ငြိမ်းချမ်းရေးကာလအတွင်း ဆိုးကျိုးများကိုရှောင်ရန် ECDF ဆွေးနွေး

ငြိမ်းချမ်းရေးကာလအတွင်း ဆိုးကျိုးများကိုရှောင်ရန် ECDF ဆွေးနွေး
by -
ကန္တာရဝတီတိုင်း(မ်)

အခုမြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလမှာ တိုင်းရင်းသားဒေသအသီးသီးမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတရပ်ကို တိုင်းရင်းသားလူမျိုး လူထုဖွ့ံဖြိုးရေးဆုံရပ် ECDF အဖွဲ့မှ ထိုင်း - မြန်မာ နယ်စပ်တနေရာမှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

ecdf-news

တိုင်းရင်းသားပေါင်းစုံနဲ့ ပါ၀င်ဖွဲ့စည်းထားတဲ့ ECDF (Ethnic Community Development Forum)မှ အတွင်းရေးမှူး စိုင်းခေးဆိုင်က ဆွေးနွေးပွဲနဲ့ပါတ်သက်ပြီး ယခုလိုပြောပါတယ်။

“ကျနော်တို့ ဒီမြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပေါ့နော။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဖြစ်စဉ် လုပ်နေတဲ့ဖြစ်စဉ်တွေထဲမှာ ပြည်သူလူထုအတွက် ဘယ်လောက်အကျိုးပြု မှုရှိပြီလဲ ဘယ်လောက် အတိုင်းအတာ ထိရှိပြီလဲ။ ဘယ်လိုမျိုးလုပ်လို့ရှိရင် ဘယ်လိုမျိုး အကျိုးပြည်သူလူထုအတွက်ဘယ်လိုမျိုး အကျိုးပြုမလဲဆိုတဲ့ ဟာကျနော်တို့ဆွေနွေးပြီးတော့ အဖြေရှာ ကြပါတယ်။”

ငြိမ်းချမ်းရေးကာလအတောအတွင်း  ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ဒေသခံတွေရဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှုနဲ့ ပါတ်သက်ပြီး အဓိကထားဆွေးနွေး ကြတယ်လို့ဆိုပါတယ်။

“ကျနော်တို့ ဒီလယ်ယာမြေသိမ်းဆည်းမှုကိစ္စကို ကျနော်တို့ မီးမောင်းထိုးပြီးတော့ အဓိကဆွေးနွေးခြင် းဖြစ်တယ် ဒီလယ်ယာသိမ်းဆည်းမှုဆိုတာကလဲ အရင့်အရင်တုန်းကလဲ ဖြစ်ဖူးတယ်နောက်အခုကလဲအစိုးရ တွေ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုလို့ရှိရင် မြေယာသိမ်းဆည်းမှုတွေလဲ ထပ်ဖြစ်ပေါ်လာမှာစိုးရိမ်တဲ့ အတွက်ကြောင့် ကျနော်တို့ ဆွေးနွေးခြင်းဖြစ်တယ်ပေါ့နော်” လို့ ECDF ရဲ့ ဥက္ကဌဖြစ်တဲ့ ဆရာစိုးဝင်းကပြောပါတယ်။

ငြိမ်းချမ်းရေးကာလမှာ ဖွံ့ဖြိုးရေးကိုအခြေခံတဲ့ စီမံကိန်းလုပ်ငန်းတွေကြောင့် ဒေသခံလူထုတွေရဲ့လယ်ယာမြေ သိမ်းဆည်းခံရမှုအပေါ်မှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြန်ရရေး၊ နောက်ထပ် သိမ်းဆည်းမခံရအောင် ကာကွယ်လုပ်ဆောင်နိုင်ရေးတို့ကို လူထုအတွင်း ချပြနိုင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ဆရာစိုးဝင်းက ဆက်ပြောပါတယ်။

“ဒါကိုလူထုတွေကို အသိပေးပညာပေးရမှာပေါ့နော် ဒါမှလူထုရဲ့ ဆုံးရှံုးသွားတဲ့ ယာတွေကို ကျနော်တို့ ပြန်လည်ရရှိမယ် နောက်ထပ်ပြီးတော့ မဆုံးရှံုးရလေအောင် ကာကွယ်နိုင်အောင် ဆိုပြီးတော့မှ ကျနော်တို့ စည်းရုံးလုပ်ဆောင်သွားဖို့ လိုတယ်ပေါ့နော် ကျနော်တို့အဲဒါ ဆက်လုပ်နေဖို့ ကျနော်တို့မှာတာဝန်ရှိတယ်လို့ ကျနော်မြင်တယ်လေ”

ဒီဆွေးနွေးပွဲကို ECDF အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ကြတဲ့ ကချင်ဖွံ့ဖြိုးရေးကွန်ယက်၊ ကရင်ကယ်ဆယ် ရေးနဲ့ဖွဲ့ဖြိုးရေးအဖွဲ့၊ ကရင်နီလူမှုဖွံ့ဖြိုးရေးကဏ္ဍ၊ ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်၊ မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး၊ ရခိုင်လူငယ်များနှင့်ကျောင်းသားများသမဂ္ဂ၊ ရှမ်းကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေး အဖွဲ့တို့က မိမိတို့တိုင်း ရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုပ်ငန်းအကြောင်းအရာတွေကို တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ECDF အဖွဲ့ကို ၂၀၀၄ ခုနှစ်က တိုင်းရင်းသားလူမျိုးပေါင်းစုံ အဖွဲ့အစည်းတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တိုင်းရင်းသားဒေသမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို လာရောက်ဆွေး နွေး တိုင်ပင်ကြပြီးလူထုဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို စည်းရုံးလှု့ံဆော်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။