိရပါသည်။
R_01
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ကျင်းပခဲ့သော Villaine Aganes Women Sangkhlaburi  အဖွဲ့သည် မွန် အမျိုးသမီး (NGO ၄)ဖွဲ့နှင့် အခြားသော အသက် (၂၅) နှစ်အောက် မွန်အမျိုးသမီး ငယ်များ ဖြင့် (၂၀၀၉) ခုနှစ်၌ စုဖွဲ့ထားသည့်အဖွဲ့ဖြစ်ပါသည်။ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ ့WLB နှင့် တိုက်ရိုက် ဆက်သွယ်မှုရှိပြီး ထိုင်နိုင်ငံ၊ ကန်ချနဘူရီ၊ သင်္ခဘူရီ နယ်စပ်တလျှောက်၌ ဖြစ်ပေါ်နေသည့် အမျိုးသမီးအများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုကို အစဉ်တစိုက်ဆောင်ရွက် ပေးနေပါသည်။

ကမ္ဘာပေါ်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်း အကြမ်းဖက်မှုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရသည်  ဖြစ်သောကြောင့် နိုဝင်ဘာလ (၂၅) ရက်နေ့ကို နိုင်ငံတကား အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်လိုက်ရပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး သင်္ကေတသည်ဖဲကြိုး အဖြူရောင် ဖြစ်ပါသည်။

Most read this week