ကချင်စစ်ပြေး ဒုက္ခသည်များကိုအကူ အညီ ပေးသွားရန် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော မွန်လူငယ် ဖောင်းဒေးရှင်း MYF (Mon Youth foundation) ၏ online အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ပါသည်။
ကချင်စစ်ပြေး ဒုက္ခသည်များကို အကူအညီ ပေးသွားရန် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော မွန် လူငယ် ဖောင်းဒေးရှင်း MYF (Mon Youth foundation) ၏ online အစည်း အဝေးတွင် ဆုံးဖြတ် ခဲ့ပါသည်။ အကူ အညီများမှာ ကချင်ဒုက္ခ သည်များ၏ လိုအပ်ချက်အပေါ် မူ တည်ပြီး ကူညီသွားမည်ဟု ဖေါင်ဒေးရှင်းအဖွဲ့ဝင် မွန်လူငယ် တစ်ဦးက ယမာန်နေ့က ပြောကြား ခဲ့ပါသည်။
“ကျမတို့ကတော့ ကချင်အဖွဲ့နဲ ့ဆက်သွယ် နေပါတယ်၊ သူတို့ရဲ့ အကြောင်းပြန်ချက်ကို စောင့်နေ ပါတယ်။ သူတို့တတွေ ဘာလို နေလဲပေါ့။ ဥပမာဆိုရင် ဒီအချိန်ဟာ အေးလာ နေပြီလေ၊ အနွေးထည်လိုလား စသဖြင့် ပေါ့နော်။ အဲဒါကို ကူညီဖို့ပါ။ တကယ်တော့ ကချင်လူထုတွေ ခံစားနေရတဲ့ ပြည်တွင်းစစ်ရဲ့ ဒဏ်ကို ကျမတို့ လည်း ခံစား ခဲ့ရဘူးတော့ သိတယ်လေ ဘယ်လောက် ခက်ခဲတယ်တာ ဒါကြောင့် ၀ိုင်းပြီး အကူအညီ ပေးဖို့ ဖြစ်ပါတယ်”ဟု ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်သူ မိအိုင်စွန်းက ပြောကြား သွားပါသည်။
ကချင် လွတ်လပ်ရေးအဖွဲ ့(KIO)နှင့် အပစ်အခတ် ရပ်စဲထားရာမှ အစိုးရက ပြန်လည် တိုက်ခိုက် လာသည့် အတွက် ၂၀၁၁ ခုနှစ် ဇွန်လမှစပြီး နှစ်ဖက်အကြား ပြင်းထန်စွာ တိုက်ပွဲ ဖြစ်လာခဲ့ပါသည်။ ထိုကြောင့် ကချင်ဒေသခံများ သောင်းနှင့်ချီ သောကချင်အရပ်သား ဒုက္ခသည်များ တရုတ်နိုင်ငံ နယ်စပ်နှင့် လိုင်ဇာ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ ဋ္ဌာနချုပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်ပါသည်။
ဤဒုက္ခသည် များအတွက် အကူအညီမပေးရန်၊ အစိုးရမှ ပြည်တွင်း NGO အဖွဲ့များကို တားမြစ်ပိတ်ပင်ခဲ့ ပါသည်။ ဤသို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလတွင် မလေးရှားနိုင်ငံရောက် ကချင်လူမှု အဖွဲ့အစည်း များက ဒုက္ခသည် ရံပုံငွေတရပ် ကောက်ခံကာ အကူအညီ ပေးခဲ့သော်လည်း အကူအညီမှာ လိုအပ်နေဆဲ ဖြစ်ပါသည်။ အလားတူ ကချင် ဒုက္ခများနည်းတူ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသော မွန်ဒုက္ခသည် များကိုလည်း အကူအညီ ပေးသွားမည်ဟု ဆိုပါသည်။
မွန်လူငယ်အဖွဲ့သည် ၂၀၁၀ ဧပြီလ (၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သော မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့၏ စစ်ရေးအခြေအနေ တင်းမာမှု၌ ထိုင်းမြန်မာ နယ်စပ်သို့ မွန်ဒုက္ခသည် (၆၀၀) ကျော် ထွက်ပြေးခဲ့သည့် အချိန်တွင် လိုအပ်နေသည့် အိမ်သုံးပစ္စည်းများ၊ စားစရာများ၊ ကလေးများအတွက် ကျောင်းနေစရိတ်၊ ကျောင်းဝတ်စုံနှင့် အသုံးဆောင် ပစ္စည်းများ အကူအညီပေးခဲ့ပါသည်။ MYF (Mon Youth Foundation) မွန်လူငယ်ဖေါင်းဒေးရှင်း အဖွဲ့သည် နိုင်ငံတကာရောက် မွန်လူငယ်များဖြင့် ၂၀၀၈ ခုနှစ်တွင် စုဖွဲ့ထားသော အဖွဲ့အစည်းဖြစ်ပါသည်။



