ကရင်နီပြည်အတွင်း အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း စောင့်ကြည့်လေ့လာနိုင်ဖို့အတွက် ဘက်လိုက်မှုမရှိ တဲ့ ကော်မီတီ အသစ်တရပ် ပြန်လည်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ခူးဒယ်နီယာက `အပြင်ကသံသယလည်းရှိတယ် လေ။ ဥပမာ - KNPP ကလည်း စာရေးလာတာက ဒီကော်မီတီက ကြားနေမယ့် အဖွဲ့အစည်းမျိုး မဖြစ်နိုင်ဘူး။ စာလည်းရေးလာတယ်။ သံသယရှိတယ်။ နောက်လူထုကလည်း သံသယ ရှိလာတယ်ဆိုတော့သံသယရှိ နေရင် မကောင်းဘူးပေါ့။ ဒီအဖွဲ့ကို ဖျက်သိမ်းပြီးမှ လွတ်လပ်တဲ့ ကော်မီတီ ဖွဲ့စည်းဖို့ ဆွေးနွေးကြတယ်` လို့ ပြောပါတယ်။
ယမန်နေ့ ဇူလှိုင်လ ၈ ရက်နေ့မှာ ဘက်လိုက်မှု မရှိတဲ့ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း လေ့လာစောင့် ကြည့်ရေး ကော်မီတီကို ပြည်လည်ဖွဲ့စည်းဖို့ ပြည်နယ်အစိုးရရုံးမှာ အစည်းအဝေးပြုလုပ်ပြီးတဲ့နောက်မှာ ခူးဒယ်နီယာက ပြောသွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ် ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးတဲ့နောက်မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ - KNPPနဲ့ အစိုးရ ၀န်ထမ်းတချို့က စစ်လေ့ကျင့်ရေးကျောင်း လေ့လာစောင့် ကြည့်ဖို့အတွက် ကော်မီတီတရပ် ဖွဲ့စည်းခဲ့ကြပြီးဖြစ်ပါတယ်။
ကော်မီတီနဲ့ ပါတ်သက်ပြီး ဘက်လိုက်မှုတွေ ရှိနိုင်တယ်လို့ လူထုတွေက သံသယရှိတယ်လို့ မြို့နယ် ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။
၎င်းက “အစီရင်ခံထွက်ဖို့ဆိုရင် ကြားနေအနေနဲ့ လှုပ်ရှားဖို့အများကြီးလိုသေးတယ်။ အကယ်၍ ထွက်တာမ မှန်ဘူးဆိုရင်လည်း မဖြစ်ဘူးလေ။ အစီရင်ခံစာတစောင်က လွတ်လပ်ရမယ်။ ဘယ်ဖက်ရဲ့ ဖိအားပေးမှုမရှိရ ဘူးဖြစ်ရမယ်။ အခုက အစီရင်ခံစာတစောင် ဖတ်ကြည်တော့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းက ပိုများနေတယ်။” လို့ ပြောပါတယ်။
ခူးဒယ်နီယာက “စစချင်းကတော့ အစီရင်ခံစာရေးဖို့ပဲ။ ဒါပေမယ့် ရေးလို့ အဆင်မပြေဘူးလေ။အဆင်မပြေ ဘူးဆိုတာက ကရင်နီ (KNPP) လဲ ကိုယ်တိုင်ပါတယ်။ ဟိုဖက်မှာလည်း အစိုးရ ၀န်ထမ်းဖြစ်တော့ ကိုယ်လိုချင်တဲ့ ပုံစံမျိုးပဲ ရေးဖို့ ရှိတာပေါ့။ ဆိုတော့ ညှိလို့ သိပ်အဆင်မပြေဘူး” လို့ ပြောပါတယ်။
ပြည်သူလူထုရဲ့ဆန္ဒ လေ့လာသုံးသပ်နိုင်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့ကနေပြီး သမ္မတထံ ဇူလိုင်လ ၁၀ရက်နေ့နောက် ဆုံးထား တင်ပြဖို့ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဖက်အစိုးရက သဘောတူထားကြပြီး ဖြစ်ပါတယ်။



